ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့်ရှိတော့မယ်

စည်းကြပ်မှုမှ လွတ်ကင်းနေသာ (ဝင်ငွေရလမ်း မဖော်ပြနိုင်သော) အခွန်ထမ်းပြည်သူတွေအပေါ် ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့်ရှိတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) က အသိပေးထားပါတယ်။
ကိုဗစ်ကြောင့် နှောင့်နှေးလျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြည်လည်တိုးတက်မှု ရှိလာစေဖို့ ၂၀၂၁ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ ဝင်ငွေများအတွက် သက်ညှာတဲ့ အခွန်နှုန်းထားတွေနဲ့ သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။
၂၀၂၁ အခွန်အကောက်ဥပဒေအရ ကျပ်သိန်း ၁၀၀၀ အထိ ပေးဆောင်ရတဲ့ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်း ပေးဆောင်ဖို့ ပြဋ္ဌာန်းထားပြီး ကျပ် ၁၀၀၁ သိန်းမှ သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ် ၃၀၀၁ သိန်းမှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၁ သိန်းမှ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် ၃၀၀၀၁ သိန်းအထက်ကိုတော့ ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ်။
IRD ဘက်က ကိုဗစ်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကုစားနိုင်ဖို့နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ အခွန်အကောက်ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ကာ ဖော်ပြခဲ့တဲ့ သတ်မှတ်ချက်အတိုင်း စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တွေကို ပြင်ဆင်ပေးခဲ့ပါတယ်။
IRD ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အခွန်ဝင်ငွေရရှိမှုက ကျပ် ၄.၇၄၅ ထရီလီယံ ရရှိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရရှိမှုထက် ၃၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ IRD က အခွန်ဝင်ငွေ ကျပ် ၇.၂၉၆ ထရီလီယံရရှိခဲ့ပြီး အခွန်အမျိုးအစားအစုံမှ ရရှိငွေ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
IRD ရဲ့ ဖော်ပြချက်မှာ ဝင်ငွေခွန်က ကျပ်ငွေ ၁၄၈၈ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ် ၅၅၂ ဘီလီယံ၊ အထူးကုန်စည်ခွန်က ကျပ် ၄၄၉ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃၃ ဘီလီယံ၊ အောင်ဘာလေထီခွန် ကျပ် ၇၅ ဘီလီယံ၊ ကျောက်မျက်ရတနာခွန် ကျပ် ၉ ဘီလီယံ ကာလတူထက် လျော့နည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုအတွင်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ ဝင်ငွေခွန်အပါအဝင် အခွန်များ အပြည့်အဝရရှိမှု မရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
BETV Business
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး
ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...