ကာမလိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ (၄၁၇)

11-Mar-22 အခြား
ကာမလိမ်လည်မှု  ရာဇသတ်ကြီးပုဒ်မ (၄၁၇)

 

ကာမလိမ်လည်မှု ပုဒ်မ (၄၁၇) ကတော့

ကာမကို မယုံ ယုံအောင်ပြော၊ ယုံကြည်အောင် စည်းရုံး၊

ယုံကြည်အောင် လက်ထပ်ယူမယ်လို့ ကတိကဝတ်ပြုပြီး

အမျိုးသမီးတွေဆီက ကာမ ရယူကာ လက်မထပ်တဲ့

ပုဒ်မဖြစ်ပါတယ်။

ဥပဒေမှာ ကာမလိမ်လည်မှုဆိုတာ

သီးသန့်ပြဋ္ဌာန်းထားတာ မရှိဘူး၊

မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေမှာတော့ ပုဒ်မ (၄၁၇) ၊

လိမ်လည်မှုနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတယ်။ ငွေပဲလိမ်လိမ်၊ ကာမပဲလိမ်လိမ်၊ ထောင်ဒဏ် ၃ နှစ်ကနေ ငွေဒဏ်ပါ ချနိုင်တယ်။

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုတဲ့အခါမှာ

အဓိကအနေနဲ့ အခက်အခဲကတော့

သက်သေ အထောက်အထား ဖြစ်ပါတယ်။

ကာမလိမ်လည်မှုတွေဟာ

သမီးရည်းစားတွေမှာ အဖြစ်များပြီး၊

အသက် ဆယ်ကျော်သက်အရွယ်ကနေ

အသက် ၃၀၊၄၀ နှစ်အရွယ်အထိဖြစ်နေတယ်

လို့လည်း သိရပါတယ်။

ဖြစ်လာခဲ့ရင် မိန်းကလေးဘက်က နစ်နာသလို

ယောက်ျားလေးဘက်ကလည်း အချုပ်ကျ၊ထောင်ကျဖြစ်သွားမယ် ။

အတုမြင် အတတ်သင်တဲ့ခေတ်၊ ဖုန်းတွေသုံးနေတဲ့

ခေတ်မှာ ကိုယ့်သားသမီးတွေ ဘာတွေလုပ်နေသလဲဆိုတာ မိဘတွေသိသင့်ပါတယ်။ ယောကျာ်းတွေကလည်း ကိုယ်ကျူးလွန်ပြီးရင်တော့ တာဝန်ယူတဲ့စိတ်တွေ

ရှိသင့်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၄၁၇ အကြောင်း

၎င်းပုဒ်မ အားမြင်သည်နှင့်

၈၀ ရာနှုန်းသော သူများ မှာ "ကာမလိမ်လည်မှု့ " ဟု သာ

အသိများကြလေ၏ ။

တရားလို မှာ အမြဲတစေ အမျိုးသမီး ဟု ယူဆကြ၍

တရားခံ မှာ ယောက်ျား ဟုသာ

အမြဲတစေ တွေးကြလေ၏ ။

အဆိုးရွားဆုံး လွဲမှားသော ယူဆချက်မှာ

"ရာဇသတ်ကြီး ၄၁၇အား ယောက်ျားဘက်မှစွဲမရ "ဟု

ဥပဒေအားလွဲမှားစွာမြင်ကြလေသည်။ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ သည် ရာဇသတ်ကြီး

အခန်း ၁၇ " ပစ္စည်းကိုထိခိုက်သော ပြစ်မှု့များ " ထဲ ပါဝင်လေ၏။

"လိမ်လည်မှု " ခေါင်းစဉ်အောက်၌ ရှိသည်။

ကာမ လိမ်လည်မှု အတွက် မဟုတ်ချေ။

ဒါဆို ဘာ့ကြောင့် ကာမလိမ်လည်မှု အနေနှင့်စွဲရသနည်း။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၁၅ အရ ဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၅ ဒုတိယပိုင်း နှင့် အကျုံး၀င်ရန် -

(၁)တရားခံက တစ်ဦးတစ်ယောက်အားလှည့်ဖြားခြင်း၊

(၂)လှည့်ဖြားခြင်းခံရသူက အရာတခုကိုပြုခြင်း သို့မဟုတ်

ပြုရန်ပျက်ကွက်ခြင်း၊

(၃)လှည့်ဖြားခြင်း မခံရခဲ့သော် ထိုသူသည်

ထိုအရာကို ပြုမည် မဟုတ်ခြင်း သို့မဟုတ် ပြုရန် ပျက်ကွက်မည်မဟုတ်ခြင်း၊

(၄)တရားခံက ထိုသူအား တမင်သွေးဆောင်ခြင်း ။

(၅)ထိုသူ၏ပြုလုပ်မှု သို့မဟုတ်

ပျက်ကွက်မှုကြောင့် ၄င်း၏

ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေ ကို ဖြစ်စေ၊

ပစ္စည်းကိုဖြစ်စေ၊ ပျက်ဆီးနစ်နာ စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း စသည့်အင်္ဂါရပ်များ ရှိရန် လိုပေသည်။

ထို ထုံးဖွဲ့မှု မှစတင် ၍ ၄၁၇ အား ကာမလိမ်လည်ခံရ၍

နစ်နာသူမှာ ကိုယ် ။ စိတ် ၊ ဂုဏ် ကို ထိခိုက် ပျက်ဆီး နစ်နာ

ခဲ့ပါလျှင်. . .

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ မြောက်သည်. . .

ဟူ၍ ထုံး၌ သုံးသပွ၍ထားလေ၏ ။

ပုဒ်မ ၄၁၇ တရားလို ယောက်ျား ဖြစ်ထိုက် / မဖြစ်ထိုက်။

ရာဇသတ်ကြီးဥပဒေ ၄၁၅ ၌

"ထိုသူ၏ " ဟု ဖော်ပြချက်အရ

ပုဒ်မ ၈ အရ "ထိုသူ" ဆိုသည့်စကားရပ်ကို အသုံးပြုထား သဖြင့်

တရားလိုသည် ယောင်္ကျားလည်း ဖြစ်နိုင်သည်။ မိန်းမလည်း ဖြစ်နိုင်သည်။

တဖန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၇ ၊

၃၄၈ အရ ဥပဒေအကာကွယ် ရလိုသည့်

တရားလိုအား ယောက်ျား ၊ မိန်းမ ခွဲခြား ၍ မရပါ။

ဥပဒေသည် မျှတရသည်။ တဖက်သတ် မလုပ်ရပေ။

{{ 1972. ,B.L.R. 15 }}

သို့ပါ၍ နစ်နာသူ တရားလိုမှာ ယောက်ျားများလည်းရှိနိုင်ကာ

ဥပဒေအခွင့်အရေး အား တောင်းခံနိုင်ရန်လိုအပ်သည်။

Cause of action သာထင်ရှားနေပါလျှင် တရားလိုသည်

ယောက်ျားဖြစ်ပါက တရားစွဲမရ ဟု ငြင်းဆန်ပြောဆိုရန်အကြောင်းမရှိချေ။

ယောက်ျားများအား ကာမ လိမ်လည်ရယူကာ

ကိုယ်၊ စိတ်၊ ဂုဏ် ပျက်ဆီးဆုံးရှုံးနစ်နာစေခဲ့သော်

ယောင်္ကျားလေးဘက်မှလည်း မိမိ၏ကာမကို လိမ်လည်ရယူသွားသော အမျိုးသမီးကို

တရားစွဲဆိုနိုင်ပါကြောင်း ပါ

မူလရေးသားသူအား ရိုသေစွာcerditပါသည်။

 


 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate