စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ

13-Aug-21
စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ
တိုက်ခန်းအရောင်းအဝယ်ပြုလုပ်သည့် စာချုပ်တစ်ခုကို နမူနာဆောင်၍ တင်ပြပါမည်။
တိုက်ခန်းနေထိုင်သော တိုက်ခန်းရှင်က တိုက်ခန်းကို အပျောက်စနစ်အရ ရောင်းပါသည်။ တိုက်ခန်းဝယ်သူက ငွေအပြီးပေးချေ၍ အခန်းသော့ကို ခတ်ပါသည်။ သာမန်အားဖြင့်ဆိုပါမူ အရောင်းအဝယ်သဘောအရ တိုက် ခန်း ကို ဝယ်သူက ငွေကို အပြီးချေပါက တိုက်ခန်းရောင်းသူဘက်ကလည်း ရောင်းသောတိုက်ခန်းကို ဝယ်ယူသူသို့ ပေးအပ်လေ့ရှိပါသည်။
အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် ရောင်းသူ ဝယ်သူအသီးသီး၏ အမည်၊မှတ်ပုံတင် ၊ နေရပ်များ ပါရှိ ရပါမည်။ ရောင်းသောပစ္စည်း တိတိ ကျကျ ဖော်ပြပါရှိ ရပါမည်။ ရောင်းသောပစ္စည်းအတွက် တန်ဖိုးသတ်မှတ် ချက် ပါရှိရပါမည်။ ထိုနောက် ဝယ်သူ၏ ဆောင်ရွက်ချက် ရောင်းသူ၏ ဆောင်ရွက်ချက် များပါရှိရမည်လည်း ဖြစ်ပါသည်။ ဖော်ပြပါအချက်များသည် မလွဲမသွေ ပါရှိရမည့်အချက်များဖြစ်ပါသည်။
အချို့စာအုပ်များတွင် အရောင်းအဝယ်ပြုလုပ်သော ပစ္စည်းကို ဖော်ပြရာတွင် တိတိကျကျ မဖော်ပြဘဲ ဦးဖြူ၏ နေအိမ် တိုက်ခန်းကို ဦးမြက ဝယ်သူသည်ဆိုသော သဘောမျှသာ ဖော်ပြချုပ်ဆိုထားကြသည်ကိုလည်း တွေ့ဖူး ပါသည်။
ယခု တင်ပြမည့်အချက်မှာ ဝယ်သူ၏ ဆောင်ရွက်ချက်ရောင်းသူ၏ ဆောင်ရွက်ချက်များကို တိတိကျကျ မဖော် ပြဘဲ ချုပ်ဆိုခံသည့်အတွက် ပြဿနာ အငြင်း ပွားစရာ ဖြစ်လာခဲ့သည့် အဖြစ်အပျက်တစ်ရပ်ဖြစ်ပါသည်။
ဦးဖြူက ဦးမြအား ၎င်းပိုင် တိုက်ခန်းကို ရောင်းပါသည်။ စာချုပ် ချုပ်၍ ငွေပေးငွေယူလုပ်ကြပါသည်။ ဦးမြက ဝယ်သူပေးသော တိုက်ခန်းကို ၎င်းသော့ဖြင့် ခတ်ပါသည်။ နောက်သုံးရက်ခန့်ကြာသောအခါ ဦးဖြူသည် ဦးမြ ဝယ်ယူထားသော တိုက်ခန်းတွင် ပြန်လည်ရောက်ရှိနေပါသည်။ ဦးမြသိသဖြင့် သွားရောက်ပြောသောအခါတွင် အခြားတွင် အခန်းမရသေး၍ နေခြင်းဖြစ်သည်ဟု ဆိုပါ သည်။
ဤတွင် ဦးမြ မကျေမနပ်ဖြစ်ပါတော့သည်။ ရဲစခန်းသွားရောက်၍ မတရားကျူး ကျော် နေထိုင်ကြောင်း တိုင်ပါ သည်။ ရဲက ဦဖြူကို ခေါ်ယူစစ်ဆေးပါသည်။ ဦးဖြူက ၎င်း မတရားကျူးကျော်ဝင်ရောက်နေထိုင်ခြင်း မဟုတ် ကြောင်း အဆိုပါတိုက်ခန်းတွင် ၎င်းနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ပင် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဖြေရှင်းချက်ပေးပါသည်။
ဦးဖြူတိုက်ခန်းကို ဦးမြကို ရောင်းပြီးပြီဆိုသည့်အချက်နှင့် စပ်လျဉ်းရဲက မေးရာ ဦးဖြူက ရောင်ပြီးပြီမှာ မှန်ကြောင်း သို့သော် လက်ရောက် ပေးအပ်ခြင်းမရှိသေးကြောင်း အခြားတွင် အခန်းရှာနေဆဲဖြစ်ကြောင်း အခန်းရပါက ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ထုချေပါသည်။
ဦးဖြူနှင့် ဦးမြတို့နှစ်ဦးချုပ်ဆိုထားသော တိုက်ခန်းအရောင်းအဝယ်စာချုပ်ကို စစ်ဆေးကြည့်ရှုသောအခါ “ဦးဖြူ ပိုင်သော တိုက်ခန်းကို ဦးမြက ငွေကျပ် ၁၅၀၀၀၀၀( ကျပ်တစ်ဆယ့်ငါးသိန်း တိတိ) ဖြင့် ဝယ်ယူပါသည်။”ဟူ၍ သာ 
ပါရှိပြီး ရောင်းသူ၏ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ တစ်စုံတရာ ဖော်ပြချုပ်ဆိုထားသည်ကို မတွေ့ရ ဘဲ ရှိနေပါသည်။
ရောင်းသူ၏ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ တစ်စုံတရာ ဖော်ပြချုပ်ဆိုထားသည့်အချက် စာချုပ်တွင် မပေါ်လွင် သောကြောင့် ဦးမြသည် ဦးဖြူထံမှ အခန်းကို ၁၅၀၀၀၀၀ ကျပ်ဖြင့် ဝယ်ယူထားသည်မှာ မှန်သော်လည်း လက် ရောက်ရရှိပြီး ဖြစ် မဖြစ်ဆိုသည်မှာ စာချုပ်တွင် မပေါ်ပေါက်ဘဲ ရှိနေသည့်အတွက် ဦးမြ၏ စွပ်စွဲပြောဆို ချက် သည်ပင်အမှန်လော။ ဦးဖြူ၏ ထုချေ ဖြေရှင်းချက်သည်ပင် အမှန်လော ဆိုသည်ကို ဝေခွဲရခက်စေပါသည်။
ထိုကဲ့သို့ ဝေခွဲရခက်စေသည့် စာချုပ်မျိုး မဖြစ်ရလေအောင် နောက်စာ ချုပ်ချုပ်မည်ဆိုပါက အောက်ပါအတိုင်း ရောင်းသူ၏ ဆောင်ရွက်ချက်ကို တိတိကျကျ ထည့်သွင်းချုပ်ဆိုသင့်ကြောင်း အကြံကောင်းပြုအပ်ပါသည်။
“ယခု ဤစာချုပ် ချုပ်ဆိုသောနေ့မှာပင် အပိုင်ဝယ်ယူသူက ရောင်ဖိုးငွေကျပ် ၁၅၀၀၀၀၀( ကျပ်တစ်ဆယ့် ငါးသိန်း တိတိ) ကိုအပြီးအကျေ ပေးချေရာ အပိုင်ရောင်းသူကလည်း ရောင်းသော တိုက်ခန်းကို အပိုင်ဝယ်သူသို့ အပြီးလက် ရောက် လွဲှပြောင်းပေးအပ်ပါကြောင်း နှစ်ဦးနှစ်ဘက် ဝန်ခံကတိပြုကြပါ သည်။”_ _ _ ဟူသ တည်း။
(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၂၃ )
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate