တိုက်ခန်းကို ဝယ်ယူရန်အတွက်စရန်ပေးစာချုပ်ချုပ်ဆိုစဉ်ကတည်းက ငွေအကျေပေးချေခြင်းမပြုမီ အိမ်ငှားကို ဖယ်ပေးရန် ရောင်းသူထံမှ ကတိတောင်းခံရန်လိုအပ်မည်ဖြစ်သည်

တိုက်ခန်းကို ဝယ်ယူရန်အတွက်စရန်ပေးစာချုပ်ချုပ်ဆိုစဉ်ကတည်းက ငွေအကျေပေးချေခြင်းမပြုမီ အိမ်ငှားကို ဖယ်ပေးရန် ရောင်းသူထံမှ ကတိတောင်းခံရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့ ကတိပေးထားပါလျှက် အိမ်ငှားက မဖယ်ပေးဘူးဆိုလျှင် အဆိုပါအိမ်ငှားကို ဖယ်ရှားရန် တာဝန်သည် ရောင်းသူ၏တာဝန်သာဖြစ်ပြီး အကယ်၍ ၎င်းမှ သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ရောင်းသူ၏ ပျက်ကွက်မှုသာ ဖြစ်ပြီး စရန်ငွေပြန်ပေးရန်တာဝန်ရှိပေသည်။
သို့သော် စရန်ပေးစာချုပ်တွင် ငွေအကျေပေးချေပြီး လက်ရောက်လွှဲပြောင်းပေအပ်သည့်အခါ အိမ်ငှားပါဝင်ပြီး လက်ရောက်လွှဲအပ်မည်ဟုပေါ်ပေါက်နေလျှင် မူလရောင်းသူက အိမ်ငှားကို နှင်ပေးရန် တာဝန်မရှိတော့ လက်ရှိဝယ်ယူထားသူတွင်တာဝန်ရှိမည်ဖြစ်သည်။
ထိုအခါ ဝယ်ယူထားသည့် တိုက်ခန်းမှ အိမ်ငှားကို ဖယ်ရှားရန်အတွက် ရှေးဦးစွာ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ-၁၀၆ နှင့်အညီ အငှားချထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးရပါမည်။
ထို့အပြင် ဝယ်ယူသူကလည်း သူအမှန်တစ်ကယ်နေဖို့ ဝယ်ယူခြင်းဖြစ်သည့်အတွက်ကြောင့် နေဖို့အတွက်ကို အဆိုပါတိုက်ခန်းကို ပြန်လည်လက်ရောက်ရယူရပါမည်ဖြစ်ကြောင်း ၁၉၆၀ ပြည်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၂ (၁) ( စ ) နှင့်အညီ အိမ်ငှားနှင်လိုမှုတရားစွဲဆိုပြီး အဆိုပါဝယ်ယူထားသည့်တိုက်ခန်းကို လက်ရောက် ပြန်လည်ရယူရမည်ဖြစ်ပါသည်။
ထို့ကြောင့် အိမ်ငှားရှိသောတိုက်ခန်းကို ဝယ်ယူသည့်အခါ အရောင်းအဝယ်စရန်စာချုပ်တွင် အသေအချာထည့်သွင်းချုပ်ဆိုရန် အရေးကြီးပေသည်။
ကူးယူဖော်ပြပါသည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...