မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။

မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။ဝယ်သူကလင်မယား( ၂ )ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်း နာမည်သာ ထည့်လိုကြောင်း ပြောလာပါတယ်။�ဘာကြောင့်လင်မယား( ၂ )ယောက်အမည် မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှုပါ။ သူတို့ အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။�ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါ ဆရာရယ်တဲ့။ နားလည်မှုရှှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူ နေရာမှာမိန်းမဖြစ်သူအမည်ကိုပဲ ထည့်ပြီး သက်သေနေရာ မှာတော့ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။�မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ဒါပေမယ့် ဥပဒေ ဗဟုသုတအဖြစ် ဆက်လက် တင်ပြလိုက်ပါတယ်။�မြန်မာဗုဒ္ဓဘာသာ လင်မယားများဖြစ်ပါက မည်သူ၏အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါတယ်။ မယားအမည် ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။�ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကို မခွဲရသေးလျှင်ကွာရှင်းပြီး နောက်မှ လင် သို့မဟုတ် မယား အမည်ဖြင့်ဂရမ်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက် တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးလုံး ပိုင်ဆိုင်ခွင့် ရှိပါသည်။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။��ထို့ကြောင့် အချုပ်ဆိုရသော် လင် သို့မဟုတ် မယား တစ်ဦးဦး၏အမည်ဖြင့် ဝယ်ယူသော်ငြား လက်ထက်ပွား ပစ္စည်းဖြစ်ပါကအမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါကြောင်းကို တင်ပြအပ်ပါသည်။
ကူးယူဖော်ပြပါသည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- "ကာမကိုလိမ်လည်ရယူမှု"
- လင်နှင့်မယားကွာရှင်းခြင်း
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
- အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်
- အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု
- #ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
- မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
- ''မယားကစွန့်ပစ် ၁နှစ်
- တော်လှန်ရေးကာလမှာ
- ခဏခဏလာမေးကြလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Related Posts

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။
1. လူမျိုးခြား ဗုဒ္ဓဘာသာတူ လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ ဗုဒ...

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း
(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ
အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...