အောင်သွယ်တော် မြှားနတ်မောင်/ မယ် များဖတ်ဖို့

အောင်သွယ်တော် မြှားနတ်မောင်/ မယ် များဖတ်ဖို့
*************************************
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၈
****************************
# ဒီတခါ အောင်သွယ်တော် မြှားနတ်မောင်တွေအတွက် ဥပဒေဗဟုသုတလေးအမျှဝေပေးသွား ပါမည်။
# ယနေ့ဖြစ်ပေါ်နေတဲ့ အိမ်ထောင်ရေး ပြစ်မှု တွေရဲ့ နောက်ကွယ်မှာ အိမ်ထောင်ရေး အောင်သွယ်တော် မြှားနတ်မောင်/မယ်တွေ ရှိနေတတ်ပါတယ်။ အောင်သွယ်တာကိုတော့ တကူးတက ရှင်းပြ နေစရာမလိုတော့ဘူးထင်ပါတယ်။
# ဒီနေရာမှာ လူပျို၊ အပျိုအသက်ပြည့်ပြီးသူ တွေကို အောင် သွယ်တာကတော့ ပြဿနာ မရှိပေမယ့် အိမ်ထောင်ရှိ အမျိုးသမီးတွေကို အောင်သွယ် မိရင် တော့ ဒီဥပဒေပုဒ်မက ငြိမ်နေမယ် မထင်ဘူးဗျို့ ။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၈
***************************
# " မည်သူမဆို လင်ရှိမယားလည်းဖြစ်၍လင်ရှိမယာ ဖြစ်ကြောင်း မိမိသိသည်လည်းဖြစ်သော၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်ကြောင်း မိမိယုံကြည်ရန် အကြောင်းရှိ သည်လည်းဖြစ်သော မိန်းမတစ်ဦးကို တဦးတယောက်သောသူနှင့် မတရား ကာမစပ်ယှက်ခြင်းပြုစေရန်အ ကြံဖြင့် ထိုမိန်းမ၏ လင်ယောကျာ်းထံမှဖြစ်စေ၊ ထိုလင်ယောကျာ်း၏ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံမှ ဖြစ် စေ ဆောင်ယူသွားလျှင်၊ သို့တည်းမဟုတ် ဖြား ယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ၊ သို့တည်း မဟုတ် ထိုအကြံဖြင့် ထိုမိန်းမကို ဝှက်သိမ်းလျှင်၊ သို့တည်းမဟုတ် တားဆီးလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" လို့ပြဋ္ဌာန်းထားပါသည်။
# ဤသို့ ပြဋ္ဌာန်းထားသည့် အတွက် အိမ်ထောင်ရှိ မိန်းမတဦးကို အခြား သူတစ်ဦးဦးနှင့် မတရားကာမစပ်ယှက်ခြင်းကို ပြုစေရန် ဆောင်ယူခြင်း၊ ဖြားယောင်းသွေး ဆောင်ခြင်းဖြင့် အောင်သွယ်မယ်ဆိုရင်တော့ ခုဖော် ပြတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၈ ကို ဖောက်ဖျက်ရာရောက်သည့်အတွက် နစ်နာသူ လင်ယောကျာ်းမှ ဤဥပဒေပုဒ်မ အရ တရားစွဲဆိုနိုင်သည့်အတွက် ပြစ်မှု ထင်ရှား စီရင် ခြင်းခံရနိုင်ပါသည်။
# ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၈ နှင့် အကျုံးဝင်ဖို့အတွက်ဆိုရင်
၁။ အမျိုးသမီးသည် လင်ရှိမယားဖြစ်ခြင်း။
၂၊ တရားခံသည် လင်ရှိမယားဖြစ်ကြောင်းသိခြင်း၊ ယုံကြည်ရန်အကြောင်းရှိခြင်း။
၃။ အမျိုးသမီးသည် လင်ယောကျာ်းထံ၌ဖြစ်စေ၊ လင်ယောကျာ်းကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံ၌ဖြစ်စေ နေထိုင်လျက်ရှိခြင်း။
၄။ တရားခံသည် အမျိုးသမီးအား ဆောင်ယူခြင်း၊ ဖြားယောင်းခြင်း၊ ထွက်စေခြင်း၊ ဝှက်သိမ်း ခြင်း၊ တားဆီးခြင်းတစ်ခုခုပြုခြင်း။
၅။ ထိုသို့ပြုခြင်းမှာ အမျိုးသမီးအား တဦးတယောက်သောသူနှင့် မတရား ကာမစပ်ယှက်စေ ရန် အကြံဖြင့် ဖြစ်ခြင်း။
ဒီအချက်တွေနဲ့ အကျုံးဝင်ဖို့လိုအပ်ပါတယ်။
မှတ်ချက်
# ဤဥပဒေပုဒ်မအရ လင်ရှိမိန်းမက သဘောတူညီမှုရှိသည် ၊ မရှိသည် ဆိုသော အချက်သည် ဤပဒ်မကို ချိုးဖောက်ရာ၌ လိုအပ်သော အချက်မဟုတ်ပေ။
# လင်ရှိမိန်းမ၏ သဘော တူညီမှုမရှိပဲ ဆောင်ယူခဲံ့ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ ဖြင့် အကျုံး ဝင်မည်ဖြစ်သည်။
#crd original. Writer
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- "ကာမကိုလိမ်လည်ရယူမှု"
- လင်နှင့်မယားကွာရှင်းခြင်း
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
- အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်
- အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု
- #ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
- မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
- ''မယားကစွန့်ပစ် ၁နှစ်
- တော်လှန်ရေးကာလမှာ
- ခဏခဏလာမေးကြလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Related Posts

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။
1. လူမျိုးခြား ဗုဒ္ဓဘာသာတူ လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ ဗုဒ...

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း
(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ
အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...