၆၆(ဃ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

17-Jan-22 အခြား
၆၆(ဃ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

                                                                                                                                                   

အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆(ဃ)ဥပဒေ

•အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆(ဃ)မှာ

ဘာတွေတူလို့ ဘာတွေမတူသလဲ ဆိုတာ

•ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်…

•အကယ်၍ ပုံနှိပ်မီဒီယာပေါ်ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇင်း၊ ပါလာပြီဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ်…

•ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် အွန်လိုင်းပေါ်အထိရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြစ်သွားပါပြီဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်…

•ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်းပေါ်ရောက်တဲ့အဆင့်ရောက်ရင်တော့ အသရေဖျက်မှု သတ်

မှတ်ဖွင့်ဆိုချက် ရာဇသတ်ဥပဒေပုဒ်မ ၅၀၀ နဲ့စပါတယ်…

•အခြေအနေပေါ်မူတည်ပြီး ပုဒ်မ၅၀၀/ ပုဒ်မ ၂၅/ ပုဒ်မ၆၆(ဃ) ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။

•အွန်လိုင်းပေါ်မှာ ရိုင်းစိုင်းသည့် ကောမန့်များပေးခြင်း

cbတွင် ရိုင်းစိုင်းသည့်စကားများပြောဆိုခြင်း

အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများပြောဆို ခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နှင့်

တိုက်ရိုက်အကြုံး ၀င်ပါသည်။

•ဒီလောက်ဆိုရင် ကွဲလွဲချက်လေးတွေ

ရိပ်မိလောက်ပြီ ထင်ပါတယ်။

•ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲ

ဘာတွေကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်။

•လူတစ်ယောက်က လူတစ်ယောက်ကို

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့စွဲတဲ့အမှုကို

ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ မရသလို ၆၆(ဃ) ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲတရားလိုက စွဲချင်စွဲလို့ရပါတယ်။

•ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ

ပြောင်းလွှဲစွဲဆိုလို့ ရပါတယ်။

•ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှုရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ

အကြုံးဝင်/မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ

ညီမ/ညီ စစ်ဆေးရပါတယ်။

•ပြစ်ဒဏ်မတူပါဘူး ပြစ်မှုထင်ရှားရင်

၆၆(ဃ) = ထောင်ဒဏ်သုံးနှစ်အထိ

(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်)

ပြစ်ဒဏ်နှစ်ရပ်စလုံး။

•ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး

ကျခံရမှာ ဖြစ်ပါတယ်။

•၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ်

သတ်မှတ်ထားတာကြောင့်

ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ

မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီး

ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ

ကာယကံရှင်ကိုယ်တိုင်သာလျှင်

တိုင်ကြား စွဲဆိုရမှာဖြစ်ပါတယ်။

•ဒါ့ကြောင့်… စိတ်ခံစားမှု တစ်ခုကြောင့်

မနာလို မရှုစိမ့် ဣဿာ မစ္ဆရိယစိတ်ကလေး

တစ်ခုဖြစ်ပေါ်လာပြီး…

(တဒင်္ဂအတွင်းစကားလေးတစ်ခွန်း

စာကြောင်းလေး တစ်ကြောင်းနဲ့

သူတစ်ပါး လူပုဂ္ဂိုလ်/အဖွဲ့အစည်း

ဂုဏ်သရေ ထိခိုက်နစ်နာအောင်

မဆင်မခြင် ပြုမိခြင်းကြောင့်

;စာတစ်ကြောင်း…ထောင်(၃)နှစ်မဖြစ်စေကြဖို့ မျှဝေ လိုက်ရပါတယ်။

မှတ်ချက် ။ ဆက်သွယ်ရေးဥပဒေအား မပြင်ဆင်မီက ယခု အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေအား creditလုပ်ထားခြင်းဖြစ်သည်။

ယခင်ပြစ်ဒဏ် သုံးနှစ်အစား နှစ်နှစ်သို့ ပြောင်းပြင်ဆင်ပေးခဲ့သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ၊နောက်ဆက်တွဲ ဇယား(၂) အရ အာမခံပေးခွင့်ရှိသောပုဒ်မအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပါသည်။

ဦးကံပေါက်

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate