အရောင်းအဝယ်သမားတွေရဲ့လက်စွဲစကားကတော့ "ယုံကြည်မှုနဲ့ အလုပ်လုပ်တာ" ပြဿနာဖြစ်လို့အမှုရင်ဆိုင်ရရင်

အရောင်းအဝယ်သမားတွေရဲ့လက်စွဲစကားကတော့ "ယုံကြည်မှုနဲ့ အလုပ်လုပ်တာ"  ပြဿနာဖြစ်လို့အမှုရင်ဆိုင်ရရင်

အရောင်းအဝယ်သမားတွေရဲ့လက်စွဲစကားကတော့ "ယုံကြည်မှုနဲ့ အလုပ်လုပ်တာ"

ပြဿနာဖြစ်လို့အမှုရင်ဆိုင်ရရင်

မယုံကြည်ရတဲ့သူကြောင့်ဖြစ်တာမဟုတ်ပဲယုံကြည်လို့ လုပ်ခဲ့တဲ့သူတွေပဲ

အမှုဖြစ်ကြပါတယ်။

နှစ်ဦးသဘောတူ ကတိပြုစာချုပ်လုပ်တဲ့အခါ သတ်မှတ်ထားတဲ့ဥပဒေသတွေ၊စည်းကမ်းတွေကို မလိုက်နာ၊မထည့်သွင်းထားရင် ပဋိဥာဉ်ဟာ ပျက်ပြယ်နိုင်တဲ့ ပဋိဥာဉ်ဖြစ်သွားပါတယ်။

စာချုပ်ချုပ်တိုင်းမှာရှေ့နေမခေါ်ချင်ဘူးဆိုရင်တော့ မိမိဘက်ကလေ့လာပါ။

ကိုယ့်ဘက်ကဘာမှမဆုံးရှုံးသေးခင်မှာ ခိုင်မာပါစေ။

အဲဒီတော့ ရောင်းသမားတွေအနေနဲ့ စာချုပ်ချုပ်မယ်ဆိုရင် အကြမ်းဖျင်းလေးတော့ ဒီအချက်လေးတွေသတိထားရင်ပိုကောင်းပါလိမ့်မယ်။

၁။နေ့စွဲတပ်ပါ

၂။ရောင်းသူ၀ယ်သူ နေရာမှန်စွာနဲ့

အမည်၊မှတ်ပုံတင်၊လိပ်စာ ဖြည့်စွက်ပါ။မှတ်ပုံတင်၊လိပ်စာဟာ မှန်ကန်တိကျစွာပါမှ နောင်တစ်ချိန် အမှုအခင်းဖြစ်တဲ့အခါမျိုးမှာ အချို့အမှုမျိုးဟာ တရားခံရဲ့ လိပ်စာကို ရှာဖွေပေးရမဲ့တာ၀န်က ကိုယ့်တာ၀န်ဖြစ်လာနိုင်ချေရှိလို့ပါ။

၃။သက်သေ ၂ယောက်ပါရပါမယ်။စာချုပ်အောက်ဆုံးမှာ သက်သေ၂ယောက်အမည်၊လက်မှတ်၊နေရပ်လိပ်စာပြည့်စုံစွာဖြည့်ပေးပါ။

၄။ဖြည့်စွက်ရမဲ့အချက်တွေများလို့ စာရွက် ၂ရွက် ၃ရွက်ဖြစ်သွားတဲ့အခါမျိုးမှာ ရောင်းသူ၀ယ်သူ ၂ယောက်လုံးဟာ စာမျက်နှာတိုင်းရဲ့အောက်ခြေမှာ လက်မှတ်ထိုးရပါမယ်။ပြဿနာဖြစ်လာတဲ့အခါ ဒီနောက်က စာရွက်တွေက သူတို့ဘာသာဖြည့်လိုက်တာပါ ကျွန်တော်မသိဘူးဆိုပြီး ငြင်းလာလို့မရအောင်လို့ပါ။

၅။စာချုပ်မှာ ပါ၀င်သူတိုင်း လက်မှတ်ထိုးရပါမယ်။ရောင်းသူ ကို(က )၀ယ်သူ ကို(ခ )ဆိုရင် ၂ယောက်လုံးရဲ့လက်မှတ်ထိုးရပါမယ်။

၆။ သဘောတူကတိစာချုပ်အတွက် တံဆိပ်ခေါင်းခွန်က ၃၀၀ကျပ်ဆောင်ရပါမယ်။၃၀၀တန် တံဆိပ်ခေါင်းပါတဲ့စာချုပ်နဲ့ချုပ်ရပါမယ်။၃၀၀အထက်ပိုလို့ရပါတယ်။လျော့လို့မရဘူး။အမှုဖြစ်ခဲ့ရင် တံဆိပ်ခေါင်းခွန်မပြည့်တဲ့အတွက် လျှောက်ရ

အခွန်အတွက် ဒဏ် ၁၀ဆဆောင်ရ အခါမသင့်ရင် နေပြည်တော်တက်ရ၊တဖက်က မကျေနပ်ရင် အထက်တက်ရနဲ့ အလုပ်ရှုပ်တတ်လို့ ခုကတည်းက ရှင်းအောင်လုပ်ဖို့လိုပါတယ်။

၇။စရံပေးတဲ့ငွေ၊ရောင်းတဲ့ငွေပမာဏကို စာနဲ့ရော ဂဏာန်းနဲ့ရော တိကျရှင်းလင်းစွာရေးပါ။

၈။လက်ရောက်အပ်ပါ၊လက်ရောက်ယူပါ။ရောင်းသူမအားလို့ သူများကို စာချုပ်ချုပ်ခိုင်းလိုက်တယ် စသဖြင့် လုံး၀လက်မခံပါနဲ့။လက်ရှိပိုင်ဆိုင်သူလက်၀ယ်မှ ၂ဦးသဘောတူညီတဲ့ပမာဏနဲ့ အရောင်းအ၀ယ်ဖြစ်ပြီး ၀ယ်သူက လက်ရောက်ယူတာမျိုးယူပါ။

ကျန်အသေးစိတ်အချက်တွေ အများကြီးရှိသေးပေမဲ့ လက်တန်းချုပ်နေကြတဲ့ မိတ်ဆွေတွေအတွက် ဒီအချက်လေးတွေသတိပြုလိုက်ရင်ပဲ တော်တော် အထောက်အကူဖြစ်နေပါပြီ။

အားလုံးအဆင်ပြေကြပါစေ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate