Advertise here!

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် တစ်ခြားဘာသာဝင်အမျိုးသား တရားဝင်ထိမ်းမြားလက်ထပ်စာချုပ်လုပ်ရန် ဘယ်လိုဆောင်ရွက်ရသလဲလို့ မေးမြန်းသူများအတွက်-

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် တစ်ခြားဘာသာဝင်အမျိုးသား တရားဝင်ထိမ်းမြားလက်ထပ်စာချုပ်လုပ်ရန် ဘယ်လိုဆောင်ရွက်ရသလဲလို့ မေးမြန်းသူများအတွက်-

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် တစ်ခြားဘာသာဝင်အမျိုးသား တရားဝင်ထိမ်းမြားလက်ထပ်စာချုပ်လုပ်ရန် ဘယ်လိုဆောင်ရွက်ရသလဲလို့ မေးမြန်းသူများအတွက်-

၁။ အမျိုးသား (ဘာသာခြား) သည် အသက်(၁၈)

နှစ်ပြည့်ပြီးဖြစ်ရမည်။

၂။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးသည် အသက်(၂၀)

ပြည့်ပြီးဖြစ်ရမည်။ အသက်(၁၈)နှစ်ဆိုလျှင်

မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ သဘောတူညီ ချက်ရရှိ (အသိသက်သေအဖြစ်လက်မှတ်ထိုး) ရမည်။

၃။ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်းနှင့်

မိတ္ကူလိုအပ်သည်။

၄။ သန်းခေါင်စာရင်းရှိ ရပ်ကွက်တွင် နေထိုင်ခြင်း

မရှိပါက လက်ရှိနေထိုင်ရာ ရပ်ကွက်၏ နေထိုင် ကြောင်း ထောက်ခံစာမူရင်းလိုအပ်သည်။

၅။ အသက်(၁၈)နှစ်ပြည့်ပြီးသူ အသိသက်သေနှစ်ဦး၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူများ လိုအပ်သည်။

၆။ သတို့သားနှင့် သတို့သမီးတစ်ဦးဦးမှ နေထိုင်ရာမြို့နယ်၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ မှတ်ပုံတင်အရာရှိ (အုပ်ချုပ်ရေးမှူး)ထံသို့သွားရောက်၍ ၎င်းတို့တစ်ဦးဦးမှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လက်ထပ်မှတ်ပုံတင်ပေးရန် လျှောက်ထားရမည်။

၇။ လျှောက်လွှာနှင့်အတူ ဥပဒေအရသတ်မှတ်ထားသည့် ဝန်ခံချက်ပါရှိသည့် ကျမ်းကျိန်လွှာပါ ပူးတွဲ တင်ပြရမည်။ မှတ်ပုံတင်အရာရှိနှင့် အသိသက်သေများက လက်မှတ်ထိုးရမည်။

၈။ အဆိုပါလျှောက်လွှာအား ထွေအုပ်ရုံး၊ သန်းခေါင်စာရင်းပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရေးမှူးရုံး၊ လက်ရှိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရေးမှူးရုံး၊ အသက်(၂၀)မပြည့်သေးသည့် သတို့သမီးမိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၊ သတို့သမီး၏ ခင်ပွန်းဟောင်း(ရှိခဲ့လျှင်)၊ သတို့သား၏ ဇနီးဟောင်း (ရှိခဲ့လျှင်) ပေးပို့မည်။

၉။ ပေးပို့ပြီး (၁၄)ရက်ကြာသည့်တိုင် ကန့်ကွက်သူမရှိပါက မှတ်ပုံတင်အရာရှိက သတို့သားနှင့် သတို့သမီးတို့အား ထိမ်းမြားကြောင်း သက်သေခံ မှတ်ပုံတင်စာအုပ်တွင် မှတ်ပုံတင်ပြီး ထိမ်းမြားလက်ထပ်ပေးပါသည်။

သို့မှသာ တရားဝင်ထိမ်းမြားမှု အထမြောက်အောင်မြင်ပါသည်။

၁၀။ ကန့်ကွက်သူရှိခဲ့ပါက မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူအား စီရင်ပိုင်ခွင့်အာဏာရတရားရုံးသို့ လျှောက်ထားရန် ပြောကြားပြီး တရားရုံး၏အမိန့်ရသည်အထိ ထိမ်းမြားမှုကို ရွေ့ဆိုင်းထားပါသည်။

၁၁။ အဆိုပါအမှုကို တရားရုံးက အကျဉ်းနည်းဖြင့်စစ်ဆေးပြီး ထိမ်းမြားနိုင်ခွင့်ရှိမရှိ အမိန့်ချမှတ်ပါသည်။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate