လူကုန်ကူး တာလား ? လူမှောင်ခို တာလား ?

လူကုန်ကူး တာလား ? လူမှောင်ခို တာလား ?
ရပ်ကွက်ထဲမှာ - မီဒီယာတွေမှာ- Online ပေါ်မှာ လူကုန်ကူးခံရတယ်- လူမှောင်ခိုတယ် ဆိုတဲ့ သတင်းတွေကြားကြမှာပါ-
ရုတ်တရက် ဆိုရင်တော့ တစ်ခုနဲ့ တစ်ခု တူတယ်လို့ ထင်ကြပါတယ်-
ဒါပေမဲ့ ဥပဒေ သဘောတရားနဲ့ ကြည့်မယ်ဆိုရင်တော့ လူကုန်ကူးမှု(Human Trafficking )နဲ့ လူမှောင်ခိုမှု ( Human Smuggle)တို့ ဟာ ကွဲပြားကြပါတယ်-
ပြောချင်တာက -
တစ်ခုနဲ့ တစ်ခု ပြစ်မှုကျူးလွန်ပုံကျူးလွန်နည်း - ကျူးလွန်ခံရသူရဲ့ နစ်နာမှု အတိမ်အနက်- ပြစ်ဒဏ်အနည်းအများ- ဖြစ်ပွားနိုင်တဲ့ဒေသ အခြေအနေတို့ဟာ မတူကြပါဘူး-
လူကုန်ကူးမှု(Human Trafficking )ကို အများနားလည်အောင်ပြောရရင်တော့-
လူတစ်ဦးဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုထဲအတွက် အခြားတစ်ဦးရဲ့ ကိုယ်ခန္ဓာ ဒါမှမဟုတ် လုပ်အားကို ခေါင်းပုံဖြတ်ပြီး အကျိုးအမြတ် ရယူတာဖြစ်ပါတယ်-
ဥပမာပြောရရင်တော့-
လူတစ်ဦးကို လုပ်အားခ မပေးဘဲ တစ်နေ့ကို နာရီ (၂၀)လောက် အလုပ်ခိုင်းစေပြီး လုပ်အားတွေကို ခေါင်းပုံဖြတ်တဲ့ ပုံစံမျိုးပါ- ( ထိုင်းမှာရှိတဲ့ ငါးဖမ်းလှေတွေပေါ်က လူကုန်ကူးခံရတဲ့သူတွေမျိုးပါ )
အသက်(၁၅/၁၆)အရွယ် အမျိုးသမီးငယ်တွေကို ခန္ဓာကိုယ်နဲ့ရင်းရတဲ့ ပြည့်တန်ဆာလုပ်ခိုင်းပြီး ငွေရယူခေါင်းပုံဖြတ်တဲ့ ပုံစံမျိုးတွေ ဖြစ်ပါတယ်-
လူကုန်ကူးမှုတွေဟာ လူတစ်ဦးရဲ့ အခြေခံအခွင့်အရေတွေကို ချိုးဖျက်ပြီး ခေါင်းပုံဖြတ်ခံရ တာဖြစ်ပါတယ် - နစ်နာသူကတော့ လူသား ပါ- ပေးတဲ့ ပြစ်ဒဏ်တွေကလည်း များ ပါတယ်-
လူကုန်ကူးမှုတွေဟာ ပြည်တွင်းမှာလည်းဖြစ်နိုင်သလို ပြည်ပမှာလည်း ဖြစ်နိုင်ပါတယ်-
လူမှောင်ခိုမှု ( Human Smuggle)ဆိုတာကို အများနားလည်အောင် ပြောရရင် ကိုယ့်နိုင်ငံထဲမှာရှိတဲ့ လူတစ်ဦးကို အခကြေးငွေယူကာ အခြားနိုင်ငံထဲကို တရားမဝင် ပို့ဆောင်ပေးတာဖြစ်ပါတယ် - အရပ်စကားနဲ့ ပြောရရင် လူတွေကို မှောင်ခိုပို့တယ်လို့ ပြောရမှာပါ-
ဥပမာ ပြောရရင်တော့-
ထိုင်းမှာ အလုပ်သွားလုပ်ဖို့ ပို့ဆောင်ခ ပေးပြီး တရားမဝင်လမ်းက သွားကြတာမျိုးပါ-
လူမှောင်ခိုမှုတွေဟာ လူကုန်ကူးမှုတွေလို လူတွေအပေါ် ခေါင်းပုံဖြတ်မှု မရှိပါဘူး-တစ်ခြားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုသာ ချိုးဖေါက်တာပါ-
လူမှောင်ခိုမှုတွေဟာ ပြည်တွင်းကနေ ပြည်ပကို တရားမဝင် ဖြတ်သန်းပို့ဆောင်ပေးတာဖြစ်ပြီး နစ်နာသူက လူသားတွေ မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေ အပေါ်မှာဘဲဖြစ်ပါတယ်- ပြစ်ဒဏ်ကလည်း လူကုန်ကူးမှုလောက် မများပါဘူး-
အထက်မှာ တင်ပြခဲ့သလို လူမှောင်ခိုမှုနဲ့ လူကုန်ကူးမှုဟာ တူသလိုလိုနဲ့ ကွဲပြားမှုတွေရှိသလို လူမှောင်ခိုမှုကနေ လူကုန်ကူးမှုတွေကို ပြောင်းလဲဖြစ်ပွားသွားတာလည်း ရှိပါတယ်-
ဥပမာအားဖြင့် ထိုင်းကို အလုပ်လုပ်ဖို့ ပို့ဆောင်ခယူပြီး တရားမဝင်ပို့တယ် (လူမှောင်ခိုတယ် လို့်ပြောရမှာပါ) ထိုင်းကိုရောက်တော့ ပွဲစားက လောဘတက်လာပြီး ငါးဖမ်းလှေပေါ် တင်ပေးလိုက်တယ်- ပြီးတော့ သ့ူအတွက်ရမဲ့ လုပ်အားခ (၆)လ/တစ်နှစ်စာကို ကြိုထုတ်သွားတယ်- အပို့ခံရတဲ့သူဟာ ပင်လယ်ထဲပါသွားပြီး (၁)နှစ်(၂)နှစ်လောက် လုပ်အားခ မရဘဲ သေမတတ် အလုပ်လုပ်ရတာမျိုးပါ- လုပ်အားကိုခေါင်းပုံဖြတ်တဲ့ လူကုန်ကူးမှုပုံစံပါ။
လူကုန်ကူးမှုတွေကို သီးခြား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူနေသလို လူမှောင်ခိုမှုတွေကိုတော့ သီးခြားဥပဒေပြဌာန်းထားခြင်း မရှိသေးတဲ့ အတွက် သက်ဆိုင်ရာ ရာဇသတ်ကြီးဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေများနဲ့ အရေးယူလျှက်ရှိပါတယ်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး
ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...