စာချုပ် ချုပ်ရာမှာအဓိကလိုအပ်တာကိုရေးဘို့ကြ မရေးကြဘူး.ရေးဘို့မလိုတာကြရေးကြတယ်။
13-Aug-21

စာချုပ်များများက စာချုပ်တွေရဲ့ ၉၅ %က တကယ်လိုအပ်တာကိုမရေးကြဘူးမလိုအပ်တာကြရေးနေကြတယ်။
စာချုပ်တခုချုပ်ရင် ပဋိဉာဉ်ဥပဒေ ပုဒ်မ ၂ မှာ
ပါတဲ့ ကမ်းလှမ်းခြင်း လက်ခံခြင်း ဆိုတာပါရတယ်။
ဥပမာ။ မြေတကွက်ကိုအရောင်းအဝယ်စာချုပ်
ချုပ်မယ်ဆိုရင် ဦးဖြူ က သိန်း၁၀၀ဝိ ဖြင့် ရောင်း
ချမည်ဟုပြောရာ ဦးမဲက သိန်း၁၀၀ဝိ ဖြင့်ဝယ်ယူရန်
သဘောတူပါသည် ဆိုတဲ့ အချက်ပါကိုပါရမည်။
အဲဒါက ကမ်းလှမ်းခြင်းနှင့် ကမ်းလှမ်းချက်ကိုလက်ခံ
ခြင်းဖြစ်တယ်။ ဒါမှ ပဋိညာဉ်မြောက်ပါတယ်။
မလိုအပ်တဲ့အချက်(ရေးလဲဘာမှမဖြစ်ပါဘူး)
(ရောင်းသူ ဝယ်သူ ဆိုသည်မှာ ၎င်းတို့ကိုယ်တိုင်
အပြင် အမွေစားအမွေခံများ ကိုယ်စားလှယ်များပါ
ဝင်သည်။) လို့ရေးကြတယ်
ပဋိဉာဉ်ဥပဒေ ၃၇ မှာ ပဋိညာဉ်ပြုသူက ပဋိညာဉ်ကို ဆောင်ရွက်ကိုဆောင်ရွက်ရမည်။ ပဋိညာဉ်ပြုသူ
က ပဋိညာဉ်ကို မဆောင်ရွက်ရသေးခင်သေသွားရင်
သူရဲ့အမွေဆက်ခံသူက သေသွားတဲ့သူရဲ့ပဋိညာဉ်ကို
ဆက်လက်ဆောင်ရွက်ရမယ်။
ဥပမာပြောပါမယ်
A ထံက B ကငွေချေးယူတယ်
ငွေပြန်ဆပ်ဘို့အချိန်မရောက်မှီ A သေသွားရင်Aရဲ့ ဇနီး ခင်ပွန်း သားသမီး ကBထံမှချေးငွေပြန်တောင်း လို့ရတယ်။ တရားစွဲပြီးတောင်းလို့လည်းရတယ်။
ငွေပြန်ဆပ်ဘို့အချိန်မရောက်သေးမှီ B သေသွား
ရင် Bရဲ့အမွေဆက်ခံမည့်သူ ဇနီး ခင်ပွန်း သားသမီး
တို့အပေါ် Aကချေးငွေတောင်းလို့ရတယ်။ တရားစွဲပြီး
တောင်းလို့လည်းရတယ်။
ယောက်ျားချေးတာ မိန်းမချေးတာ အဖေချေးတာ
အမေချေးတာ ဆိုပြီးလွှဲမချနဲ့ မရဘူး
(မှတ်ချက် အမွေဆက်ခံသူ ဇနီး ခင်ပွန်း သားသမီး
လို့ရေးထားပါတယ်။ အမှန်တကယ်အမွေဆက်ခံသူ ဟုတ် မဟုတ် မိမိဘာသာ စဉ်းစားပါ)
crd
ကူးယူဖော်ပြပါသည်။