မြေဂရန်အမည်ပေါက်ရအောင်ဆောင်ရွက်နည်း

မြေဂရန်အမည်ပေါက်ရအောင်ဆောင်ရွက်နည်း

မြေဂရန်မှာ ရောင်းသူ ရဲ့ အမည်ပေါက်၊ မပေါက် ကို

ဦးစွာ စိစစ်ပါ။

ရောင်းသူကိုယ်တိုင်က အမည်ပေါက်ဆိုရင်တော့

လုပ်ဆောင်ရမည့် အဆင့်က နည်းပါတယ်

နောက်ပြီး မြေဂရန်အမည်ပေါက်ဖြစ်သူက

ကွယ်လွန် သွားတာတွေ

မြေဂရန်အမည်ပေါက်သူထံက မှတ်ပုံတင်အရောင်းအဝယ်စာချုပ် မ​ြပ ုလုပ်ဘဲ ဝယ်ထားသူက ထပ်ဆင့်ရောင်းတာတွေလည်း ရှိတတ်ပါတယ်.

ဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ?

ရောင်းသူထံမှ မြေဂရန် ဓာတ်ပုံ မိတ္တူတောင်းကြည့်ပါ။

မိတ္တူမပေးရင်တော့

- မြေကွက်အမှတ်၊

- ဂရန်အမည်ပေါက်အမည်၊

- အတိုင်း အတာ၊

- နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို

ရေးမှတ်ယူပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး

ကော်မတီ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဋ္ဌာနမှာ

သွားရောက်စုံစမ်းရပါမယ်။

သွားရောက်စုံစမ်းတဲ့အခါမှာ

ရောင်းသူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား၊

ကန့်ကွက်ထားတာတွေ ရှိသလား၊

ဂရန် သက်တမ်းကုန်မကုန် ဆိုတဲ့ အချက်တွေကို

အဓိကစုံစမ်းရမှာဖြစ်ပါတယ်။

မြေဂရန်မှာ ရောင်းမည့်သူ အမည်ဖြစ်နေတယ်၊

နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေးဘူး၊

ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင်

စရန်ပေးစာချုပ် ချုပ် ဆိုလို့ရပါပြီ။

ဆက်လက်ဖော်ပြပါမည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!