မိမိကားကို အမည်ပေါက်ပြောင်းမည်ဆိုပါက -
13-Aug-21

ပထမဦးဆုံး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပြီး လူကြီးမင်းနေထိုင်သော မြို့နယ်အခွန်းရုံးသို့ သွားရောက်ကာ အခွန်ဆောင်ပေးရပါမယ်ခင်ဗျာ။
လိုအပ်သောစာရွက်စာတမ်းများမှာ-
(၁) ကား Owner Book (မူရင်း၊ မိတ္တူ-၂စုံ)
(၂) ကား Wheel Tax (မူရင်း၊ မိတ္တူ-၂စုံ)
(၃) အမည်ပေါက်ပြောင်းမည့်သူ၏ မှတ်ပုံတင် (မူရင်း၊ မိတ္တူ-၂စုံ)
(၄) အမည်ပေါက်ပြောင်းမည့်သူ၏ အိမ်ထောင်စု (မူရင်း၊ မိတ္တူ-၂စုံ)
(၅) ကားအရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ-၂စုံ)
(၆) ကားဓာတ်ပုံ (၃ပုံ-၁စုံ)
(ကားအရှေ့၊ ကားအနောက်၊ ကားဘေးဘက်- စုစုပေါင်း(၃)ပုံ လိုအပ်ပါမယ်။)
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံပြီဆိုပါက မိမိနှင့် နီးစပ်ရာအခွန်ရုံးသို့သွားပြီး ရုံးစာရေးထံတွင်တင်ပြပေးရပါမယ်။
ရုံးစာရေးက ရာဖြတ်(တရာဝင်ကားသတ်မှတ်တန်ဖိုး) မှ သတ်မှတ်နုန်းထားအတိုင်း သွင်းရမည့်အခွန်ခအားတွက်ချက်ပေးပါမည်။
အခွန်ကျသင့်ငွေသိရပါက ဘဏ်ငွေသွင်းချလံအားစောင့်ယူရပါမည်။ ဘဏ်ငွေသွင်းချလံရရှိပါက နီးစပ်ရာ မြန်မာ့စီးပွါးရေးဘဏ်တွင် အခွန်ငွေအားပေးသွင်းရပါမည်။
ငွေသွင်းပြီးပါက ငွေသွင်းပြေစာအား မိတ္တူတစ်စောင်ကူးပြီး အခွန်ရုံးစာရေးထံသို့ ပြန်တင်ပြပေးရပါမည်။
ထို့နောက် အခွန်ရုံးမှ အခွန်စိမ်းစာရွက် (၂)ရွက်အားထုတ်ပေးပါမည်။
(အခွန်စိမ်းစာရွက်တွင်- မူရင်းဟု ရေးသားထားသော စာရွက်အား ကညနရုံးသို့ ပေးရမည်ဖြစ်ပြီး၊ ပ-မူရင်းဟု ရေးသာထားသော စာရွက်နှင့် ဘဏ်ငွေသွင်းချလန်အား အမည်ပေါက်ကားပိုင်ရှင်မှ သိမ်းယူထားရပါမည်။
(အခွန်စိမ်းဆိုသည်မှာ မိမိမှ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီး ထိုပစ္စည်းအတွက် အစိုးရသို့ တရားဝင်အခွန်ဆောင်ခြင်းဖြစ်သည့်အတွက် အခွန်ဆောင်သူမှ ထိုအခွန်စာရွက်အား သိမ်းယူထားနိုင်ပါသည်။ နောက်ထပ်ကားတစ်စီး ထပ်ဝယ်ပါကလည်း ထိုအခွန်စာရွက်ဖြင့် ခုနှိမ်၍ အခွန်ခပေးဆောင်နိုင်ပါသည်။)
အခွန်ဆောင်ပြီးပါက မိမိကားOwner Book လိပ်စာပါသည့် ကညနတွင် အမည်ပေါက်ပြောင်းလဲနိုင်ပါပြီ။
အခွန်ဦးစီးဌာန ရုံးလိပ်စာ
------------------------------------------------------------------------------------
၁။ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး(တိုင်းရုံး)-၁၆၃/၁၆၇၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၂၅၂၅၁၆
၂။ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၄/၅၊၁၂/၁၃၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်၊ကမာရွတ်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၅၃၆၄၄၀
၃။ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၁၃/အေးရိပ်မွန်လမ်း၊(၄)ရပ်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၆၈၂၂၃၇
၄။ လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၉၉၊မဟာဗန္ဓုလလမ်း၊(၄)ရပ်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၆၈၂၂၃၇
၅။ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၃၀၊ကမ်ဘာအေးဘုရားလမ်း၊ဗဟန်း(၃)လမ်းထောင့်၊မြို့မရပ်၊ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၃၈၀၉၁၀
၆။ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၈၊မင်းကြီးလမ်း၊ရွာမအရှေ့ရပ်၊အင်းစိန်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၆၄၀၂၆၃
၇။ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၂/၀၀၁/၀၀၂/၀၀၃၊ဝေဇယန္တာလမ်း၊ ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၈၅၆၀၈၁၇
၈။ မရမ်းကုန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၁၄၅/၁၅၀၊ဗိုလ်ချုပ်လမ်း(၁)ရပ်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၆၈၁၈၆၂
၉။ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ရန်ကင်းလမ်းမကြီး၊(၂)ရပ်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၅၅၆၇၅၂ (စုပေါင်းရုံး)
၁၀။ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၁၀၁/၁၀၂(၂)ခန်း၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့် တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၈၅၆၀၄၄၈
၁၁။ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - အမှတ်(၁)၊၁၈၀/၂။၄၀၃၊ကျောင်းကြီးလမ်း၊ကမ်းနားလမ်းအိုးဘိုသရက်တောတောင်၊ ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၉၃၁၇၂၉၂
၁၂။ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၇၄၊(တ)ထပ်၊ကျွန်းတောလမ်း၊ ကျွန်း/လယ်ရပ်ကွက်စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၅၀၀၆၁၅
၁၃။ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - အမှတ်(၁)၊ရုံးရှေ့၊(၈)၇ပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၆၄၅၀၃၅
၁၄။ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၆၂၅၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၃၇၁၂၁၆
၁၅။ ပန်းဘဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၁၆၈/၁၈၈၊၂၇လမ်း၊၅ရပ်ကွက်၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၃၇၀၈၇၉
၁၆။ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၂၀၀/၂၀၈၊၃၅လမ်း၊၃ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၂၅၄၆၁၁
၁၇။ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၈၀/၅၂၊ဘိုကလေးဈေးလမ်း၊(၈)ရပ်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၂၅၆၉၉၇
၁၈။ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၈၁/၈၅၊တိုက်(၁၁)၊အခန်း(၂၀၇/၂၀၈/၃၀၇/၃၀၈)၊အနော်ရထာလမ်း၊(၂)ရပ်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၂၉၀၄၇၂
၁၉။ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၅၄၁/၁၂၈၊မဏ်ဏ္႑ိုငျလမျး၊ဇီဇဝါလမျးသှယျ(၁)၊(ဂ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၉-၆၉၉၉၄၀၆
၂၀။ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - ၂၊အိုးစု(၃)လမ်း၊ မေတ္တာညွှန့်ကွက်၊ တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ၀၁-၅၅၄၁၆၄
၂၁။ မင်္ဂလာတောင်ညွှန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - စခန်းတွဲ၊ ခရေပင်ရိပ်မွန်၊၁(က)၊မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး.....
credit >မူရင်းသူ