တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်မျာ

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည်

ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်

အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသောအဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင်

တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင်

သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ

တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်

ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သတ်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် (၁) စောင်

အထက်ပါစာရွက်စာတမ်းများစုံလင်စွာ တင်ပြလျှောက်ထားနိုင်ပြီး ဌာနမှစိစစ်မှုများ ပြုလုပ်ကာ အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

(က) တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကို စိစစ်ပြီးလွှဲပြောင်းသူနှင့် လက်ခံသူတို့ ကိုယ်တိုင်လက်ထောက်ဌာနမှူး(မြေရာ)၏ရှေ့တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။

(ခ) လျှောက်ထားသူမှ သက်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီးမှ အမည်ပြောင်းခွင့်ပြုမည်။

(ဂ) တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာစေမည်။ (အမည်ပြောင်းသူမှ ကြော်ငြာခကို ကျခံရမည်)

(ဃ) သတ်မှတ်ထားသောကာလအတွင်းကန့်ကွက်ချက်မရှိပါက အမည်ပြောင်း လျှောက်ထားသူမှ မူလအဆောက်အအုံနေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်းလျှောက်ထားသူ

အမည်ဖြင့် ချုပ်ဆိုထားသော စာချုပ်ကို ဆက်လက်ချုပ်ဆိုပေးပါမည်။

(င) ကော်မတီက စီမံခန့်ခွဲလျှက်ရှိသော တိုက်ခန်းများ၏ သတ်မှတ်ထားသော မြေဌားခကို နေထိုင်သူများထံမှ တိုက်ခန်းအမျိုးအစားအလိုက်

သတ်မှတ်ထားသည့်ဘဏ္ဍဍာရေးနှစ် အလိုက် ကော်မတီက ကောက်ခံသွားမည်။

Ref : ycdc

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate