တိုက်ခန်း ရောင်းဝယ်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ လူနေထိုင်ခွင့် ( BCC) အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တိုက်ခန်း ရောင်းဝယ်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့  လူနေထိုင်ခွင့် ( BCC) အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

   တိုက်ခန်း  ရောင်းဝယ်ရာမှာ အရေးကြီးဆုံး ဖြစ်တဲ့ 

   လူနေထိုင်ခွင့် ( BCC) အကြောင်းကို 

   ဖော်ပြပေးလိုက်ပါတယ် ။

 

   တချို့နေရာတွေမှာ အဆောက်အဦး ဆောက်လို့

   ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ ...

 

   BCC ဆိုတာ တိုက်ခန်း ရောင်း ၊ ဝယ် လုပ်ရင် 

   ဘယ်လို အရေးပါသလဲ .…

   ဆိုတာတွေကို အိမ်ပိုင်ရှင်တွေ အနေနဲ့ မဖြစ်မနေ 

   သိထားရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ် ....

 

  တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ ( BCC )  စာရွက်ဆိုတာ

 

************************************************

 

    BCC စာရွက်ဆိုတာ ( Building Complete Certificate )

    ( လူနေထိုင်ခွင့် ပုံစံ ) စာရွက်လို့ ခေါ်ဆိုပါတယ် ။ 

    အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင်

    အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး 

    ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ် ။ အဆိုပါ စာရွက်ဟာ 

    လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် 

    ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး 

    အဲ့ဒီစာရွက် မရှိပါက ရောင်းဝယ်ဖို့  ကြန့်ကြာနိုင်ပါတယ် ။

 

    ဘီစီစီ စာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီ စာရွက်လို့ 

    မသိကြတဲ့သူတွေ ရှိနေပါတယ် ။

    ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေ အလွယ် ပြောပါတယ် ။

    အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ 

    မသိစိတ်က ထင်မှတ်ထားကြပါတယ် ။

    ဒါပေမယ့် ဘီစီစီ ( BCC ) ဆိုတာ Building Completion

    Certificate ဆိုတဲ့ စည်ပင်ဌာနက ထုတ်ပေးတဲ့ 

    အဆောက်အဦး ပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ ။

 

     ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်း သိထားတဲ့သူတွေက 

     ဘီစီစီ စာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည် ” ဆိုတဲ့ 

     စာသားမပါလို့ ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို

     မယုံမကြည် မေးတတ်ပြန်ပါတယ် ။

     ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက 

     သေချာမသိတာပါ.. ။

     ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ် ဘီစီစီ 

     ဆိုတာကို နားလည်နိုင်စေဖို့  ဖြစ်ပါတယ် ။

 

     ပိုပြီး ဆိုးတာက ဘုတ်စိမ်းလို့ အလွယ်ခေါ်တဲ့ ဆောက်လုပ်

     ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန် ဆိုတဲ့ စာလုံးကို

     စာလုံး ဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။  

     လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့ စာရွက်က ဘုတ်စိမ်းစာရွက်  

     ( ဆောက်လုပ်ခွင့်ပြုတဲ့ အမိန့် ) စာရွက်ပါ.. ။

     လူနေရန် ဆိုတဲ့ စာလုံးကြီးကြီး ပါနေတာက လုပ်ငန်းလုပ်ရန်

      ( Commercial )  နဲ့ ခွဲခြား သတ်မှတ်ထားတာပါ.. ။

      ဘုတ်စိမ်းစာရွက် ပါရင် တရားဝင် ဆောက်လုပ်ခွင့်ပြုမိန့်နဲ့

      ဆောက်တဲ့တိုက်လို့  ဆိုလိုတာပါ.. ။

 

     တရားဝင် ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင်

     ဘီစီစီ လျောက်ရပါတယ်.. ။

     ဘုတ်စိမ်းစာရွက် တစ်ခုနဲ့တင် မပြီးပါဘူး.. ။

     ဘီစီစီ စာရွက်ပါ ပါရပါတယ်..။

     ဘုတ်စိမ်းစာရွက် ( လူနေထိုင်ရန် လို့ ပါတဲ့စာရွက် ) ပဲ 

     ပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။

     အဆောက်အဦး ပြီးစီးကြောင်း စာရွက် ဘီစီစီတော့

     တင်မထားဘူးလို့ အဓိပ္ပါယ် ရပါတယ်.. ။

 

    လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း

    ( ဆောက်လုပ်ခွင့်ပြုမိန့် ) စာရွက်ပါပြီး .. ဘီစီစီ စာရွက်

     မပါတဲ့ တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါး ရှိတဲ့ ရပ်ကွက်

     တစ်ချို့  ရှိပါတယ်.. ။ ဘီစီစီ စာရွက် ပါရင်တော့ 

     ဘုတ်စိမ်းစာရွက် တောင်းဖို့ မလိုပါဘူး.. ။

     ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့ စာရွက်မို့ပါ..။

     တောင်ဥက္ကလာရဲ့   ၉၀%သော တိုက်ခန်းတွေက ဘီစီစီ

     ပါ ကြပါတယ်.. ။

 

    တောင်ဥက္ကလာမှာ တရားမဝင် ဆောက်တဲ့တိုက်.. ၊

    ဘီစီစီ မတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်.. ။ 

    ( တစ်လုံးတစ်လေ ရှိပါတယ်.. ။ )

     ၂၀၁၅ နှစ်လယ် ရှေ့ပိုင်းလောက်ထိ တိုက်တွေက 

     မီတာကျပြီး အားလုံးပြီးစီးပြီ ဆိုမှ ဘီစီစီ စာရွက်

     သပ်သပ် တင်ရတာပါ.. ။

     ၃ထပ်ခွဲ တိုက်နဲ့  ၅ထပ်တိုက် ဆောက်တဲ့ ကန်ထရိုက် 

     အသေးစားတွေက ဆောက်လုပ်ခွင့် ( ဘုတ်စိမ်း ) တင်ပြီး

     ဆောက်ရင် မီတာလည်း အလွယ်တကူ ရတာမို့ ဘီစီစီ

     တင်တာကို အလုပ်ပိုလို့  မြင်ပါတယ်.. ။

 

      ဒါမို့လို့  ၃ထပ်ခွဲတိုက်နဲ့  ၅ထပ်တိုက်တွေမှာ ဘီစီစီ

      စာရွက် မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့

      တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ 

      ပြောပြီး ပေးတတ်တာလည်း ကြုံဖူး ကြားဖူး ပါတယ်..။

       ( မသိ နားမလည်တာကို အခွင့်အရေး ယူတာပါ.. ။

          ဒါမို့လို့  မိမိက သိအောင် လုပ်ထားရပါမယ်..။ )

       ၂၀၁၅ နှစ်လယ်လောက် နောက်ပိုင်းက စလို့ 

       အဆောက်အဦးတွေမှာ ဘီစီစီ ရမှ မီတာ ချပေးတော့ပါတယ်..။

 

       အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက် မဆို ဘီစီစီ ဆိုတာ

        မတင်မနေရ  ဖြစ်ကုန်တာပါ.. ။

       ဘီစီစီ ကျပြီးတာနဲ့ ဘီစီစီ စာရွက်နဲ့  မီတာ ထပ်လျောက်ရပါတယ်..။

       ၂၀၁၅ နှစ်လယ် နောက်ပိုင်းက တိုက်တွေတိုင်းမှာ ဘီစီစီ စာရွက် 

       ပါ ပါတယ်.. ။ ( ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ 

       ဘီစီစီ မတင်ပဲ ချိုချိုချောင်ချောင် ဆောက်တဲ့ ၃ထပ်ခွဲနဲ့ 

       ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့  မဆောက်ကြတော့ပါဘူး..။ )

 

       တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်း ရောင်းပေးတော့ 

       စာရွက်စာတမ်းကို ရှေ့နေနဲ့ စစ်တာကို အဆောက်အဦး 

       ပြီးစီးကြောင်း စာရွက်ပဲ ပါပြီး လူနေထိုင်ရန် ဆိုတဲ့ 

       လူနေထိုင်ခွင့် ဘီစီစီ စာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

        ( စိတ်ကို တော်တော်လေ သွားပါတယ်..။ )

       ဘီစီစီရဲ့  အင်္ဂလိပ်အရှည်က Building Completion Certificate မို့

       ဘီစီစီ ဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက် မဟုတ်ပဲ

       အဆောက်အဦး ပြီးစီးကြောင်း အသိအမှတ်ပြု စာရွက်သာ 

       ဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာနဲ့  ရှင်းပြမှ လက်ခံ 

       သွားပါတော့တယ်.. ။

 

       တိုက်ခန်း မဝယ်ခင် ဒီစာကို အသေးစိတ် နားလည်အောင် 

       သေချာဖတ်သွားရင် အကျိူး ရှိပါတယ် ။

 

       Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate