ဦးတိုက်လျှောက်ထားမယ့် နည်းလမ်းအကြောင်း

13-Aug-21
ဦးတိုက်လျှောက်ထားမယ့် နည်းလမ်းအကြောင်း
တရားရုံးမှာ ဦးတိုက်လျှောက်ထားချင်တယ် ၊ ဘယ်လိုနည်းလမ်းတွေနဲ့ရေးသားတိုင်လျှောက်ကြပီး ဘယ်လိုကျင့်ထုံးတွေသုံးပီး ဆောင်ရွက်ကြသလဲဆိုတဲ့အချက်လေးတွေရေးသားတင်ပြပါရစေ ။
အစပိုင်းတုန်းကတော့ ကျနော်လည်း ပတ်ဝန်းကျင်မှာပြောသလိုပဲ ရုံးမှာလျှောက်ရင် ကျင့် ၂၀၀ အရစစ်တယ်ပြောတာပဲ ပီးရင် ဘာဆက်လုပ်ကြလဲမသိဘူးဆိုပီးကြားဖူးပါတယ် ။ 
ကိုယ်တိုင်လည်း မသိခဲ့ပါ ။ 
နောက်ပိုင်းမှ ရှာဖွေဖတ်မှတ်လိုက်ရင်တော့ ရှင်းရှင်းလင်းလင်းလေးသိမှာပဲဆိုပီး ရာဇဝတ်ကျင့်ထုံးကိုဖတ်ကြည့်တယ် ၊ ဆိုရှယ်မီဒီယာပေါ်မှာ ဆရာ၊ ဆရာမ တွေရေးထားတဲ့ နည်းလမ်းလေးတွေမှတ်သားတဲ့အခါမှာတော့တော့ ကျင့်ထုံးထဲက ပုံစံအတိုင်း ဦးတိုက်လျှောက်ကြတယ်ဆိုတာသိလာရလို့ ဦးတိုက်လျှောက်ထားတယ်ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း လွယ်ကူမလိုနဲ့ သတိမူရမယ့်အချက်လေးတွေပါရှိနေပါလားဆိုပီး ရေးသားတင်ပြချင်စိတ်လေးဖြစ်တာနဲ့ ဘယ်လိုအဆင့်ဆင့်လုပ်ဆောင်လဲဆိုတာရေးသားတင်ပြပါရစေ ။ 
ဥပမာတစ်ခုလောက်တင်ပြရရင် အမျိုးသမီးတစ်ဦးကို ကာအိန္ဒြေပျက်စေမယ် ၊ ခြိမ်းခြောက်မယ် ၊ ကိုယ်အင်္ဂါကိုလှစ်လှပ်ပြပီး ဆဲဆိုတိုင်းထွားမယ်ဆိုရင် ဦးတိုက်လျှောက်ထားကြပါတယ် ။ 
ဘယ်လိုပုဒ်မနဲ့အရေးယူမလဲဆိုတာကိုတော့ ကိုယ့်ဘက်ကရေးပီးလျှောက်ရမှာဆိုတော့ ရေးနိုငါရင်လည်းကိုယ်တိုင်ရေးကြည့်ပီး မလျှောက်ခင်တရားခွင်စာရေးကြီးဆီမှာ ပြကြည့်လည်းရတာပဲ ။ 
ဒီအဆင့်ထိက အဆင်ပြေသေးတယ် ။ ရှေ့နေအကျိုးဆောင်ကြီးတွေကို မငှါးလည်းရသေးပေမယ့် ထိုးစစ်ဆင်မယ့်လမ်းကြောင်း (line of attack ) ကိုသေချာဆွဲပီး ပုံဖော်ပေးနိုင်တဲ့ ရှေ့နေအကျိုးဆောင်တွေကို ငှါးရမ်းပီး ရေးသားစေလည်းရပါတယ် ။ 
ပုဒ်မကတော့ ဦးတ်ိုက်လျှောက်လွှာမှာ ရေးတဲ့အတိုင်းလည်းဖြစ်ချင်မှဖြစ်မှာ၊ တရားသူကြီးမင်းကနေ ဖြစ်စဉ်ကိုသုံးသပ်ပီး စစ်မေးပီးတဲ့အခါမှာတော့ ပုဒ်မက ထွက်လာမှာပါ ။ 
ပြစ်မှုနံပါတ် (ပ နံပါတ် ) လည်း အလားတူပဲထွက်လာမှာပါပဲ ။ 
အပေါ်ကပြောသလို ခြိမ်းခြောက်မယ်၊ အိန္ဒြေပျက်အောင်လုပ်မယ် ၊ ဆဲရေးတိုင်းထားပီး ညစ်ညမ်းစွာလှစ်လှပ်လှန်ပြမယ်စတဲ့အချက်တွေကျူးလွန်တာထင်ရှားရင် ထွက်လာမယ့် ပုဒ်မ အစီအရီက ၂၉၄/၃၅၄/၅၀၆/၅၀၉ ဆိုပီး တော့ ထွက်လာမှာပဲါ။
ဦးတိုက်လျှောက်ရင် စီရင်ပိုင်ခွင့်ရှိတဲ့ အမှုဖြစ်ပေါ်တဲ့ နယ်မြေတရားရုံးမှာ လျှောက်မယ်ဆို လျှောက်နိုင်ပီး တိုင်တန်းသူကနေ လုံလောက်တဲ့တံဆိပ်ခေါင်ရထမ်းဆောင်မယ်၊ တိုင်တဲ့သူရော ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ နှစ်ဖက်လုံးရဲ့ နေရပ်လိပ်စာတွေ ပါရှိရပီး အမှုဖြစ်အကျဉ်းလေးက်ုဖော်ပြရပီး ဘယ်လိုပုဒ်မနဲ့အေရးယူပေးပါရန်ဆိုတဲ့အကြောင်းလေးတွေထည့်ရေးပီး ရှေ့နေ့အကျိုးဆောင်ပါရင်လည်း တိုင်သူရော အကျိုးဆောင်ပါ နှစ်ဦးလုံးလက်မှတ်ထိုးတိုင်ခြင်းတွေလုပ်ဆောင်ရပီး တရားသူကြီးက ပြစ်မှုနဲ့ပတ်သက်တဲ့ တိုင်တန်းချက်ကို ရရှိသည့်အခါ အဆ်ိုပါပြစ်မှုက်ို တရားသူကြီးတစ်ဦးဦး( ဘယ်သူစစ်မေးမလဲဆိုတာ ခြွင်းချက်လေးတွေတော့ရှိ) မှ အရေးယူနိုင်တယ်ဆိုပီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၀(၁)(က) မှာပါတယ် ။ 
ဦးတိုက်လျှောက်ရင် ၁၉၀(၁)(က) အရ ဆောင်ရွက်တယ် ။ 
ရဲကအစီရင်ခံလို့ဆိုရင် ၁၉၀(၁)(ခ) အရ ဆောင်ရွက်ပီး 
ရဲလည်းမဟုတ်တဲ့ တစ်ခြားသူတစ်ယောက်ဆီက သတင်းရရှိလို့ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သိရှိလို့ပဲ ဖြစ်ဖြစ် ၊ သံသယရှိလို့ပဲဖြစ်ဖြစ် ကိုယ်တိုင် အရေးယူနိုင်တယ်ဆိုတာကိုတော့ ၁၉၀(၁)(ဂ) မှာပါတယ် ။ 
အခုဦးတ်ိုက်လျှောက်တဲ့ခေါင်းစဉ်ကတော့ ၁၉၀(၁)(က) နဲ့ပဲ သက်ဆိုင်ပါတယ် ။ 
ဒါကြောင့် ၁၉၂ အရ အထက်တရားသူကြီးတစ်ဦးကနေ လွှဲပေးထားတဲ့ အမှုကိုကိုင်တွယ်ရရင်လည်း နောက်တရားသူကြီးတစ်ဦးမှ ကျင့်ထုံးပုဒ်မ ၂၀၀ အရ စစစ်တာပါပဲ ။ တိုင်တန်းသူကိုစစ်ကာ ကျမ်းသစ္စာပြုစေတယ် ။ ပီးရင် ထွက်ချက်တွေရယူပီးတာနဲ့ တိုင်သူရော တရားသူကြီးပါ လက်မှတ်ထိုးပီး နောက်ထပ်နည်းလမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်ပါတယ် ။ ကျင့် ၂၀၀မှာက သတိပြုရတာကတော့ 
-တရားရုံးတစ်ရုံးရဲ့တိုင်တန်းချက်ဆိုရင် 
-ပြည်သူ့ဝန်ထမ်းတစ်ဦးကနေ အလုပ်တာဝန်အရ တိုင်လျှောက်တယ်ဆိုရင် 
-၁၉၂ အရ တရားသူကြီးတစ်ဦးထံ မလွှဲမှီ အထက်က တရားသူကြီးက စစ်မေးခဲ့ပီးပီဆိုလျှင် 
အဆိုပါသုံးချက်နဲ့ညီရင်တော့ တိုင်လျှောက်သူကိုစစ်မေးစရာမလိုတော့ ဆိုပီး ပါရှိပါတယ် ။ 
ကျင့် ၂၀၂အရ တိုင်လျှောက်ပီးတဲ့အခါ တရားသူကြီးကအမှုကို ဆိုင်းငံထားပီး အမှုအားစုံစမ်းစစ်ဆေးနိုင်တယ် ။ တတိယတန်းအာဏာရတားသူကြီးမဟုတ်ဘဲ အခြားတရားသူကြီးတစ်ဦးကနေ လက်အောက်ရှိတရားသူကြီးတစ်ဦးဦးကိုဖြစ်ဖြစ် ၊ ရဲအရာရှိတစ်ဦးကိုဖြစ်ဖြစ် စုံစမ်းထောက်လှမ်းစေနိုင်တယ်ဆိုတာ ပါရှိတော့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၂ ကတော့ စုံစမ်းထောက်လှမ်းစစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ် ။ 
ကျင့်၂၀၃ အရ အမှုကိုပလပ်နိုင်ပီး တိုင်တန်းချက်ဟာ လုံလောက်တဲါအခြေအနေမရှိကြောင်းထင်မြင်လို့ ပလပ်တယ်ဆိုတဲ့အကြောင်းကို အကျဉ်းချုပ်ရေးမှတ်ထားတာဖြစ်ပါတယ် ။ 
ပလပ်ခြင်းမရှိဘူးဆိုရင် ကျင့် ၂၀၄ (၁) အရ သမ္မာန်စာထုတ်ရမယ့်အမှုဆိုရင် သမ္မာန်စာထုတ်ရပီး ဝရမ်းစာထုတ်ရမယ့်အမှုဆိုရင် ဝရမ်းစာထုတ်ရပါတယ် ။ ဝရမ်းထုတ်ပီး တရာရသူကြီးရှေ့မှောက်ခေါ်ဆောင်လာနိုင်စေတယ်လို့ပါရှိပီး ဝရမ်းထုတ်ရမယ့်အမြှပေမယ့်လည်း သင့်တယ်ထင်မြင်ရင် လိုအပ်တဲ့အချိန်မှာ ရုံးရှေ့ရောက်ရှိလာဖို့ သမ္မာန်စာပဲထုတ်ပေးနိုင်တယ်ဆိုပီး ပါရှ်ိပါတယ် ။ 
ကျင့် ၂၀၄(၃) အရတော့ အမိန့်ဆင့်စာ ၊ ဝရမ်းစာ၊ သမ္မာန်စာ ၊ အခြားစရိတ်ငွေ ပေးဆောင်ပေးဖို့လိုရင် စရိတ်မပေးဆောင်ခင် ထုတ်ပေးမှာမဟုတ်ဘဲ သင့်လျော်တဲ့အချိန်မှာ စရိတ်မပေးဆောင်ရင်လည်း အမှုကိုပလပ်မယ်လို့ပါရှိပါတယ် ။ ဒါကြောင့် တိုင်ပီးတာနဲ့မပီးပဲ အဆင့်ဆင့်လုပ်ဆောင်တဲ့အခါ တိုင်သူကနေ လုပ်ဆောင်ပေးစရာတွေလုပ်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေရပါမယ် ။ 
နောက်ဆုံး ၂၀၅ (၁) မှာတော့ စွပ်စွဲခံရသူကိုယ်တိုင် ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်သင့်တယ်ထင်ရင် ခွင့်ပြုပီး ရှေ့နေကိုသာလာရောက်စေနိုင်တယ်လိုပါရှိပီး ကျင့် ၂၀၅(၂) ကတော့ စွပ်စွဲခံရသူကို အမှုစစ်တဲ့ မည်သည့်အချိန်မဆိုရုံးရှေ့လာရောက်စေနိုင်ဖို့ ညွှန်ကြားနိုင်ကြောင်းပါရှ်ိပါတယ် ။ 
ဦးတိုက်လျှောက်ထားမှုမှာ ရာဇဝတ်ကျင့်ထုံး ၁၉၀(၁)(က) နဲ့ ကျင့်ထုံး ၂၀၀၊၂၀၁၊၂၀၂၊၂၀၃၊၂၀၄ ပါအချက်တွေအသုံးပြုပီး အမှုအားလက်ခံမည်၊ စစ်ဆေးမည်၊ ပလပ်မည်အစရှိသဖြင့် အဆင့်ဆင့်ဆောင်ရွက်ကြပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ
ကိုယ်ကြိုးစားနေချိန် လမ်းပြ ညွှန်ကြားပေးတဲ့ ဆရာ၊ ဆရာမ အပေါင်းအား ဥဦးညွှတ်ရှိခိုးပါးတယ်။ 
သင်ဆရာ မြင်ဆရာ ကြားဆရာ အကုန်လုံး တစ်သက်တာ ကျေးဇူးတင်နေမှာပါ
။ 
ဥပဒေ ပညာတိုးတက်ပြန့်ပွါးပါစေ
တရားဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ပေးနိုင်မယ့် လူငယ်တစ်ယောက် ဖြစ်လာပါစေ။
မောင်စောမင်းရှိန် (ပညာသင်)
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate