စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ခြင်း

စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ခြင်း

  စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ခြင်း

 

  ဌာနတည်နေရာ ။  ။ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ် ( ကံဘဲ့ ) 

                               ရှိ ရန်ကုန်တိုင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ။

 

   အခွန်တံဆိပ်ခေါင်း ကပ်ခြင်း

 

   ယခင်က မြေနှင့် အိမ် တန်ဖိုးကို စာချုပ်စာတမ်း

   မှတ်ပုံတင်ရုံး ၊ ရာဖြတ်ဌာနမှ သတ်မှတ်ပေးပါသည် ။

  ထိုသတ်မှတ် တန်ဖိုးအတိုင်း ( ၇ % ) တံဆိပ်ခေါင်းခွန်

  ကပ်နှိပ် ရပါသည် ။ ( ငွေ ၁၀ဝိ တန်လျှင် အခွန်တံဆိပ်ခေါင်း

  ( ရိ ) ကပ်ပေးရပါသည် ။ ) 

  ( မှတ်ချက် - ကာလပေါ် မူတည်ပြီး အခွန်တန်ဖိုး 

                    ပြောင်းနိုင်ပါသည် ) 

  ( ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းသာ )

 

   ယခုအချိန်တွင် မြေနှင့်အိမ် တည်နေရာရှိ ခရိုင်အခွန်

   ဦးစီးဌာနမှူး ပါဝင်သောအဖွဲ့မှ အဆိုပါ မြေနှင့်အိမ် ၊

   မြေကွက်ကို တန်ဖိုး သတ်မှတ်ပေးပြီး စာချုပ်တွင်

   ကပ်နှိပ်ရန် အတွက် အခွန်တံဆိပ်ခေါင်း ရောင်းချပေးပါသည် ။

 

   စာချုပ်ကို မှတ်ပုံတင်ခြင်း လိုအပ်ချက်များ

 

 ၁ . ပထမဦးစွာ လျှောက်လွှာတစ်ဆောင် ဝယ်ယူရမည် ။

     လျှောက်လွှာတွင် အခွန်တံဆိပ်ခေါင်း တစ်လုံး ကပ်နှိပ်ပါ ။

၂ . ရောင်းသူ  / ဝယ်သူ / သက်သေ ( ၂ ) ဦး တို့တွင် 

      မူရင်း အမျိုးသား ( သို့မဟုတ် ) နိုင်ငံသားကဒ် ပါရမည် ။

     ရောင်းသူ / ဝယ်သူ နှစ်ဦးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည် ။

 

၃ . တံဆိပ်ခေါင်း ကပ်နှိပ်ပြီး စာချုပ်တွင် ရောင်းသူ / ဝယ်သူ 

     သက်သေ ( ၂ ) ဦး တို့ လက်မှတ်ရေးထိုးရမည် ။

     အဆိုပါ စာချုပ်အား မိတ္တူ ( ၁ ) စုံ ကူးပါ ။

၄ . မြေပုံမြေရာဇဝင် မူရင်း တင်ပြရမည် ။ 

     အဆိုပါ မြေပုံနှင့် မြေရာဇဝင်ကိုလည်း မိတ္တူ ( ၁ ) စုံ ကူးပါ ။

၅ . မူရင်း မြေဂရန် ယူလာရမည် ။ 

     အဆိုပါ မြေဂရန်အား မိတ္တူ ( ၁ ) စုံ ကူးပါ ။

 

၆ . အဆင့်ဆင့် ရောင်းချခြင်း ရှိလျှင် တရားဝင် 

      ဆက်စပ်စာချုပ်များ ယူလာရမည် ။ ၎င်းတို့ကိုလည်း

      မိတ္တူ ( ၁ ) ကူးပါ ။ ပြည့်စုံလျှင် စာချုပ်စာတမ်း

      မှတ်ပုံတင် ဌာနမှူးမှ စစ်ဆေးပြီး မှတ်ပုံတင်ပေးမည် 

      ဖြစ်သည် ။ ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနသို့

      သွားရောက်၍ ကျသင့်ငွေ သွင်းခြင်း ၊ ရောင်းသူ / ဝယ်သူ /

      သက်သေတို့ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ပြီးလျှင် 

      ရောင်းဝယ်ခြင်း ကိစ္စ အထမြောက်ပါသည် ။

 

      ဌာနမှ ချိန်းဆိုထားသော ရက်တွင် စာချုပ်အား

     သွားရောက် ထုတ်ယူနိုင်ပါသည် ။ ထုတ်ယူရာတွင်

     စာချုပ်တွင် အမည်ပါဝင်သူများသာ ထုတ်ယူခွင့် ရှိပါသည် ။

 

   မှတ်ချက်

 -  အရောင်းအဝယ် စာချုပ် ချုပ်ဆိုသည့် 

     နေ့မှ ( ၄ ) လအတွင်း မှတ်ပုံတင်ရမည် ။

 -  မြေပုံနှင့်မြေရာဇဝင် သက်တမ်းသည် ဌာနမှ

     ထုတ်ပေးသည့် နေ့မှစ၍ (၁) နှစ်သာ 

     သက်တမ်း ရှိပါသည် ။

 -  မှတ်ပုံတင် ကိုယ်စားလှယ်စာ SP , GP ရသူသည်

    လွှဲအပ်သူကိုယ်စား လက်မှတ်ရေးထိုးနိုင်သည် ။

 

   ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာခြင်း

 

   ဂရန်အမည်ပေါက်သူ ကွယ်လွန်လျှင်

 - ဇနီး သို့မဟုတ် ခင်ပွန်း ( သားသမီး )

 - ကျန်ရစ်သူ ဆွေမျိုးသားချင်းများက 

   လျှောက်ထားခြင်း

   ပထမဦးစွာ လျှောက်လွှာ ( ၂ ) စုံ 

   ဝယ်ယူ၍ ( ၁ ) စုံ စီတွင် အခွန်တံဆိပ်ခေါင်း 

   ကပ်ရပါမည် ။

 

  စာချုပ်ကို မှတ်ပုံတင်ခြင်း

 

၁ . ကျန်ရစ်သူ ( သို့မဟုတ် ) ပိုင်ဆိုင်ကြောင်း

     ကြေညာမည့်သူ၏ မှတ်ပုံတင် မူရင်း ပါရမည် ။

     သက်သေ ( ၂ ) ဦး၏ မှတ်ပုံတင် မူရင်း ပါရမည် ။

     သက်သေ ( ၂ ) ဦး၏ မှတ်ပုံတင် မူရင်း ပါရမည် ။

၂ . မြေဂရန်မူရင်း ပါရှိရမည် ။ 

     ၎င်းကို မိတ္တူကူးပါ ။

 

၃ .  မြေပုံနှင့်မြေရာဇဝင် မူရင်း ပါရှိရမည် ။ 

       ၎င်းကို မိတ္တူကူးပါ ။

၄ .  သေစာရင်း မူရင်း ပါရှိရမည် ။ 

      ၎င်းကို မိတ္တူကူးပါ ။

၅ . ကြေငြာစာချုပ်ကို မိတ္တူ တစ်စုံ ကူးပါ ။

 

၆ . ကျန်ရစ်သူသည် ကွယ်လွန်သူနှင့် မည်ကဲ့သို့

     တော်စပ်ကြောင်း ၊ အမွေဆက်ခံခွင့် ရှိကြောင်း 

     ကိုယ်တိုင် ကတိသစ္စာ ပြုလွှာ သို့မဟုတ် 

     ကျမ်းကျိန်လွှာ မူရင်း ( ထိုကျမ်းကျိန်လွှာသည် 

     ကျိန်ဆိုသည့် နေ့မှ ( ၄ ) လအတွင်း ဖြစ်ရမည် ။ 

     ၎င်းကို မိတ္တူကူးပါ ။

 

၇ .  စာရွက်စာတမ်းများ ပြည့်စုံလျှင် စာချုပ်စာတမ်း 

      မှတ်ပုံတင် ဌာနမှူးက မှတ်ပုံတင် ပေးပါမည် ။ 

      ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနများသို့ 

      သွား၍ ငွေသွင်းခြင်း ၊ လက်ဗွေနှိပ်ခြင်းများ 

      ဆောင်ရွက်ရပါမည် ။

၈ . စာချုပ်စာတမ်းကို စာချုပ်တွင် ပါဝင်သူ

     တစ်ဦးဦးက ချိန်းဆိုသော ရက်တွင် 

     သွားရောက် ထုတ်ယူနိုင်ပါသည် ။

 

 Credit: ဦးသန်းညွန့်အောင် ( တရားလွှတ်တော် ရှေ့နေ)

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate