တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ကျမ်းစာထုတ်ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သိနိုင်ဖို့ သိပ်မလွယ်ပါဘူး။@@@

တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ကျမ်းစာထုတ်ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သိနိုင်ဖို့ သိပ်မလွယ်ပါဘူး။@@@

တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ကျမ်းစာထုတ်ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သိနိုင်ဖို့ သိပ်မလွယ်ပါဘူး။

ကျမ်းသစ္စာ ကျိန်စာဆိုတာကျမ်းစူးတဲ့ အကြောင်းလေးပါပဲ…. ကျမ်းကျိန်ကျမ်းစူး ဘယ်ယတြာမှမကယ်နိူင်ဘူးလို့ ရှေးလူကြီးများက ပြောခဲ့ကြပါတယ်။တခုခုဖြစ်တိုင်း တရားစွဲမယ် …… တရားရုံးရောက်မှ ရှင်းမယ်နဲ့ လွယ်တယ်မှတ်ယူနေကြတာလည်း ရှိပါတယ်။

အရင်ဆုံး တရားလိုရော တရားပြိုင်ရော သက်သေရော ကျမ်းထုတ်ကိုကိုင်ပြီး ကျမ်းကျိန်ရတာ …. ကျမ်းထုတ်ထဲမှာ ဘာကျိန်စာတွေပါမှန်းမသိပဲ လွယ်လွယ် နဲ့ ကျိန်လိုက်ပြီး အမှန်အတိုင်းပြောရင်တော့ အမှုနိုင်ချင်တဲ့ဇော နဲ့ပဲ

မဟုတ်မမှန်တာတွေ ထွက်ဆိုချက်ပေးမိတာတွေ၊ ဂျပိုးကို လိပ်ဖြစ်အောင်ပြောသူတွေ၊ မတရားသက်သေတွေ သက်သေအလိမ်တွေ အတွက် ကျိန်စာက အဆင်သင့်စောင့်ကြိုနေတာပဲ ဖြစ်ပါတယ်။

ကျမ်းစာထုတ်ထဲမှာ ဘာတွေပါနေတာလဲ

---------------------------

ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာတွင်"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿစိန္တိတံ သတ္တသင်္ချေ ယျ၊ နဝသင်္ချေယျ ဝါစကံ၊ ကာယ ဝါစာ စတုချာတံ"

လို့့ ကျမ်းစာကိုစတင်ဖွင့်ထားပြီး အောက်အပိုဒ်တွင် ကျမ်းစာကို စောင့်ရှောက်သော နတ်အပေါင်းတို့ကို တိုင်တည်ထားပါတယ်။

ဗုဒ္ဓတ္တံ သမုပါဂမိ ဟူသောပါဌ်ဂါထာနှင့် လျော်ညီစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့်ကမ္ဘာ တစ် သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဒါနပါရမီ၊ သီလပါရမီ၊ နိက်ခမပါရမီ၊ ပညာပါရမီ၊ ခန်တီပါရမီ၊ ဝီရိယပါရမီ၊ သစ်စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဆိုသည့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကိုလည်းကောင်း၊ စွန့်ခြင်းကြီးငါးပါးနှင့် စရိယသုံးပါးတို့ကိုလည်းကောင်း ဖြည့်ကျင့်တော်မူပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိယောဓသစ္စာ၊ မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးပါးတရားတို့ကို သိတော်မူ၍ ဂင်္ဂါသဲလုံးနှင့်အမျှပွင့်ကုန်တော်မူသော် ပညာဓိကဘုရား၊ ဝိရိယာဓိကဘုရား၊သဒ္ဓါဓိကဘုရားအပေါင်းတို့ကိုလည်းကောင်း၊ လောကကို စောင့်ရှောက်သည်ဟု အဆိုရှိ သော စန္ဒီပါရမီတွာ၊ မဟာပိန္နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး၊ သာသနာတော်ကိုစောင့်သောနတ်ကြီး၊ ပိဋကတ်သုံးပုံ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုးအာကာသစိုး နတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ အရပ်လေး မျက်နှာကိုစောင့်သော နတ်၊ အရပ်ရှစ်မျက်နှာကို စောင့်သော နတ်အပေါင်းတို့သည် ကျမ်းသစ္စာကို မှန်ကန်စွာကျိန်ဆိုသူတို့အား အမြဲစောင့်ရှောက် တော်မူစေသတည်း ဟူ၍ လေးနက်စွာ တိုင်တည်ထားသည်။

ကျမ်းသစ္စာကျိန်ဆိုရာတွင် မဟုတ်မမှန်ထွက်ဆိုပါက ရရှိခံစားရမည့် အကျိုးတရားများကိုလည်း ယခုလိုရေးထိုး ထားပါတယ်။ ဟုတ်မှန်သည်ကိုသာထွက်ဆိုပါမည်။ မဟုတ်မမှန်ဆိုရင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း တွက်ကိန်း ပြည်ထ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက်ခမ ပါရမီ၊ ဝီရိယပါရမီ၊ ခန်တီပါရမီ၊ ပညာပါရမီ၊သစ္စာ ပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ ပါရမီဆယ်ပါးအပြား သုံးဆယ်ကိုဖြည့်၍ ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေသေစေသော ဟူလေ ။လက်ျာရံရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင် မောဂ္ဂလာန်စသောအသီတ ိရှစ်ကျိပ်သော ရဟန္တာမြတ် တို့၏ ဓာတ်တော် မွေတော်ကိုစောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ထိုမှတစ်ပါး ဘုရား သခင် ဟောတော် မူသော၊ ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်

စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှ တစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ က္ကသျှုဗေဒင်၊ အာတပန ဗေဒင်လေးပုံကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

ထိုမှတစ်ပါး သာသနာတော်ငါးထောင်ကို စောင့်သောနတ်လည်းသတ်၍မနေ သေစေ သော ဟူလေ။ထိုမှတစ်ပါး ဇမ္မူဒီပါ၊ အပရဂေါယာ၊ ဥတ္တ ရကုရု၊ ပြုဗ္မဝိဒေဟာကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။

ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါ ယမုံနာ၊ အစီ ရဝတီ မဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊ အိုင်အင်းချောင်း မြောင်း၊ အပေါင်းစောင့်မှတ် ခပ်သိမ်းနတ်လည်း သတ် ၍မနေ သေစေသော ဟူလေ။

ဟိမဝန္တာတောသုံးတောင် ကို ကုန်အောင် စောင့်သော အာကာသစိုး၊ဗိဿနိုးမလွတ် ဘုတ်ပြိတ်နတ်လည်း သတ်၍မနေသေစေသော ဟူလေ။ထိုမှတစ်ပါး အဿမုက္ခိ၊ စန္ဒပါရမီသွာ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ၊ ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသော ဟူလေ။ထိုမှ တစ်ပါး ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍လတ်လတ်ချက်ချင်း သေစေသော ဟူလေ။ထိုမှတစ်ပါး သားမြေးဥစ္စာ၊ မကြာပျက်စီး၊ ဆီမီးတန်ဆောင်၊ တုံးသော ရောင်သို့၊ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ ရောက်စေသော ဟူလေ။

ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင်၊ ရေနေအပေါင်း၊ မိချောင်း လပိုင်၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး၊ စား၍မနေ သေစေ သော ဟူလေ။

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ၊ စိုင်ထီးငမွဲ၊ ဝက်ရဲစား၍၊ ထွားထွားညက်ညက်၊ ကိုယ်လုံးပျက်၍ သေစေသော ဟူလေ။ ထိုမှတစ်ပါး မြွေပွေးမြွေဟောက်၊ ငန်းပျောက်ငန်းကျား၊ ငန်းငါးပါး လည်း ပေါက်ထမနေ သေစေသော ဟူလေ။ ထိုမှတစ်ပါးသေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊

ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊အပါယ်လေးပါး လားစေသော ဟူလေ။ထိုမှတစ်ပါး လူဖြစ် ငြားလည်း၊ လူချင်းမတူ၊ နုဖြူနုဆွတ်၊ မုန်ညင်းရွက်အဆင်း ခရုသင်းမလွတ်၊ ဘက်သကဘက်သများ၊ ထိုအနာလည်း စွဲ စေသော ဟူလေ။ထိုမှတစ်ပါး မင်းကမလွတ်၊ အမတ် ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့် ခြေလက်ထောင်းထောင်း၊

လက်ဦးခေါင်းလည်း၊ ထောင်း ထောင်းပြတ်၍ သေစေသော ဟူလေ။ထိုမှတစ်ပါး မဟာသမုဒ္ဒရာ၊ ပင်လယ်ကြောဝယ်၊ သင်္ဘောလှေကြီး၊ပျက်စီးမျောပါ၊ တွဲသောလားသို့၊ ထွားထွားညက်ညက် ပျက်စေသောဟူလေ။ ထိုမှတစ်ပါး ဂွမ်းတလှည်းတို၊ အကျွမ်းဘုတ်သော်၊တဆုပ်လောက်မျှ၊ စမ်းမရသို့ ဖြစ်သော ဟူလေ။

ထိုမှတစ်ပါး သား၊ မြေး၊ ကျေးကျွန်၊ ထွန် သည့် ကျွဲ၊ နွား၊ ခမ်းနား မကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်း ရဲကြီးသည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊ ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘဝ၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသော ဟူလေ။

ထိုမှ တစ်ပါး မင်းနန်းသူကျိန်ခြင်း၊ ထုံးနှယ်ဆင်းသည်၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော ဟူလေ ...စသည်ဖြင့် မုသားထွက်ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ၊ လော ကုတ္တာအကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ဖော်ပြထားပါတယ်။

ဟုတ်မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည်သာမက နတ်ပြည် သို့ ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ ရရှိစေကြောင်းဖော်ပြထားသည်။ဟုတ်မှန်သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ၊ အာနုဘော်

အကျိုးဆက်ကြောင့် ယခင် ရေရွတ်ဆိုခဲ့ပြီး သာ နတ်ကောင်း၊ နတ်မြတ်အပေါင်းတို့သည် ကောင်းသောကြည့်ခြင်းဖြင့်ကြည့်မြင်လျက်စောင့်ရှောက်တော် မူကြသည်ဖြစ်၍၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်း ဖြစ်စေသတည်း။

ထိုမှတစ်ပါး မှန်သောသစ္စာအာနုဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ် ပြည်စိုး၊ အမှုအမတ်၊ သူရဲသူခက်အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်းတို့သည်ရင်ဝယ် ဖြစ်သောသားကဲ့သို့ သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည်ဓာတ်လေးပါးတို့ သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ်ဒဏ်ဟူသမျှ၊ ရောဂါအနာမျိုး၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက်၊ မကပ် မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ၊ ကုံလုံကြွယ်ဝလျက်၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို၊ ကြိမ်ဖန်များစွာ၊ ဒါန၊ သီလ တို့ကိုမပြတ်ဖြည့်စွမ်းနိုင်၍၊ သာသနာတော်မြတ်ကို ချီး ပင့်နိုင်သူဖြစ်စေသတည်းလို့ ပါရှိပါတယ်။

သေတုံသော်လည်း အပါယ် လေးပါး၊ ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးသို့၊ မလားမကပ်၊ မရောက်သည်ဖြစ်၍၊ လူ့ပြည်နတ်ရွာ၊ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း၊ ကိုယ်မှ စ၍ သား၊ မြေး ဥစ္စာ၊ ရတနာမျိုး၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သောဂုဏ်ကျက်သရေ၊ တနေ့တဆင့်၊ ဆန်းလမြင့်သို့ ဖြစ်စေသော်ဟု ပါရှိပါသည်။

ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ၏ အောက်ဆုံးအပိုဒ်တွင်ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက်(ကျမ်းစာကိုမိမိလက်နှစ်ဖက်ဖြင့်စုံကိုင်၍) ယခုတရားရုံးရှေ့ ကျရောက် သည့်အမှုတွင် အလုံးစုံအမှန်အကန် အစစ်ခံပါမည်ဟု ကျွန်ုပ် ကြေညာပါသည်။ ကျွန်ုပ်သည် မမှန်မကန်သည်ကို အစစ်ခံသည်ရှိသော်၊ သို့တည်းမဟုတ် မည် သည်ကိုမဆို ထိန်ချန်ထားသည်ရှိသော် ဤကျမ်းစာတွင် ဖော်ပြထားသော ကျိန်စာများ ကျွန်ုပ်အား သင့်ပါစေသား၊ ကျွန်ုပ်သည် အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော် ဤ ကျမ်းစာတွင် ဖော်ပြထားသော ကောင်းကျိုးချမ်းသာကိုခံစားရပါစေသား။

Credit မြန်မာနိုင်ငံပြန်တမ်း စာမျက်နှ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate