တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာ ထုတ်ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သိနိုင်ဖို့ သိပ် မလွယ်ပါဘူး ။

တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာ ထုတ်ထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သိနိုင်ဖို့ သိပ် မလွယ်ပါဘူး ။

တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာ ထုတ်ထဲမှာ 

ဘာတွေ ရေးထားလဲ ဆိုတာ သိနိုင်ဖို့  သိပ်မလွယ် ပါဘူး ။

ကျမ်းသစ္စာ ကျိန်စာ ဆိုတာ ကျမ်းစူးတဲ့ အကြောင်းလေး ပါပဲ….

ကျမ်းကျိန် ကျမ်းစူး ဘယ်ယတြာမှ မကယ်နိူင် ဘူးလို့ ရှေးလူကြီးများက ပြောခဲ့ကြ ပါတယ် ။

တခုခုဖြစ်တိုင်း တရားစွဲမယ် …… တရားရုံး ရောက်မှ ရှင်းမယ်နဲ့ လွယ်တယ် မှတ်ယူ နေကြတာလည်း ရှိပါတယ် ။

အရင်ဆုံး တရားလိုရော တရားပြိုင်ရော သက်သေရော ကျမ်းထုတ်ကို ကိုင်ပြီး 

ကျမ်းကျိန်ရတာ …. ကျမ်းထုတ် ထဲမှာ ဘာကျိန်စာတွေ ပါမှန်း မသိပဲ 

လွယ်လွယ် နဲ့ ကျိန်လိုက်ပြီး အမှန်အတိုင်း ပြောရင်တော့ အမှုနိုင် ချင်တဲ့ ဇောနဲ့ပဲ

မဟုတ် မမှန်တာတွေ ထွက်ဆိုချက် ပေးမိ တာတွေ ၊ ဂျပိုးကို လိပ်ဖြစ်အောင် ပြောသူတွေ ၊ 

မတရား သက်သေတွေ သက်သေ အလိမ်တွေ အတွက် ကျိန်စာက အဆင်သင့် စောင့်ကြို နေတာပဲ ဖြစ်ပါတယ် ။

ကျမ်းစာ ထုတ်ထဲမှာ ဘာတွေ ပါနေတာလဲ

 

---------------------------

 

ကျမ်းသစ္စာ ကျိန်ဆိုမြဲ ကျမ်းစာတွင် " နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 

စိန္တိတံ သတ္တသင်္ချေ ယျ ၊ နဝသင်္ချေယျ ဝါစကံ ၊ ကာယ ဝါစာ စတုချာတံ "လို့ ကျမ်းစာကို စတင်ဖွင့် ထားပြီး 

 

အောက်အပိုဒ်တွင် ကျမ်းစာကို စောင့်ရှောက်သော နတ်အပေါင်း တို့ကို တိုင်တည် ထားပါတယ် ။

 

ဗုဒ္ဓတ္တံ သမုပါဂမိ ဟူသောပါဌ်ဂါထာနှင့် လျော်ညီစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ 

 

ရှစ်သင်္ချေ နှင့်ကမ္ဘာ တစ်သိန်း ၊ တစ်ဆယ့် ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင်

 

 ဒါန ပါရမီ ၊ သီလ ပါရမီ ၊ နိက်ခမ ပါရမီ ၊ ပညာ ပါရမီ ၊ ခန်တီ ပါရမီ ၊ ဝီရိယ ပါရမီ ၊ သစ်စာ ပါရမီ ၊ 

 

အဓိဋ္ဌာန် ပါရမီ ၊ မေတ္တာ ပါရမီ ၊ ဥပေက္ခာ ပါရမီ ဆိုသည့် ပါရမီ ဆယ်ပါး အပြားသုံးဆယ်ကို လည်းကောင်း ၊

 

 စွန့်ခြင်း ကြီးငါးပါး နှင့် စရိယ သုံးပါး တို့ကို လည်းကောင်း ဖြည့်ကျင့် တော်မူပြီးမှ ဒုက္ခသစ္စာ ၊ သမုဒယ သစ္စာ ၊  

 

နိယောဓ သစ္စာ ၊ မဂ္ဂ သစ္စာ တည်းဟူသော သစ္စာလေးပါး တရားတို့ကို သိတော်မူ၍ ဂင်္ဂါသဲလုံးနှင့်

 

အမျှပွင့် ကုန်တော် မူသော် ပညာဓိက ဘုရား ၊ ဝိရိယာဓိက ဘုရား ၊ သဒ္ဓါဓိက ဘုရားအပေါင်း တို့ကို လည်းကောင်း ၊ 

 

လောကကို စောင့်ရှောက် သည်ဟု အဆိုရှိ သော စန္ဒီပါရမီတွာ ၊ မဟာပိန္နဲ ၊ ကုတဲ ၊ ဂေါရ မန္တနတ်ကြီး ၊ 

 

သာသနာတော်ကို စောင့်သော နတ်ကြီး ၊ ပိဋကတ် သုံးပုံ ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊

 

စတုလောကပါလ နတ်ကြီး ၊ မဟာမေဂလာနတ်ကြီး ၊ ရုက္ခစိုး အာကာ သစိုး နတ်ကြီး ၊ ပြည်စောင့်နတ် ၊ 

 

မြို့စောင့်နတ် ၊ အရပ်လေး မျက်နှာကိုစောင့်သော နတ် ၊ အရပ်ရှစ်မျက်နှာကို စောင့်သော နတ်အပေါင်းတို့သည် 

 

ကျမ်းသစ္စာကို မှန်ကန်စွာ ကျိန်ဆို သူတို့အား အမြဲ စောင့်ရှောက် တော်မူစေ သတည်း ဟူ၍ လေးနက်စွာ တိုင်တည် ထားသည် ။

 

ကျမ်းသစ္စာ ကျိန်ဆို ရာတွင် မဟုတ်မမှန် ထွက်ဆိုပါက ရရှိ ခံစားရမည့် အကျိုးတရား များကိုလည်း ယခုလိုရေးထိုး ထားပါတယ် ။

 

 ဟုတ်မှန်သည် ကိုသာ ထွက်ဆို ပါမည် ။ 

 

မဟုတ်မမှန် ဆိုရင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တွက်ကိန်း ပြည်ထ ၊ 

 

လုံ့လ သည်းစွာ ၊ ဒါနပါရမီ ၊ သီလပါရမီ ၊ နိက်ခမ ပါရမီ ၊ ဝီရိယ ပါရမီ ၊ ခန်တီ ပါရမီ ၊ 

 

ပညာ ပါရမီ ၊ သစ္စာ ပါရမီ ၊ မေတ္တာ ပါရမီ ၊ အဓိဋ္ဌာန် ပါရမီ ပါရမီ ဆယ်ပါးအပြား သုံးဆယ် ကိုဖြည့်၍

 

 ဘုရားရှင် ကိုယ်တော် မြတ်ကို စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

 

သွားတော် လေးဆယ် ၊ စွယ်တော် လေးချောင်း ၊ ညှပ်ရိုးတော် နှစ်ချောင်း ၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို 

 

စောင့်သော နတ်လည်း သတ်၍ မနေ သေစေသော ဟူလေ ။ လက်ျာရံ ရှင်သာရိပုတ္တရာ ၊ 

 

လက်ဝဲရံရှင် မောဂ္ဂလာန် စသော အသီတ ိရှစ်ကျိပ်သော ရဟန္တာမြတ်

 

 တို့၏  ဓာတ်တော် မွေတော်ကို စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

 

ထိုမှတစ်ပါး ဘုရား သခင် ဟောတော် မူသော ၊ ဝိနည်း ငါးကျမ်း ၊ သုတ်သုံးကျမ်း ၊ အဘိဓမ္မာ ခုနစ်ကျမ်း ၊

 

 ပိဋကတ် သုံးပုံ ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်း လေးထောင် ကျမ်းကုန်အောင်

 

စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။ 

 

ထိုမှ တစ်ပါး သာမဗေဒင် ၊ ယဇုဗေဒင် ၊ က္ကသျှုဗေဒင် ၊ အာတပန ဗေဒင်လေးပုံကို 

 

စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

 

ထိုမှတစ်ပါး သာသနာတော် ငါးထောင်ကို စောင့်သော နတ်လည်း သတ်၍ မနေသေစေ သော ဟူလေ ။

 

ထိုမှတစ်ပါး ဇမ္မူဒီပါ ၊ အပရဂေါယာ ၊ ဥတ္တ ရကုရု ၊ ပြုဗ္မဝိဒေဟာ ကျွန်းကြီး လေးကျွန်း ၊

 

 ကျွန်းငယ် နှစ်ထောင် ၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

 

ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါ ယမုံနာ၊ အစီ ရဝတီ မဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊

 

 အိုင်အင်းချောင်း မြောင်း ၊ အပေါင်း စောင့်မှတ် ခပ်သိမ်း နတ်လည်း သတ် ၍မနေ သေစေသော ဟူလေ ။

 

ဟိမဝန္တာတော သုံးတောင် ကို ကုန်အောင် စောင့်သော အာကာသစိုး ၊ ဗိဿနိုးမလွတ် 

 

ဘုတ်ပြိတ်နတ် လည်းသတ်၍ မနေသေစေသော ဟူလေ ။

 

 

ထိုမှတစ်ပါး အဿမုက္ခိ ၊ စန္ဒပါရမီသွာ ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ ၊

 

 ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသော ဟူလေ ။

 

ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသော ဟူလေ ။

 

ထိုမှ တစ်ပါး ဘေးရှစ်ပါး ၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ် ချက်ချင်း သေစေသော ဟူလေ ။

 

ထိုမှတစ်ပါး သားမြေးဥစ္စာ ၊ မကြာပျက်စီး ၊ ဆီမီးတန်ဆောင် ၊ တုံးသော ရောင်သို့ ၊ 

 

ကုန်အောင် မကြွင်း ပျက်စီးခြင်းသို့ ရောက်စေသော ဟူလေ ။

 

ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင် ၊ ရေနေ အပေါင်း ၊ 

 

မိချောင်း လပိုင် ၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး ၊ စား၍မနေ သေစေ သော ဟူလေ။

 

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား ၊ များသည်အနေ ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ ၊

 

 စိုင်ထီးငမွဲ ၊ ဝက်ရဲစား၍ ၊ ထွားထွား ညက်ညက် ၊ ကိုယ်လုံးပျက်၍ သေစေသော ဟူလေ ။

 

 ထိုမှတစ်ပါး မြွေပွေး မြွေဟောက် ၊ ငန်းပျောက်ငန်းကျား ၊ ငန်းငါးပါး လည်း ပေါက်ထမနေ သေစေသော ဟူလေ ။

 

 ထိုမှတစ်ပါး သေတုံ ငြားလည်း ၊ ငရဲကြီးရှစ်ထပ် ၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ် ၊ တိရစ္ဆာန် ၊ ပြိတ္တာ၊ 

 

အသူရကာယ်၊အပါယ်လေးပါး လားစေသော ဟူလေ။

 

ထိုမှတစ်ပါး လူဖြစ် ငြားလည်း ၊ လူချင်းမတူ ၊ နုဖြူနုဆွတ် ၊ မုန်ညင်းရွက်အဆင်း ခရုသင်းမလွတ်၊ 

 

ဘက်သက ဘက်သများ ၊ ထိုအနာလည်း စွဲ စေသော ဟူလေ ။

 

ထိုမှတစ်ပါး မင်းကမလွတ် ၊ အမတ် ဗိုလ်ပါ ၊ စွဲစရာသား ၊ အိမ်ထား လက်နက် ၊ 

 

သုံးမည်စက်နှင့် ခြေလက် ထောင်းထောင်း ၊ လက်ဦး ခေါင်းလည်း ၊ ထောင်း ထောင်းပြတ်၍ သေစေသော ဟူလေ ။

 

ထိုမှတစ်ပါး မဟာသမုဒ္ဒရာ ၊ ပင်လယ် ကြောဝယ် ၊ သင်္ဘောလှေကြီး ၊ ပျက်စီး မျောပါ ၊ တွဲသော လားသို့ ၊

 

 ထွားထွား ညက်ညက် ပျက်စေသော ဟူလေ ။ ထိုမှတစ်ပါး ဂွမ်းတလှည်းတို ၊ အကျွမ်း ဘုတ်သော် ၊

 

တဆုပ်လောက်မျှ ၊ စမ်းမရသို့ ဖြစ်သော ဟူလေ ။

 

ထိုမှတစ်ပါး သား ၊ မြေး ၊ ကျေးကျွန် ၊ ထွန် သည့် ကျွဲ ၊ နွား ၊ ခမ်းနား မကြွင်း ၊ ပြုန်းတီးခြင်းနှင့် ဆင်း ရဲကြီးသည် ၊ 

 

မြေကြီးဝက်ခွဲ ၊ ခွက်လက်စွဲ၍ ၊ ငရဲအရှင် ၊ စားကျင်လှည့်ကာ ၊ ဘုန်းစား ရာဘဝ ၊ တွင်းဆုံးကျ၍ ၊

 

 အလှမဲ့ပါ ၊ လူပြိတ္တာလည်း ဖြစ်စေသော ဟူလေ ။

 

ထိုမှ တစ်ပါး မင်းနန်းသူ ကျိန်ခြင်း ၊ ထုံးနှယ် ဆင်းသည် ၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော ဟူလေ ...

 

စသည်ဖြင့် မုသားထွက် ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ ၊ လော ကုတ္တာအကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ဖော်ပြ ထားပါတယ် ။

 

ဟုတ်မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည်သာမက နတ်ပြည် သို့ ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ

 

 ရရှိစေကြောင်း ဖော်ပြ ထားသည် ။ ဟုတ်မှန် သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ ၊ အာနုဘော်

 

အကျိုးဆက်ကြောင့် ယခင် ရေရွတ်ဆိုခဲ့ပြီး သာ နတ်ကောင်း ၊ နတ်မြတ် အပေါင်းတို့သည်

 

 ကောင်းသော ကြည့်ခြင်းဖြင့် ကြည့်မြင်လျက် စောင့်ရှောက်တော် မူကြသည် ဖြစ်၍ ၊ 

 

ကာယသုခ ၊ စိတ္တသုခ ၊ ချမ်းသာခြင်း ဖြစ်စေသတည်း ။

 

ထိုမှတစ်ပါး မှန်သောသစ္စာ အာနုဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ် ပြည်စိုး ၊ အမှုအမတ် ၊ 

 

သူရဲသူခက် အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်း တို့သည်ရင်ဝယ် ဖြစ်သော သားကဲ့သို့ 

 

သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည်ဓာတ်လေးပါးတို့ 

 

သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း ၊ ဘေးဥပဒ် အပေါင်း ၊ အပြစ်ဒဏ် ဟူသမျှ ၊ 

 

ရောဂါ အနာမျိုး ၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက် ၊ မကပ် မစွန်းမငြိ ၊ ချမ်းသာ အတိပြည့်စုံ ၊

 

 ကုံလုံ ကြွယ်ဝလျက် ၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို ၊ ကြိမ်ဖန်များစွာ ၊ ဒါန ၊ သီလ တို့ကိုမပြတ် ဖြည့်စွမ်းနိုင်၍ ၊

 

 သာသနာ တော်မြတ်ကို ချီးပင့်နိုင်သူ ဖြစ်စေ သတည်းလို့ ပါရှိပါတယ် ။

 

သေတုံသော်လည်း အပါယ် လေးပါး ၊ ကပ်သုံးပါး ၊ အရပ်ပြစ် ရှစ်ပါး ၊ ရန်သူမျိုး ငါးပါးသို့ ၊ မလားမကပ် ၊

 

 မရောက် သည်ဖြစ်၍ ၊ လူ့ပြည် နတ်ရွာ ၊ ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း ၊ ကိုယ်မှ စ၍ သား ၊

 

 မြေး ဥစ္စာ ၊ ရတနာမျိုး ၊ တက်တိုးချမ်းသာ ၊ မင်္ဂလာအပေါင်း ၊ ကောင်းမြတ်သော ဂုဏ်ကျက် သရေ ၊ 

 

တနေ့တဆင့် ၊ ဆန်းလမြင့်သို့  ဖြစ်စေသော်ဟု ပါရှိပါသည် ။

 

ကျမ်းသစ္စာ ကျိန်ဆိုမြဲ ကျမ်းစာ၏ အောက်ဆုံး အပိုဒ်တွင် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက်

 

( ကျမ်းစာကို မိမိ လက်နှစ်ဖက်ဖြင့် စုံကိုင်၍ ) ယခုတရားရုံး ရှေ့ကျရောက် သည့်အမှုတွင်

 

 အလုံးစုံ အမှန်အကန် အစစ်ခံပါမည်ဟု ကျွန်ုပ် ကြေညာပါသည် ။ 

 

ကျွန်ုပ်သည် မမှန်မကန် သည်ကို အစစ်ခံ သည်ရှိသော် ၊ သို့တည်းမဟုတ် မည် သည်ကိုမဆို ထိန်ချန် ထားသည် ရှိသော် 

 

ဤကျမ်းစာတွင် ဖော်ပြထားသော ကျိန်စာများ ကျွန်ုပ်အား သင့်ပါစေသား ၊ 

 

ကျွန်ုပ်သည် အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော် ဤ ကျမ်းစာတွင် ဖော်ပြထားသော

 

 ကောင်းကျိုး ချမ်းသာကို ခံစားရ ပါစေသား ။

 

Credit မြန်မာနိုင်ငံ ပြန်တမ်း စာမျက်နှာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate