ဥပဒေ ကြောင်းအရ ရှင်းရှင်း လင်းလင်း သိပါရစေ ။

   ကျွန်တော့် ကိုယ်ပိုင် ခြံထဲမှာ မနေ နိုင်လို့ အခြား 

လူတစ်ဦးကို အခမဲ့ နေထိုင် ခွင့်ပြု ထားတာ ၁၅ နှစ်

ရှိပါပြီ ။ တချို့ သူတွေက ပိုင်ရှင် ဖြစ်သူဟာ သူ့အိမ် 

ဒါမှ မဟုတ် သူ့မြေကွက် ထဲမှာ တစ်စုံ တစ်ယောက်

ကို အခမဲ့ နေထိုင် ခွင့်ပြု ထားတာ ၊ ကာလရှည် ငှား

ရမ်း ထားတာ ၁၂ နှစ် ကျော်ရင် ဖယ်ရှားလို့ မရတော့

ဘူးဆိုတဲ့ ဥပဒေရှိ သလိုလို ၊ စီရင်ထုံး ရှိသလိုလို ပြော

ဆိုနေ ကြတာတွေ ရှိပါတယ် ။ ဥပဒေ ကြောင်းအရ 

ရှင်းရှင်း လင်းလင်း သိပါရစေ ။ ဒါက အရပ်ထဲမှာ 

ပြော နေကြတာ .. အခုတလော ပေါ့နော် ။ ဘာဖြစ်

လို့လဲ ဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်

အိမ်မှာ ပေါ့ ၊ နှစ်ရှည် မငှားထားနဲ့ နှင်လို့ မရဘူး ဖြစ်

သွားမယ် ။ အိမ်ငှားလည်း ကြာကြာ မငှားနဲ့ နှင်လို့ 

မရဘူး ဖြစ်သွားမှာ စိုးရိမ် တယ် ။

 

 တစ်ချို့ ကလည်း နှစ်ကြာ သွားရင် ပိုင်သွားတယ် ။

အိမ်ငှားက အိမ်ပိုင်ဖြစ်သွား တယ်လို့ ဒီလိုလည်း ပြော

ကြ တယ် ။ ဒါနဲ့ ပတ်သက်လို့ သတိ ထားစရာ တစ်ခု

တော့ ရှိတာပေါ့ ။ ဘာဖြစ် လို့လဲ ဆိုတော့ ခွင့်ပြု 

ချက်နဲ့ ထားတဲ့ သူက ဘယ်နှနှစ်ပဲ ကြာကြာ ခွင့်ပြု

ချက်နဲ့ ထားတဲ့ သူက ခွင့်ပြု ချက်နဲ့ ထားတာပဲ ၊ သူက 

အိမ်ပိုင် သွားစရာ အကြောင်း မရှိဘူး ။ ငှားထားတဲ့

သူလည်း ဒီလိုပဲ အိမ်ငှား ဆိုရင်လည်း သူ့ကို ငှားထား 

တယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ် ငှားငှား ၊ အနှစ် 

နှစ်ဆယ် ငှားငှား ၊ အိမ်ငှားက အိမ်ပိုင် ဖြစ်မလာနိုင်

ဘူး ။ ဒါပေမဲ့ အမှား အယွင်း လေးတစ်ခု ဖြစ်သွားရင် 

စိုးရိမ်စရာ လေး တစ်ခု ရှိတယ် ။ အဲ့ဒါ ဘာလဲဆိုရင် 

ဥပမာ ဆိုကြ ပါစို့ ။ ခွင့်ပြု ချက်နဲ့ ထားတယ် ။ 

 

အဲ့ဒီ ခွင့်ပြု ချက်နဲ့ ထားတဲ့ သူကို ကိုယ့်က ဖယ်ချင်

ပြီဆိုရင် အစ်မ ဖယ်ပေး ပါလို့ ပြောလိုက် လို့ရှိရင် 

ပြဿနာ မရှိဘူး ။ မဖယ် ပေးဘူး ဆိုရင် သူက 

ဘာလုပ် ရသလဲ ၊ နို့တစ် ထုတ်ရ တာပေါ့ ။ နို့တစ် 

ထုတ်တယ် ဆိုတဲ့ အခါကျတော့ ခွင့်ပြု ချက်ထားတဲ့

ဟာကို ပြန်ရုပ် သိမ်းလိုက် ပါပြီ ဆိုတာကို သူသိအောင် 

ပြော ရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ ထားတာကို ခွင့်ပြု

ချက်နဲ့ ရုပ်သိမ်း ပြီးပြီးဆိုမှ တရားက စွဲလို့ ရတယ် ။

 ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရား တဘောင်စွဲ လို့

မရဘူး ။ အဲဒီတော့ တစ်ချို့က ခွင့်ပြု ချက်ကို ရုပ်သိမ်း

လိုက်တယ် ပေါ့ ။ ရုပ်သိမ်း လိုက်ပြီးတဲ့ အခါကျတော့ 

အမှုစွဲမှ အချိန် ကျတော့မှ မစွဲဖြစ်ဘူး ဖြစ်သွားတယ် ။

 

အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလ စည်း

ကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ် ။ ဘယ်

အချိန်မှာ အမှုက စွဲရမယ် ။ မစွဲလို့ရှိရင် အခွင့်အရေးက 

ဆုံးရှုံးတယ် စသဖြင့် ကာလ စည်းကမ်း သတ်ဥပဒေက 

လူတိုင်း သိသင့်တာ ။ အမှန်က အဲ့ဒါကို သတိမထား 

မိရင်တော့ သူက အမှား အယွင်း ဖြစ်တတ်တယ် ။ 

ဆိုတော့ အဲ့ဒီ ကာလ စည်းကမ်း သတ်ဥပဒေက 

ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ ထားတာကို ပြန်ရုပ် သိမ်းပြီး 

ဆိုရင်တဲ့ ၆နှစ် အတွင်း စွဲပါ ။ ဒီလို ဆိုထား ပါတယ် ။ 

 

၆ နှစ်အတွင်း စွဲရမယ် ဆိုတာ ကတော့ ကာလ စည်းကမ်း

သတ်ဥပဒေ ၊ ပထမဇယား ၊ စာတိုင်မှာ ၁၂၀ မှာ ဒီလို ဆို

ထားတာပေါ့ ။ ၆ နှစ်ကျော် သွားပြီး ဆိုရင် ဘာဖြစ်လဲ ။ 

ခွင့်ပြု ချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး ။ တရား

စွဲလို့ မရ တော့ဘူး ။ ဒါက သတိထား ရမဲ့ အချက်ပါ ။

ဒီလိုပဲ အိမ်ရှင် အိမ်ငှား ဆိုတော့လဲ အိမ်ငှား ထားတယ်။

သူ့ဘာ သာသူ ဆယ်နှစ်လဲအိမ်ငှားပဲ  ၊ အိမ်ပိုင် မဖြစ် 

လာနိုင်ဘူး ။ သို့သော် အိမ်ငှား တစ်ယောက်ကို နှင်တော့

မယ် ဆိုလို့ ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း 

လွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရ 

တာပေါ့ ။ နို့တစ်စာ ပေးတယ် ဆိုတာ ကတော့ အိမ်ငှားအ

ဖြစ် ဖြတ်တောက် လိုက်ပြီး ဒီတာမနိတ် လုပ်လိုက် တယ်

ဆိုတာ သူသိအောင်လို့ ပြောရတာ ။ ဘယ်နေ့ ၊ ဘယ် ရက်

မှာတော့ ဆင်းပေး တော့ဆိုတာ ဒီနို့ တစ်စာမှာ ပါရတယ် ။ 

ဘယ်နေ့မှာ ငှားရမ်းခ ကုန်ဆုံးတယ် ။ အဲ့ဒီ နေ့ ည ၁၂နာရီ 

ကျော်လို့ ရှိရင် ဒီဥစ္စာ လက်ရောက် ပေးအပ် ပါတော့.. 

ဒါမျိုးက နို့တစ်စာ ထုတ်လေ့ ရှိတယ် ။

 

အဲ့ဒီလို ထုတ်ပြီးပြီး ငှားရမ်းခ ဖြတ်တောက် ပြီးပြီး ဆိုရင် 

တရားစွဲ ရမယ်လေ ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာ လ

စည်းကမ်းသတ် ဥပဒေမှာ ပါတာပေါ့၊ စောစောက ပြောတာ 

၁၁၀ အခုဟာ က စာတိုင် ၁၃၉ မှာ ပါတယ် ။ အိမ်ငှား တစ်

ယောက်ကို ငှားရမ်းမှု ဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက 

စွဲရတာ ။ ၁၂နှစ် အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်

တရား စွဲပြီး နှင်ထုတ်ဖို့ ခက်ခဲ သွားပြီး ။ ဒါက သတိပြု ရ

မှာပေါ့ ။ အဲ့ဒီမှာ သတိပြုဖို့ ကတော့ ဥပမာ မစွဲဖြစ်ဘူး 

ဆိုပါတယ် တော့ကွယ် ။ နို့တစ် ထုတ်လိုက် တယ် ၊ မစွဲ

ဖြစ်ဘူး ဆိုရင် အဲ့ဒီ ထုတ်ထားတဲ့ နို့တစ်ကို ပြန်ရုပ်သိမ်း 

လိုက်လို့ ရတယ် ။ တရားဝင် ပြန်ရုပ် သိမ်းထား လိုက် 

နော်။ 

 

ဒါဆိုရင် ကာလ စည်းကမ်း သတ်နဲ့ အကျုံး မဝင်တော့ဘူး ။ 

သို့သော် အဲ့ဒီလို ရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင် တော့ ဒီ

ကာလ စည်းကမ်း ဥပဒေနဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြု ချက်

နဲ့ ထားတဲ့ သူဆိုရင် ၆နှစ် အတွင်းစွဲ ၊ မစွဲရင် နောက်ထပ် စွဲလို့ 

မရ တော့ဘူး ။ နှင်လို့ မရတော့ ဘူး ။ အိမ်ငှား ဆိုလည်း ဒီလိုပဲ 

နို့တစ်စာ ပေးပြီးပြီး ဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ် ပေး

ပြီး ဖြတ် တောက်ပြီးပြီး ဆိုရင် စွဲတော့ ။ မစွဲ ဖြစ်ရင်လဲ ပြန်ရုပ်

သိမ်းလိုက် ။ ဒီနို့တစ် စာကို အဲ့လို မရုပ်သိမ်းပဲ ထားရင်တော့ 

၁၂ နှစ် ကျော်ရင် တရားစွဲ နှင်လို့ မရတဲ့အတွက် အဲ့ဒီ အချက်

ကတော့ အထူး သတိပြု ရမယ်လို့ပဲ ဖြေကြား ချင်ပါတယ်    ။

Credit : DVB Law Lab

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate