မြေလွတ်မြေလပ်မြေရိုင်းများကို အသုံးပြုရန် ခွင့်ပြုမိန့်လျောက်ထား ရယူကြပါတယ်

မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ခွင့်ပြုမိန့်ရပြီး (၄) နှစ်ကျော် အသုံးမပြုလျှင် နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်၊ (၄) နှစ်အတွင်း သတ်မှတ်နည်းအတိုင်း အသုံးမပြုလျှင် အရေးယူခံရမည်။

မြေလွတ်မြေလပ်မြေရိုင်းများကို အသုံးပြုရန် ခွင့်ပြုမိန့်လျောက်ထား ရယူကြပါတယ်။ ဒီနေရာမှာ သတိပြုရမှာက၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေမတိုင်မီ ခွင့်ပြုထားသော မြေလွတ်မြေလပ်မြေရိုင်းများ၊ ၂၀၁၂ နောက်ပိုင်း ခွင့်ပြုထားသော မြေလွတ်မြေလပ်မြေရိုင်းများကို သတ်မှတ်နည်းအတိုင်း သတ်မှတ် ကာလအတွင်း အသုံးမပြုရင် ပြန်လည်သိမ်းဆည်းခံရမယ် ဆိုတာပါပဲ။ အခုနောက်ဆုံး မြေလွတ်မြေလပ်မြေရိုင်း ဥပဒေမှာ ဖော်ပြထားတာက...

ပုဒ်မ ၂၂။ (က) (၃) ခွင့်ပြုထားသည့်မြေကို စတင်ခွင့်ပြုသည်နေ့မှ လေးနှစ်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(၄) ခွင့်ပြုထားသည့်မြေကို စတင်အသုံးပြုခွင့်ရသည့်နေ့မှ လေးနှစ်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်။

ဒါကြောင့် မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ရရှိထားသူများ အနေဖြင့် သတ်မှတ်ကာလအတွင်း အသုံးပြုလုပ်ကိုင်ကြဖို့​ဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း အသုံးမပြုရင် အရေးယူခံရခြင်း၊ ပြန်လည်သိမ်းဆည်းခံရခြင်းများ ခံရမည် ဖြစ်ပါကြောင်းနှင့် (၄) နှစ်ကျော်လွန်ရင်တော့ ဥပဒေအရ ဘာမှလုပ်စရာမလိုပဲ အလိုအလျောက် နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်တယ်ဆိုတာကို အထူးသတိပြုကြစေလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

ရေးသားသူဆရာမျိုးမင်းထွန်း

ကူးယူဖော်ပြပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate