ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)
ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) ကဲ့သို့ သီးခြားဥပဒေတစ်ခု မဟုတ်ပါဘူး။ မူလ ပြစ်မှုဆိုင်ရာဥပဒေတွင် ပါဝင်သော အများပြည်သူ၏ အကျိုးပျက်စီးစေမှု ပုဒ်မ-၅၀၅ ၏ ပိုဒ်ခွဲ (ခ) သာလျှင် ဖြစ်ပါတယ်။
ဒီနေရာမှာ ဗဟုသုတအဖြစ် နည်းနည်း ပြောပြချင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီး (ခေါ်) ပြစ်မှုဆိုင်ရာဥပဒေ (Penal Code) ကို ဗြိတိသျှကိုလိုနီနယ်တွေမှာ ကျင့်သုံးနိုင်ရန် The Indian Act အဖြစ် 1876 မှာ စတင် ပြဋ္ဌာန်းပါတယ်။ ထိုအချိန်က အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်အုပ်ချုပ်ခံနေရသော မြန်မာနိုင်ငံကိုလည်း အကျိုးတူ သက်ရောက်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၅၀၅ (ခ) သည် အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသော The Indian Act, Section 505 (1) (b) နှင့် အတော်များများ တူညီပါတယ်။ The Indian Act မှာတော့ ပြစ်ဒဏ်က (၃) နှစ်ဖြစ်ပါတယ်။
The Indian Act, Section 505 ကို ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုများကို အရေးယူရန် အဓိကအသုံးပြုပြီး မြန်မာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၅၀၅ ကို အာဏာရှင်အဆက်ဆက် ပြည်သူကို ဖိနှိပ်ချုပ်ချယ်ရာမှာ အသုံးပြုခဲ့တယ်လို့ နာမည်ပျက်ခဲ့သော ဥပဒေ ပုဒ်မ ဖြစ်ပါတယ်
တစ်ချိန်က စာပေဟောပြောပွဲစင်မြင့်ပေါ်က ဆရာ့ဆရာကြီးတွေ ရယ်သွမ်းသွေး လှောင်ပြောင်တာကို အများဆုံး ခံခဲ့ရတဲ့ ဥပဒေ ပုဒ်မ ဖြစ်ခဲ့ပါတယ်။
၎င်း၏ ဥပဒေဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၅၀၅။ ။ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေငြာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် -
(ခ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ဖြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိပ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်
ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကင်းလွတ်ချက်။ ။ တစ်ဦးတစ်ယောက်သောသူသည် ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် ထိုဖော်ပြချက်ကိုသော်လည်းကောင်း၊ ထိုကောလာဟလကိုသော်လည်းကောင်း၊ ထိုသတင်းကိုသော်လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန်အကြောင်းရှိသည့်ပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲပြုလျှင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေငြာလျှင်၊ သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပါယ်အရ ပြစ်မှုမမြောက်။
ပြစ်မှုမြောက်သည့် အင်္ဂါရပ်များ
၁။ တရားခံသည် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်း။
၂။ အစိုးရကိုဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် ပြည်သူကိုသော်လည်းကောင်း၊ ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိပ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံနှင့်ပြုခြင်း။
ကျင့်ထုံး
၁။ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ။
၂။ အာမခံ မပေးနိုင်။
၃။ ကျေအေးခွင့် မရှိ။
-
လူ လူချင်း စွပ်စွဲ ပြစ်တင်ခံရခြင်း မဟုတ်မူဘဲ အာဏာရှိသူ မင်း အစိုးရများနှင့် ဖြစ်ပွားသော ပြစ်မှုဖြစ်ပါသောကြောင့် ဘယ်လိုပင် ကင်းလွတ်ချက်များကို အကြောင်းပြု လျောက်ထားသော်လည်း လွတ်မြောက်ရန် ခက်ပါတယ်။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
- fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး
Related Posts

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

"ငွေချေး ၊ ငွေယူသူများအတွက် သိကောင်းစရာ"
ဒေါ်တင်မိုးခိုင် (ပြည်)ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေကြတော့သည့်အလျောက် ငွေကြေးများ ချေးငှားရယူ၍သုံးစွဲကြရာတွင် အချို့မှာ မိမိလုပ်ငန်း တကယ်အဆင်မပြေ၍ ချေးငှားရယူထားသော ငွေကြေး များကို ပြန် လည်မပေးဆပ်နိုင်ကြသော်လည်း ၊ အချို့မှ...