ကိုယ့်မိဘ ကိုယ်တိုင်က သူစိမ်း တစ်ယောက်ကို အမွေပစ္စည်း အားလုံး ပေးကမ်း လိုက်တော့ မိဘတွေ လည်း မရှိကြ တော့တဲ့ အချိန်မှာ အဲ့ဒီ အမွေကို ကျနော်တို့ မောင်နှမ ( ၃ ) ယောက်က ဘယ်လို ပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစား ရမလဲ

ကိုယ့်မိဘ ကိုယ်တိုင်က သူစိမ်း တစ်ယောက်ကို အမွေပစ္စည်း အားလုံး ပေးကမ်း လိုက်တော့ မိဘတွေ လည်း မရှိကြ တော့တဲ့ အချိန်မှာ အဲ့ဒီ အမွေကို ကျနော်တို့ မောင်နှမ ( ၃ ) ယောက်က ဘယ်လို ပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစား ရမလဲ

ကျနော်တို့  မောင်နှမတွေ အနေနဲ့ မိဘဖြစ် သူရဲ့ 

အမွေကို လုံးဝ မရခဲ့ပါဘူး ။ ကိုယ့်မိဘ ကိုယ်တိုင်က 

သူစိမ်း တစ်ယောက်ကို အမွေ ပစ္စည်း အားလုံး 

ပေးကမ်း လိုက်လို့ပါ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခု

တော့ မိဘတွေ လည်းမရှိ ကြတော့တဲ့ အချိန်မှာ 

အဲ့ဒီ အမွေကို ကျနော်တို့ မောင်နှမ ( ၃ )ယောက်က 

ဘယ်လို ပြန်ပြီး  ပိုင်ဆိုင်ဖို့ကြိုးစား ရမလဲဆိုတာ 

ပြောပြ ပေးပါ ။ အဲ့ဒီ ပေးကမ်းခြင်း စာချုပ်က 

ဘယ်လောက် ကြာပြီလဲ ( ၂ ) နှစ်ကျော်လောက် 

ကြာပါပြီ ။ အဖေ ကိုယ်တိုင် စာချုပ် စာတမ်းရုံးမှာ 

မှတ်ပုံတင်ပြီး ပေးလိုက် တာပါ ။ ဒီနှစ် ထဲကျမှ 

အဖေဆုံးတော့ အမွေများ ကျန်ခဲ့မလား ရှာကြည့် 

တော့မှ အဖေ ပေးလိုက်တဲ့ အဲ့ဒီ အိမ်နဲ့ ခြံဝန်းပဲ ရှိ

တာဆိုတော့ ဘယ်လို လုပ်ရမလဲ သိချင်တာပါ ။

 

အချိန်တော့ မှီပါ သေးတယ် အဲ့ဒီ ပေးကမ်းခြင်း 

စာချုပ်က ( ၃ ) နှစ် မကျော် သေးတဲ့အတွက် 

ပယ်ဖျက်ခွင့်  ရှိပါ သေးတယ် ။ မြန်မာ့ ဓလေ့ 

ထုံးတမ်း အရလည်း ဓမ္မသတ် များအရ 

မိဘဖြစ်သူက အမွေ ပစ္စည်း အားလုံးကို 

သားသမီး တစ်ဦးဦးအား ပေးကမ်း ခြင်း

သည် ပျက်ပြယ်၍ အတည်မဖြစ် ဟုဆို

လျှင် သူစိမ်းအား အမွေ အားလုံး ကိုပေးကမ်းခြင်း 

သည်လည်း  အလားတူ ပျက်ပြယ် ရမည် 

ဖြစ်ကြောင်း ထုံးဖွဲ့ထားတာရှိပါတယ်။ 

( ဒေါ်လွန်းပါ ( ၅ ) နှင့် ဒေါ်သိန်းရင်

၁၉၉၁ ( တရားမအထူး အယူခံမှု ) ဦးနာဂနှင့် အခြား

သူများ နှင့် မောင်လှ ( ၁၉၀၇-၀၉ ) အထက် မြန်မာ

ပြည် စီရင် ထုံးများ အတွဲ၂ စီရင်ထုံး အတိုင်း ဆုံးဖြတ်

ရမှာ ဖြစ်တဲ့ အတွက် မူလ ရုံးတွင် ဖြစ်စေ အယူခံမှု 

တွင်ဖြစ်စေ အပေး စာချုပ်ကို ပယ်ဖျက် ပေးစေ လိုမှု 

ကနဦး တရားစွဲရန် လိုအပ် တယ်လို့ ဆုံးဖြတ် ထားပါတယ် ။ 

ဒါကြောင့် သူစိမ်းကို ဖြစ်စေ သားချင်းကို ဖြစ်စေ 

အမွေပုံ အားလုံး ပေးခြင်းဟာ ပျက်ပြယ်သည့် အတွက် 

မိဘများရဲ့ အမွေ ပစ္စည်းများကို ထိုက်တန်စွာ ရမှာ 

ဖြစ်ကြောင်း ဖော်ပြ ပေးလိုက် ပါတယ် ။

Crd: ဥပဒေရေးရာ

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate