မြေကွက် အရောင်းဝယ်စာချုပ်

မြေကွက် အရောင်းဝယ်စာချုပ်

ဒီနေ့မနက်ပိုင်း

မင်္ဂလာဒုံမှာ မြေကွက်အရောင်းဝယ်စာချုပ်

ချုပ်ပေးခဲ့ပါတယ်။ 

ပါမစ်မြေ ဖြစ်တဲ့အတွက် စည်ပင်မှာ

အမည်ပေါက်မှန်မမှန်စစ်ဆေးပြီး 

မှန်ကန်တာနဲ့တစ်ခါတည်း ငွေချေခဲ့ခြင်းပါ။ 

 ပါမစ်မြေ ရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်းသည် 
အဓိကအချက်ဖြစ်သည်။ အရောင်းအဝယ်စာချုပ် ကို 
အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်သည်။ 
အဆင့် ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ 
အရောင်းအဝယ် အဆက်အစပ် ကွင်းဆက်မပြတ် 
အရောင်းအဝယ် ကတိစာချုပ်များ ရှိရန်သာလိုသည်။

 မြေချပါမစ် စာရွက်စာတမ်းကို ကိုင်ထားပြီး 
လက်လွှဲရောင်းချနိုင်ခွင့် ရှိသကဲ့သို့ 
မိမိအမည်ပေါက် နှစ် ၆ဝ ဂရန် လည်း 

လျှောက်ထားနိုင်သည်။ တရားဝင်ကုန်ကျစရိတ် 
သုံးသိန်းနီး ပါးသာ ကုန်ကျနိုင်သည်။ 
အခြား သူအမည်ပေါက် ဂရန်မြေ ကို ဝယ်သူအမည်ပြောင်းပါက 
မြေ၏ ရောင်းဖိုးငွေ ကာလတန်ဖိုး ပေါ်မူတည်ပြီး 
အခွန်ဆောင်ရခြင်း ၊ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ရခြင်းဖြင့် 
ကုန်ကျစရိတ် အလွန်မြင့်မားသွား မည် ဖြစ်သည်။ 

ထိုကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူကြ ခြင်းဖြစ်သည်။

ခေတ်စနစ် ၊ လုပ်ထုံးလုပ်နည်း တို့သည် အမြဲတည်မြဲနေသည် မရှိ ပေ။ 

အထူးသဖြင့် ဌာနတွင် ဌာနဆိုင် ရာ လုပ်ထုံးလုပ်နည်းများသည် 
အပြောင်းအလဲ မြန်ဆန်တတ်ပါသည်။

ထို့ကြောင့် မြေချပါမစ် ဝယ်သူ များအနေဖြင့် အစစ်အမှန်ဟုတ် ၊ 
မဟုတ် စစ်ဆေးရန် အထူးလိုအပ်ပါသည်။ 

 မြေချပါမစ်ဝယ်သူများအနေ ဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ၊ 
ဒုတိယ ညွှန်ကြားရေး မှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော 
ပါမစ်မြေ နှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး 
လက်မှတ်နှင့် စည်း တံဆိပ်ရိုက်နှိပ်ထုတ်ပေးသော 
ပါမစ်မြေ ဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။


Crd: ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate