စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရား၀င် ကွာရှင်း ခဲ့ကြတာ နှစ်နှစ်ရှိပါပြီ။ မယားနဲ့ ကလေးစရိတ် တောင်းလို့ရပါ သလား။ ကလေးစရိတ်ကို ကလေး ဘယ်အရွယ်အထိ ရခွင့်ရှိပါသလဲ။ ဘယ်လိုလျှောက်ရမလဲ သိပါ ရစေ။

စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရား၀င် ကွာရှင်း ခဲ့ကြတာ နှစ်နှစ်ရှိပါပြီ။ မယားနဲ့ ကလေးစရိတ် တောင်းလို့ရပါ သလား။ ကလေးစရိတ်ကို ကလေး ဘယ်အရွယ်အထိ ရခွင့်ရှိပါသလဲ။ ဘယ်လိုလျှောက်ရမလဲ သိပါ ရစေ။
မေး - ကျွန်မနဲ့ ခင်ပွန်းသည်တို့ ကလေး သုံးနှစ်သားအရွယ်မှာ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရား၀င် ကွာရှင်း ခဲ့ကြပါတယ်။ လင်မယားကွဲတာ နှစ်နှစ်ရှိပါပြီ။ မယားနဲ့ ကလေးစရိတ် တောင်းလို့ရပါ သလား။ ကလေးစရိတ်ကို ကလေး ဘယ်အရွယ်အထိ ရခွင့်ရှိပါသလဲ။ ဘယ်လိုလျှောက်ရမလဲ သိပါ ရစေ။ 
ဖြေ - ကမ္ဘာ့နိယာမအရ မိမိရဲ့ သားမယားကို ကျွေးမွေးစောင့်ရှောက်ရမည့် တာ၀န် လင်ယောင်္ကျားမှာ ရှိပါတယ်။ မင်္ဂလာ ၃၈ ပါးမှာလည်း “ပုတ္တဒါရဿ သင်္ဂဟော” ဟူ၍ လည်းကောင်း၊ သင်္ဂါလောဝါဒသုတ်တွင် လည်း လင့်၀တ္တရား ငါးပါး ပြဆိုထားပါတယ်။ ပြီးတော့ သားမယားကို လုပ်ကျွေးပြုစုရန် တာ၀န်မကျေ ပျက်ကွက်တဲ့ လင်ယောင်္ကျားကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၄၈၈ အရ ပြစ်မှုသေးအဖြစ် ရာဇ၀တ် တရားရုံးမှာ ဦးတိုက်လျှောက်ထား စွဲဆိုနိုင် ကြောင်း ပြဌာန်းထားပါတယ်။ အခုကိစ္စမှာ လင်မယားနှစ်ဦး သဘောတူ တရား၀င် ကွာရှင်းထားပြီးဖြစ်လို့ မယားစရိတ် ရခွင့်မရှိပါဘူး။ ကလေးစရိတ်ပဲ ရခွင့်ရှိပါ တယ်။ ဥပဒေအရ သားသမီးများအား ထောက်ပံ့ရန် အသက်ကန့်သတ်ချက် မရှိကြောင်း “ဦးမောင်ပြန့်နဲ့ ဒေါ်ခင်မြအမှု၊ ၁၉၈၉၊ မတစ၊ စာ-၇”မှာ ပြဆိုထားပါတယ်။ မိမိကိုယ်မိမိ ရပ်တည်နိုင်သည် အထိ ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ အမှုစွဲမယ်ဆိုရင် လင်ဖြစ်သူနေထိုင်ရာဒေသ (သို့မဟုတ်) လင်မယားနှစ်ဦး နောက်ဆုံး အတူနေထိုင်ရာ အရပ်ရှိ တရားရုံးမှာ တရားစွဲရပါမယ်။ တရားမကြောင်းနဲ့လည်း ဖခင်ရဲ့ လုပ်ငန်းအပေါ် မူတည်၍ ကလေးစရိတ်ကို စွဲဆိုတောင်းခံနိုင်ပါတယ်။ တရားစွဲရာမှာ သားသမီးက ဖခင်ကို တရားစွဲလို့မရပါဘူး။ ကလေးရဲ့ မိခင်က စွဲရပါမယ်။ ကလေးစရိတ်ကို တောင်းတဲ့အချိန်က စလို့ ရပါမယ်။ နောက်ကြောင်းပြန်မပေးပါဘူး။ ဖခင်ကွယ်လွန် သွားရင် 
ကလေးစရိတ် ရခွင့်မရှိတော့ပါဘူး။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate