လင်မယားကွာရှင်းရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီးကွာရပါတယ်ဆိုတာအကြိမ်ပေါင်းများစွာဖြေခဲ့ပါတယ်။ ကွာလောက်တဲ့အိမ်ထောင်ရေးပြစ်မှု

လင်မယားကွာရှင်းရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီးကွာရပါတယ်ဆိုတာအကြိမ်ပေါင်းများစွာဖြေခဲ့ပါတယ်။  ကွာလောက်တဲ့အိမ်ထောင်ရေးပြစ်မှု

လင်မယားကွာရှင်းရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီးကွာရပါတယ်ဆိုတာအကြိမ်ပေါင်းများစွာဖြေခဲ့ပါတယ်။ 

ကွာလောက်တဲ့အိမ်ထောင်ရေးပြစ်မှု

သက်သေခိုင်ခိုင်မာမာရှိရပါမယ်။ 

အရင်က အသေးစိတ်ဖော်ပြခဲ့ပေမယ့် 

လာမေးကြတဲ့မေးခွန်းတွေက မထူးခြားနားတွေပဲ ဖြစ်နေပါတယ်။ 

ကျနော်ညံ့တာပဲနေမှာပါ။ 

အရင်ကအမျိုးသားနှိပ်စက်ခံရလို့ကွာချင်ပါတယ် ရှေ့နေဌားဖို့လည်းမတတ်နိုင်

ဖြစ်နေလို့ဆွေးနွေးပေးဖူးခဲ့တဲ့ရွာဖက်ကမိတ်ဆွေအမျိုးသမီးတစ်ယောက်ဟိုတလောကပဲ ကွာလိုခွင့်လျှောက်တာအမှုနိုင်သွားပါတယ်။ 

သူကိုယ်တိုင်အမှုရင်ဆိုင်တာပါ

တဖက်ကသူနဲ့ရင်ဆိုင်ရတဲ့ဆရာက

တရားလွှတ်တော်ရှေ့နေပါ။ 

ပြောချင်တာက ကွာရှင်းလိုခွင့်

သက်သေခိုင်မာတဲ့အတွက် ဟိုဖက်က

ဘယ်လောက်ပဲတော်နေပါစေ။ 

အနိုင်ရပါတယ်ဆိုတာပြောချင်တာပါ။ 

ငါက မိန်းမသားမို့ မလုပ်နိုင်လောက်ဘူး မတတ်နိုင်လောက်ဘူး

မကြောက်ပါနဲ့ အားမလျှော့ပါနဲ့ 

မိမိကိုယ်သာကိုးကွယ်ရာပါ။ 

သက်သေရအောင်စုပါ လို့အကြံပေးချင်ပါတယ်။ ကြံ့ခိုင်ကြပါစေ။ 

(အောက်မှာအိမ်ထောင်ရေးပြစ်မှုအကြောင်း

စီရင်ထုံးနဲ့တကွဖော်ပြပေးလိုက်ပါတယ်)

ရန်ကုန်ရှိ ငှားရန် တိုက်ခန်းများအတွက် Apartments For Rent In Yangon ကိုနှိပ်ပါ။ 

အိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ

 ~~~~~~~~~~~~~~~~~~~~

အိမ်ထောင်ရေးပြစ်မှုတွင် သာမန်အိမ်ထောင်ရေး ပြစ်မှုနှင့် ကြီးလေးသောအိမ်ထောင်ရေး ပြစ်မှုဟူ၍ ခွဲခြားတွေ့ရှိနိုင်သည်။

သာမန်အိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ 

(က) ရက်စက်မှု (ခ) လင်၏ဖောက်ပြန်မှု၊ (ဂ) ဒုတိယ မယားယူမှု၊ (ဃ) စွန့်ပစ်မှု၊ (င) လီဆယ်မှု တို့ဖြစ် သည်။ ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ (က) မယား၏ဖောက်ပြန်မှု (ခ) ကြီးလေးသောရက်စက်မှု တို့ဖြစ်သည်။

အိမ်ထောင်ရေးပြစ်မှုများတွင် သာမန် အိမ်ထောင် ရေး ပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဟူ၍ ခွဲခြားထားရခြင်းမှာ လင်မယားကွာရှင်းခွင့်ပြုခြင်း မပြု ခြင်းအတွက် အဓိကမဟုတ်ပါ။ လင်မယားကွာရှင်းခဲ့သော် ပစ္စည်းခွဲဝေသည့်အခါ ကျူးလွန်သောပြစ်မှုကို အခြေပြု ၍ ခွဲဝေရခြင်းကြောင့်ဖြစ်သည်။

သာမန်အိမ်ထောင်ရေးပြစ်မှုများ

 ~~~~~~~~~~~~~~~~~~~~

ရက်စက်မှု ။ ။ ရက်စက်မှုဆိုရာတွင် သာမန်ရက်စက်မှုနှင့် ကြီးလေးသောရက်စက်မှုဟူ၍ နှစ်မျိုးရှိသည်။ သာမန် ရက်စက်မှုနှင့်ကြီးလေးသော ရက်စက်မှုခွဲခြားရာတွင် လက်ရောက်မှု ကျူးလွန်ခြင်းကြောင့် ရရှိသည့်ဒဏ်ရာ သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂ဝ အရ အပြင်းအထန် နာကျင်စေမှုဖြစ်ခဲ့သော် သို့မဟုတ် မယားအားကွာရှင်းခွင့် မတောင်းတောင်းအောင် ရည်ရွယ်ချက်ဖြင့် ညှဉ်းပန်း နှိပ်စက်နေခဲ့သော် သို့မဟုတ် လင်ဖြစ်သူက သူနှိပ်စက် ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင်ကွာရှင်းပြတ်စဲ ရန် လိုလားနေခဲ့သော် ထိုရက်စက်မှုသည် ကြီးလေးသော ရက်စက်မှုဖြစ်သည်။ (ဒေါ်ပုနှင့်မောင်ထွန်းခ၊ ၁၉၄၆ ခုနှစ်၊ မတစ၊ ၁၂၅) 

ဥပဒေသဘောအရ ရက်စက်မှုဆိုရာတွင် ကိုယ်ကာယ ဆင်းရဲခြင်းသာမက စိတ်ဆင်းရဲခြင်းလည်း ပါဝင်သည်။ စိတ်ဒုက္ခခံစားရမှုများသည် ကိုယ်ထိလက်ရောက် ရိုက် နှက်ခြင်းခံရသော ကိုယ်ကာယဆင်းရဲခြင်းထက်ဆိုးသည်။ ထို့ကြောင့် စိတ်ဆင်းရဲအောင် ရက်စက်မှုကျူးလွန်လျှင် ကွာရှင်းခွင့်ရသည်။ (မစ္စစ်ပရိုတီမာဂို့(ရှ်) နှင့် ဘီလာလန် ဒူးဂို့(ရှ်)၊ ၁၉၆၃ ခုနှစ်၊ မတစ၊ ၅၂၆)

လင်နှင့်မယားတို့တစ်ခါတစ်ရံ စိတ်သဘောထားချင်း မတိုက်ဆိုင်သဖြင့် ပဋိပက္ခဖြစ်ကာ စိတ်လိုက်မာန်ပါ လင်ကမယားအား ရိုက်နှက်ဆုံးမခြင်းမျိုးကို ဥပဒေအရ ရက်စက်မှု ကျူးလွန်သည်ဟု မဆိုနိုင်သော်လည်း မကြာ ခဏလင်ကမယားအား ကိုယ်ထိလက်ရောက် ရိုက်နှက် ခြင်း၊ ဆံပင်ဆွဲခြင်းစသည့် ပြုမူချက်များကို ပြုလုပ်ခဲ့ ပါလျှင် လင်ဖြစ်သူသည် ရက်စက်မှုကို ကျူးလွန်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်းဆုံးဖြတ်သည်။ (မစ္စစ် ပါး(လ်) ကျော်နှင့်ဦးကျော်၊ ၁၉၆၇ ခုနှစ်၊ မတစ၊ ၂၄၉)

မယား၏ရက်စက်မှု ။ ။ ''လင်ဖြစ်သူက ရက်စက်၍ မယားကကွာလိုသည့်အမှုမျိုးမှာ သမားရိုးကျဖြစ်သည်။ တရားရုံးများတွင်   အစဉ်   တွေ့နေရသည်။ တရား လွှတ်တော်နှင့် တရားရုံးချုပ်တို့၏ စီရင်ထုံးများကိုလေ့လာ လျှင် လင်၏ရက်စက်မှုနှင့်ပတ်သက်သည့် အမှုများကို သာတွေ့ရသည်။   ထို့ကြောင့်   မယားကရက်စက်မှု ကျူးလွန်လျှင် လင်၌ကွာရှင်းခွင့် ရှိ၊ မရှိ ဆိုသည့်ပြဿနာ ကို ဆင်ခြင်ရာတွင် စီရင်ထုံးသည် ဥပဒေမဟုတ်၊ စီရင် ထုံးအရပ်ရပ် မတင်ပြကာမျှဖြင့် ရှိရင်းစွဲဥပဒေအရ ဆောင်ရွက်မှုကို မပိတ်ပင်နိုင်ဟု သဘောရရှိသည်။ ဤသို့စွဲဆိုခွင့်မရှိဟု တားမြစ်လျှင် မယားသည် လင် ယောက်ျားကို အလွန်အမင်းရက်စက်မှုများ ပြုလုပ် စေကာမူ လင်ယောက်ျားက မယား၏ရက်စက်မှုကို အကြောင်းပြု၍ မယားကွာလိုမှုမစွဲရဟု ပိတ်ပင်ရာ ရောက်သည့်အပြင် တရားမျှတမှုလည်း ရှိနိုင်မည်မဟုတ် ပေ။ ယခင် စီရင်ထုံးဓမ္မသတ်များ၌ ရက်စက်မှုတွင် မြန်မာ့ဓလေ့ထုံးတမ်းအရ လင်မယားကွာရှင်းပေးစေရန် အတွက်  တောင်းဆိုနိုင်သည့်  အိမ်ထောင်ရေးပြစ်မှု တစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါအခွင့် အရေးကို လင်ကသော်လည်းကောင်း၊ မယားကသော် လည်းကောင်း ရယူနိုင်ကြောင်းဆုံးဖြတ်ထားချက်အရ လင်ဖြစ်သူက ရက်စက်မှုကျူးလွန်လျှင် မယား၌ ကွာရှင်း ခွင့် ရှိသည့်နည်းတူ မယားဖြစ်သူက ရက်စက်မှုကျူးလွန် လျှင်လည်း လင်၌ကွာရှင်းခွင့်ရှိကြောင်း ထင်ရှားသည်။''

ဤသည်မှာ ၂ဝ၁၅ ခုနှစ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က  လမ်းညွှန်ဆုံးဖြတ်ခဲ့သည့် စီရင်ထုံးပါ ဆုံးဖြတ်ချက်ဖြစ်သည်။ (၂ဝ၁၅ ခုနှစ်၊ မတစ၊ စာ - ၁၅၇ )

လင်၏ဖောက်ပြန်မှု။ ။ လင်ဖြစ်သူသည် အခြားမိန်းမ နှင့် ကျူးလွန်ပြီး မယားဖြစ်သူအား နှိပ်စက်ညှဉ်းပန်းလျှင် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် မယား၌ ကွာရှင်းခွင့်ရနိုင်သည်။  ( မောင်ငွေ စန်းနှင့်မကြီး ၊ ၁၉၂၉ ခုနှစ်၊ ရန်ကုန်၊ ၆၄) 

ဒုတိယမယားယူမှု ။ ။ ပထမမယားကြီးရှိလျက်နှင့် ဒုတိယမယားယူခြင်းသည် ရက်စက်မှုကို ကျူးလွန်ခြင်း ဖြစ်သောကြောင့် ပထမမယား၌ ကွာရှင်းခွင့်ရှိသည်။ (မောင်ဆက်မောင်နှင့် မကြင်သွေး၊ ၁၉၆၃ ခုနှစ်၊ မတစ၊ ၂၉၅)

စွန့်ပစ်မှု ။ ။ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ လင်ကမယားအား စွန့်ပစ်ထားပြီး သုံးနှစ်ပတ်လုံး ဟင်းရွက်တစ်ရွက်၊ ထင်း တစ်ချောင်းမျှပင်   မထောက်ပံ့လျှင်သော်လည်းကောင်း၊ မယားကလင်အား တစ်နှစ်ပတ်လုံး ဟင်းရွက်တစ်ရွက်၊ ထင်းတစ်ချောင်းကိုမျှ မထောက်ပံ့လျှင်သော်လည်း ကောင်း လင်နှင့်မယားကွာရှင်းပိုင်ခွင့်ရှိကြောင်း ''မနု ကျယ်ဓမ္မသတ်'' ပဉ္စမတွဲ အခန်း ၁၇ ၌ ဖော်ပြထားသည်။ 

မညွန့်နှင့်မောင်စံသိန်း စီရင်ထုံးတွင် စွန့်ပစ်ခြင်း အတွက် သတ်မှတ်ထားသော နှစ်ကာလစေ့လျှင် လင် မယားအဖြစ်မှ အလိုအလျောက် တရားဝင်ကွာရှင်းခြင်းသို့ ရောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။ (၅ ရန်ကုန်၊ ၅၃၇) 

သို့သော် လင်မယားနှစ်ဦးသည် လင်ဖြစ်သူက သုံးနှစ်၊ မယားဖြစ်သူကတစ်နှစ် စွန့်ပစ်ထားရုံနှင့် မပြတ်စဲသေး ပေ။ စွန့်ပစ်ခြင်းခံရသူက ပြတ်စဲလိုသောဆန္ဒကို ထုတ် ဖော်ပြောမှသာလျှင် ပြတ်စဲနိုင်သည်။ (သိန်းဖေနှင့် ဦးပက်၊ ၃ အယ်ဘီအာ ၁၇၅) 

ထို့ပြင် စွန့်ပစ်မှုနှင့်ပတ်သက်၍ ထိမ်းမြားမှုအလို အလျောက် မပျက်ပြယ်ကြောင်း၊ ထိမ်းမြားမှု ပျက်ပြယ် လိုသည့်ဆန္ဒကို အထင်အရှားဖြစ်စေ၊ သိသာထင်ရှား သည့် အမူအရာဖြင့်ဖြစ်စေ ပေးရမည်။ ထိုသို့ ဆန္ဒမပေး သမျှ ထိမ်းမြားမှု တည်မြဲနေသည်ဟု ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ အမှုတွင် ဆုံးဖြတ်သည်။ (၁၉၄၉ ခုနှစ်၊ မတစ၊ ၂၈၃) 

မခင်မြနှင့် ကုလားစီရင်ထုံးတွင်လည်း စွန့်ပစ်သော ကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၌  စွန့်ပစ်ခြင်း ခံရသူက လင်ခန်းမယားခန်းပြတ်စဲလိုသော မိမိ၏ဆန္ဒ ကို ထုတ်ဖော်ပြောဆိုရပါမည်။ စွန့်ပစ်သွားသူ၏ ဆန္ဒ တစ်ခုတည်းဖြင့် ကွာရှင်းခွင့်မရနိုင်ပေ။ စွန့်ပစ်ခြင်းခံရ သူက ကွာရှင်းလိုမှသာလျှင် ကွာရှင်းနိုင်သည်။ (၁၉၅၆ ခုနှစ်၊ မတစ၊ ၂၆၄) 

လီဆယ်မှု ။ ။ ယောက်ျားဖြစ်သူက သားကြီးမယားကြီးရှိ လျက်နှင့် လူပျိုပါဟုလည်းကောင်း၊ ယခင်မယားကြီးနှင့် ကွာရှင်းပြီးပြီဟုလည်းကောင်း အဖြစ်မှန်ကို လီဆယ် ပြောဆို ထိမ်းမြားလက်ထပ်ခြင်းသည် လီဆယ်မှုပင် ဖြစ်သည်။ ထိုသို့လီဆယ်မှုကျူးလွန်လျှင် မယားဖြစ်သူ ၌  ကွာရှင်းခွင့်ရနိုင်ကြောင်း  ''ဓမ္မသတ်သုံးဆယ့်လေး စောင်တွဲ၊ အိမ်မှုခန်းဓမ္မသတ် အခန်း ၇၊ ပုဒ်မ ၉၁ နှင့် အဍ္ဍသံခေပဝဏ္ဏနာကျမ်း ပုဒ်မ ၃၄၉ တို့တွင် ပြဆိုထား သည်။ 

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုများ

 ~~~~~~~~~~~~~~~~~~~~~~~~~~

မယား၏ဖောက်ပြန်မှု။ ။ မယားသည် မိမိလင်မဟုတ် သည့်ယောက်ျားနှင့် ကာမစပ်ယှက်မှု ကျူးလွန်သည်ကို မယား၏ ဖောက်ပြန်မှုဟုခေါ်သည်။ ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဖြစ်၍ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ပစ္စည်းခန်းအခွင့်အရေးများ ဆုံးရှုံးခြင်းခံရ မည်ဖြစ်သည်။ မယားဖြစ်သူ ဖောက်ပြန်လျှင် လင်ဖြစ်သူ ၌ ကွာရှင်းခွင့်ရှိသည်။ (မောင်ပြားကြီးနှင့် မောင်ဖိုးခ၊ ၉ ဘီအယ်တီ ၇၄)

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate