Advertise here!

လယ်မြေ ဝယ်ယူမည်ဆိုလျှင်လုပ်ထုံးလုပ်နည်း

13-Aug-21
လယ်မြေ ဝယ်ယူမည်ဆိုလျှင်လုပ်ထုံးလုပ်နည်း
ပထမကျေးရွာလယ်စီ ရှေ့မှာနမူနာ
စာချုပ်ချုပ်ပါ။
မြေစာရင်းကိုတင်ပြပါ။မြေစာရင်းမှပုံစံ
၁၀၅ ထုတ်ပေးလိမ့်မည်။
၁၀၅ ရပြီးလျှင် ကျေးရွာလယ်စီ ဆီကို 
အခွန်တံဆိပ်ခေါင်းဝယ်ရန်ဆောင်ရွက်ပါ။
ကျေးရွာလယ်စီမှတဆင့် မြို့နယ်လယ်စီ ဆီိကို တင်ပြပါလိမ့်မည်။
မြို့နယ်လယ်စီအတည်ပြု သတ်မှတ်နှုန်းထား ဖြင့်အခွန်ရုံးမှာ တံဆိပ်ခေါင်းဝယ်ပါ။
ကျေးရွာလယ်စီနှင့် ချုပ်ဆိုရေးသားထားသော စာသားများအတိုင်း ရေးသွင်းပြီး မြေစာရင်းရုံးမှာ ချုပ်ဆို မှတ်ပုံတင်ရပါမည်။
မှတ်ပုံတင်ပြီးသောအခါ မြေစာရင်းဦးစီးမှ
မြို့နယ်လယ်စီအဖွဲ့နှင့် ခွဲခြမ်းစိတ်ဖြာမှုကိုအတည်ပြုပြီး မြေစာရင်းရုံးမှာ မှတ်တမ်းထားရှိရပါသည်။
မှတ်တမ်းထားရှိပြီးသည့်အကြောင်းကိုလည်း မြို့နယ်လယ်စီဥက္ကဌထံသို့ မြေစာရင်းဦးစီးမှစာပို့ရပါသည်။
စာပို့ပြီးသွားလျှင် ဝယ်ယူဧရိယာ
ကိုပုံခွန်ထုတ်
ပေးပြီး ရောင်းသူဘက်က ကျန်သည့်လယ်မြေကို ပုံခွန်အသစ်ပြန်ထုပ်ပေးပါသည်။
ထို့နောက်အရောင်းအဝယ်ပြုလုပ်သည့်အကြောင်းကို ခရိုင်လယ်စီထံသို့ စာပို့ရပါသည်။
LEGAL BOX
crd

Related Posts

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate