Advertise here!

ကလေးစရိတ် ထောက်ပံ့ဘို့ လုံးဝ မစဉ်းစားတဲ့ ကလေးအဖေ ကို ဘယ်လိုတရားစွဲမလဲ ။ ကလေးစရိတ် ပေးဖို့ ဝင်ငွေမရှာနိုင်တို့ ကလေးအဖေကို ဘယ်လို အရေးယူလို့ ရနိုင်ပါမလဲ ဆိုတာကို ဥပဒေဗဟုသုတအဖြစ် သိပါရစေရှင် ။

ကလေးစရိတ် ထောက်ပံ့ဘို့ လုံးဝ မစဉ်းစားတဲ့ ကလေးအဖေ ကို ဘယ်လိုတရားစွဲမလဲ ။ ကလေးစရိတ် ပေးဖို့ ဝင်ငွေမရှာနိုင်တို့ ကလေးအဖေကို ဘယ်လို အရေးယူလို့ ရနိုင်ပါမလဲ ဆိုတာကို ဥပဒေဗဟုသုတအဖြစ် သိပါရစေရှင် ။
============================
အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှု ကာကွယ်စောင့်ရှောက်ဖို့ အစိုးရမှာ လူမှုရေးအရ တာဝန်ရှိတယ်။ ဘယ်ဘာ သာဘယ်လူမျိုး ဘယ်ဘာသာကိုပဲ ကိုး ကွယ်.. ကိုးကွယ်၊ ထိမ်းမြားရေး၊ ကလေးစရိတ်၊ မယားစရိတ်ရလိုမှု ဆိုတာက အင်မတန်မှ သိမ်မွေ့တဲ့ လူမှုရေးဆိုင်ရာပြဿနာတွေ ဖောက် ဖျက်တာတွေ ပျက်ကွက်တာ တွေ ဖြစ်တယ် ။ အဲ့တော့ ညှိနိုင်းတောင်းဆိုကြတယ်။ ပထမ တောင်းတယ်.. first step ။ မရဘူးဆိုရင် ဥပဒေ အာ ဏာစက်နဲ့တောင်းဆိုဖို့အတွက် ပြဋ္ဌာန်းချက်တွေရှိတယ်။ တရားစွဲပြီးတောင်းမယ်။ ရာဇဝတ်ကြောင်းအရ တရား စွဲပြီးတောင်းမယ်ဆိုရင်တော့ စရိတ် စ က ကုန်ကျသက်သာတဲ့ အချိန်တိုအတွင်းမှာ လိုရင်းရောက်မယ်။ 
ဒါပေမဲ့ စရိတ်ကျတော့ အကန့်အသတ်ရှိတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၈၈ ပြင်ဆင်ချက်အရ ရာဇဝတ်ရုံး တွေနဲ့ ကျပ်ငါးသောင်းထက် မပိုတဲ့စရိတ်ချမှတ်ပေးနိုင်တယ်။ အဲ့ဒါကို အမိန့်ချမှတ်ပါလျက် မဆောင်ရင် ဘာလုပ်မလဲ .. ထွက်ပြေးရင်ဘာလုပ်မလဲ ရှောင်တိမ်းရင်ဘာလုပ်မလဲ.. ဆိုတဲ့ပြဋ္ဌာန်းချက်တွေလဲ သူ့မှာရှိပါ တယ်။ အဲ့တော့ ပုဒ်မ ၄၄၈ မှာ ပြောထားတာက child ဆိုတဲ့က စကားက သားသမီးကို ဆိုလိုခြင်းဖြစ်တယ်။ အရွယ်ရောက်ခြင်း ဆိုင်ရာ ဥပဒေနဲ့လဲ မဆိုင်ဘူး။ သားသမီးကို ထောက် ပံ့တဲ့နေရာမှာ အသက်အရွယ် အကန့် အသတ်မရှိဘူး။ သားသမီးက မိမိကိုယ်ကို မိမိ..မထောက်ပံ့နိုင်သမျှ ဖခင်မှာတာဝန်ရှိတယ် ။ 
အသက်အရွယ်ကို ကန့်သတ်ထားခြင်း ၊ ပြဋ္ဌာန်းထားခြင်းမရှိကိုက ဥပဒေက ရည်ရွယ်ချက်ရှိတယ်။ သားသမီးတွေရဲ့စိတ်မှာ ဖြစ်စေ၊ ကိုယ်မှာဖြစ်စေ၊ မိမိကိုယ့်ကိုမိမိ မထောက်ပံ့နိုင်လို့ရှိရင် ဖခင်က ဆက်လုပ်ပြီးတော့ ထောက်ပံ့ရမယ်။ တက္ကသိုလ်သွားမယ်ဆိုရင် တက္ကသိုလ်အထိ .. သင် ကြားထားတဲ့သူက အသက်၂၀ ပင် ရှိစေကာမူ တက္ကသိုလ် ပညာသင်တဲ့သူကို ထောက်ပံ့ရမယ်ဆိုပြီးတော့ ဦးဟန်တင်နဲ့ ဒေါ်ခင်မိမိ ၁၉၇၀ ခုနှစ် စီရင်ထုံးမှာ ထုံးဖွဲ့ထား တာကို တွေ့ရတယ်။  ယဉ်ကျေးတဲ့နိုင်ငံတွေမှာ ကလေးတစ်ဦးအား အဝတ်အစား ထောက်ပံ့ရုံဖြင့်မပြီး ကလေး ၏ တိုး တက်နေသောစိတ်တို့ကိုလည်း ထောက်ပံ့ရန်လိုသည် ။ ပုဒ်မ ၄၄၈ ပါထောက်ပံ့မှုတွင် တိုင်းပြည်က လက်ခံထားသော အနည်းဆုံးပညာရေးလဲ ပါဝင်တယ်ဆိုပြီးတော့ ၁၉၃၈ ခုနှစ်ကတည်းက ထုံးဖွဲ့ထားတဲ့ စီရင်ထုံးတွေရှိပါတယ်။ 
အဲ့တော့ သားငယ်တွေက မိမိနဲ့အတူတူမနေလို့ မထောက်ပံ့နိုင်ဘူးဆိုတာလဲ ဒါပျက်ကွက်ခြင်း ၊ ထောက်ပံ့ရန် ငြင်းဆန်ခြင်းက ဥပဒေအရ ဖခင်ရဲ့တာဝန်ပျက်ကွက်ခြင်းဖြစ်တယ်လို့ ဆိုပြီးတော့ ၁၉၆၆ခုနှစ် စီရင်ထုံးက လည်း ဆိုထားပါတယ်။ အဲ့တော့ ဒီထက်ပိုမိုကာမိစေတဲ့ ထောက်ပံ့ခြင်းကို လိုချင်တယ်၊ ၅၀၀၀၀ ကတော့ နည်း တယ်ဆိုလို့ရှိရင်လည်း တရားမနစ် နာမှုဥပဒေအရ တရားစွဲလို့ရပါတယ်။ အဲ့မှာလည်း တောင်းဆိုတဲ့ပမာဏ ထက် လင်မယားနှစ်ယောက်ပေါင်းတုန်းက သူတို့ရဲ့ လူနေမှုအဆင့် အတန်းက ဘယ်လို ၊ ကလေးတွေကို ကျွေး မွေး စောင့်ရှောက်ပညာသင်တဲ့ အဆင့်အတန်းက ဘယ်လို ၊ ဖခင်ရဲ့အလုပ်အကိုင်ဝင်ငွေကကော ဘယ် လောက်ရှိသလဲ ၊ အဲ့ဒီအချက်တွေကို အခြေပြုပြီးတော့ ပေးဆောင်ရမယ်စရိတ်ပမာဏကို သတ်မှတ်ပြီးတော့ ဆုံးဖြတ်သတ်မှတ်ပေးတယ်။ မေးခွန်းရှင်အနေနဲ့ ဒီအချက် ၂ချက်ရှိတယ်။ ချင့်ချိန်စဉ်းစားပြီးတော့ တရားစွဲဆို တောင်းခံပါ။ သေချာပေါက်ရမယ်လို့ပဲ ကျွန်မအနေနဲ့ အကြံပြုချင်ပါတယ်။ 
ကူးယူဖော်ပြပါသည်။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate