မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်
ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာက
အလုပ်တွေများနေလို.ပါ။
ကျွန်ပ်။ ။ အလုပ်များနေတဲ့ကြားက ပေါက်ချလာတယ်ဆိုတော့ အရေးကိစ္စပေါ်ပြီးနဲ.တူတယ်။
ကိုချစ်တီး ။ ။ ကိစ္စရှိမှ ပေါ်လာတယ်လို့ အပြစ်တင်ရင်လည်းခံရမှာပါ၊ တိုင်ပင်စရာရှိလို.ပါ။
ကျွန်ပ်။ ။ ကဲ ပြောဗျာ၊ ဘာများတိုင်ပင်ချင်လို.လဲ။
ကိုချစ်တီး ။ ။ ကျုပ်အရပ်ထဲမှာ ငွေတိုးပေးတယ်ဆိုတာ ခင်ဗျာသိမှာပါ၊ ငွေတိုးပေးတယ်ဆိုပေမယ့် ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊ ဥပမာ- ကိုမြကို ငွေတစ်သောင်းချေးတယ်ဆိုပါတော့ဗျာ၊ အတိုးက ၆ ကျပ်တိုးယူပါတယ်၊ တစ်လ ၆၀၀ ကျပ်၊ သုံးလအတွက် ချေးတာဖြစ်လို့ အတိုး ၁၈၀၀ ကျပ် ကျပါတယ်။ ငွေချေးအပ်တဲ့အခါမှာ (ယုံကြည်အပ်နှံခြင်းစာချုပ်) လို. ခေါင်းစဉ်တပ်ပြီးဘယ်နေ.ဘယ်ရက်က ငွေ ၁၁၈၀၀ ကျပ်( တစ်သောင်းတစ်ထောင် ရှစ်ရာကျပ်တိိတိ) ကို ကိုမြကို ခေတ္တအပ်နှံထားတယ်ဆိုတဲ့အကြောင်း၊ ပြန်မပေးရင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းခံရမယ်ဆိုုတာကို သိရှိသဘောတူတဲ့အကြောင်း
ရေးသားချက်အပေါ် ကိုမြ ကို
လက်မှတ်ထိုးခိုင်းတယ်။ ကိုမြမှ မဟုတ်ပါဘူး။ ငွေချေးလာတဲ့သူတိုင်းကို
ကျုပ်က ဒီအတိုင်းလုပ်ထားတာ သူတို.ကလည်း လိုလိုလားလား
လက်မှတ်ထိုးပေးကြတာချည်းပါပဲ။
ကျွန်ပ်။ ။ အခု ဘာများ ပြသနာရှိလာလို.လဲ။
ကိုချစ်တီး။ ။ ခုထိတော့ မရှိသေးပါဘူး၊ ဒါပေမယ့် ဒီလိုလုပ်ထားတာဟာ ဥပဒေအရ ခိုင်မာမှုရှိ မရှိ
၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။
ကျွန်ပ်။ ။ ခင်ဗျားမေးခွန်းက ကျုပ်ကို
ချည်လာတဲ့ မေးခွန်းကြီးပါလား။ ဒီလိုဆိုကျုပ်ကလည်း မေးခွန်ပြန်မေးရတာပေါ့ဗျာ။ ငွေချေးတဲ့ကိစ္စမှာ ငွေချေးတယ်လိုု. ဘာဖြစ်လို့ စာချုပ် မချုပ်တာလဲ။
ကိုချစ်တီး ။ ။ နံပါတ် (၁) အချက်က ကျုပ်မှာ ငွေချေးစားခွင့်လိုင်စင်မရှိဘူး။ နံပါတ်(၂) အချက်က
ငွေချေးပြီးပြန်မဆပ်ရင် မြီစားတွေကို
တရားမကြောင်းနဲ.သာတရားဆွဲနိုင်မှာ ဖြစ်တဲ့အတွက် ရာဇဝတ်ကြောင်းအရ တရားစွဲနိုင်အောင် အခုလိုမျိုးလုပ်ရတာပါ။ ဒါမှလည်း ငွေယူထားတဲ့သူတွေ
ကြောက်ပြီး ပြန်ဆပ်ကြအောင်လို.ပါ။
ကျွန်ပ်။ ။ ကောင်းပါပြီ။ ခင်ဗျားကို
ကျွန်တော် မေးခွန်ဆက်မေးမယ်။ ငွေကို
ဦးမြကို ဘာအတွက်ကြောင့်အပ်ရတာလဲ။ ခင်ဗျားအိမ်ဟာ ငွေသိမ်းရလောက်အောင်လုံခြုံ မှုုမရှိဘူးလား။ ဒါမှမဟုတ် ဘဏ်တိုက်မှာ ငွေတွေအပ်နှံထားရင်ကော မရနိုင်ဘူးလား။ ခင်ဗျား နေထိုင်တဲ့အရပ်ဒေသဟာ ဘဏ်တိုက်မရှိတဲ့ အရပ်ဒေသမျိုးလား။
ကိုချစ်တီး။ ။ ခင်ဗျားရဲ.မေးခွန်းတွေက ကျုပ်ရဲ. ယုံကြည်အပ်နှံခြင်း စာချုပ်ကို
စိန်ခေါ်လာသလိုပါပဲလား။
ကျွနိုပ်။ ။ လူတစ်ယောက်က လူတစ်ယောက်ကို အကြောင်းမဲ့သက်သက်
ငွေအပ်တယ်ဆိုတာ
ဖြစ်နိုင်သလား။ ဆွေမတော် မျိုးမတော်တဲ့သူထံ အကြောင်းမဲ့ငွေအပ်နှံတယ်ဆိုတာကော ဖြစ်နိုင်သလား။ လူကိုယုံတာနဲ.ငွေကို အပ်နှံလေ့ရှိသလား။ ဒီလို အပ်နှံရလောက်အောင် ခင်ဗျာမှာ ငွေတွေ ပေါများနေသလား၊ ပိုလျှံ နေသလား။
ကိုချစ်တီး။ ။ ခင်ဗျားရဲ. မေးခွန်းတွေက ငွေတိုးချေးစားတဲ့ ကျုပ်ရဲ.လုပ်ငန်းကိုထိုးနှက်လာသလိုပါပဲလား။
ကျွနိုပ်။ ။ ယုံကြည်အပ်နှံခြင်း ဖောက်ဖျက်မှုမြောက်ဖို့က ငွေရယူထားတဲ့သူဟာ မရိုးမဖြောင့်တဲ့သဘောနဲ. အလွဲသုံးစားပြုမှ ပြစ်မှုမြောက်မှာပါ။ အဓိကပြောချင်တာက (ချေးငွေအဖြစ် ငွေကိုထုတ်ပေး လျှင် တရားခံအား ပစ္စည်းကိုအပ်နှံခဲ့သည်ဟုဆိုနိုင်သည် မဟုတ်၍ ဥပဒေ အရ အရေးမယူနိုင်) လို့အဆုံးအဖြတ်ပြု လမ်းညွှန်မှုပေးထားတဲ့ စီရင်ထုုံးတစ်ခုရဲ. ဆုံးဖြစ်ချက် ဥပဒေအကြောင်းကလေးကိုပဲ ကိုးကား အကြံပြုပါရစေဗျာ။
ရည်ညွှန်းစီရင်ထုံး
ဝေါယုံဖိန်းနှင့် အစိုးရ
အတွဲ (၉၆)၊ အောက်မြန်မာပြည်စီရင်ထုံး၊ ၄၆။
ရေးသားသူ ဆရာ ဦးကျော်ဇေယျ
ကူးယူဖော်ပြပါသည်။