အိုးအိမ်တိုက်ခန်းတရားဝင်ဝယ်ယူနည်း

အိုးအိမ်တိုက်ခန်းတရားဝင်ဝယ်ယူနည်း
ခုချိန်မှာ လူတွေဟာ ကိုယ့်ရှိတဲ့ပိုင်ဆိုင်သမျှတွေကို ပုံစံအမျိုးမျိုးပြောင်းနေကြတယ် ကျပ်ငွေရှိသူက မြေဝယ် ရွှေဝယ် ဒေါ်လာဝယ်ကြတယ်။ 
မြေရှိသူက မြေရောင်းပြီး ကျပ်ငွေယူတယ် ရွှေဝယ်တယ် ဒေါ်လာဝယ်တယ်။ 
ဒေါ်လာဝယ်ထားသူက ကျပ်ငွေပြန်ယူတယ် ရွှေဝယ်တယ်။ 
ရွှေဝယ်ထားသူက လုံခြုံမှုကြောင့်
 ပြန်ထုတ်ပြီး မြေဝယ်တယ်။ 
ကျပ်ငွေ ပြန်ယူတော့လည်း ဟိုသတင်းဒီသတင်းကြောက်ကြတော့ ဘဏ်လွှဲယူရမလား ငွေသားယူရမလား ဖြစ်ပြန်တယ်။ 
ဒေါ်လာလိုချင်သူကလည်း အတုမိမှာကြောက်တယ် လုံခြုံရေးကြောက်ကြတယ်။ 
ကျပ်ငွေတန်ဖိုးကျနေပေမယ့် မြန်မာနိုင်ငံမှာနေတဲ့အတွက် စားဖို့သောက်ဖို့ ဝယ်ဖို့ခြမ်းဖို့က ကျပ်လိုပါတယ် အိမ်မှာလည်းအများကြီး မထားရဲပြန်ဘူး။ 
မြေကျတော့လည်း တက်မလား ကျမလား စိုးရိမ်ကြတယ်။
ဒါတွေထားပါတော့ လက်ရှိလူတိုင်းကြုံတွေ့နေရတဲ့ အနေအထားတွေကိုပြောပြတာပါ။
အခုဒီကာလမှာ အိုးအိမ်တိုက်ခန်းတရားဝင်ဝယ်ယူနည်းပြောပြပေးပါမယ်။ 
 အိုးအိမ်က Owner Book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။ မြောက်ဥက္ကလာ ဘက်မှာပါ 
ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန် ခိုင်မာ မှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။ 
စာချုပ်ပြီး တာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။ 
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ 
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ်။
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။ 
Owner Book အမည်ပေါက် ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power(SP)ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။ 
အဲ့ဒီလို ကိုယ်စားလှယ် လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးမှ ခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျင် တရားဝင် အတည် ဖြစ်ပါတယ်။ 
အရှုပ်အရှင်း ရှိ/မရှိတော့ မြောက်ဥက္ကလာမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။ 
ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြားကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။ 
(၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီး အပိုင် ဝယ်လို့ရပါတယ်။ 
ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီးမကုန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ 
(Edit  အမည်ပြောင်းမယ်ဆိုရင် အစိုးရ
ဘဏ်ကိုငွေသွင်းထားတဲ့ ငွေသွင်းချလံမူရင်းကတော့ မပါမဖြစ် လိုပါတယ်
မမေ့မလျော့ တောင်းယူထားကြပါ။)

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate