အမွေနှင့် သက်ဆိုင်သော အကြောင်းအရာများ

အမွေနှင့် သက်ဆိုင်သော အကြောင်းအရာများ
မေး - ကျမတို့မှာ ညီအမ ၃ ယောက်ရှိပါတယ်။ အမေက အရင်ကွယ်လွန်ပြီး အဖေက နောက်မှ ကွယ်လွန်ပါတယ်။ အဖေ မကွယ်လွန်ခင်မှာ အတူနေသမီး အပျိုကြီးဖြစ်သူကို လက်ရှိနေထိုင်တဲ့ အိမ်ခြံမြေတစ်ခုလုံးကို အပိုင်ပေးစာချုပ်နဲ့ မှတ်ပုံတင်ပြီး ပေးခဲ့ပါတယ်။ အဖေ ကွယ်လွန်ပြီးနောက် ကျန်တဲ့ညီမတွေက ဒီအိမ်ကြီးနံဘေးမှာပဲ အဖီဆွယ်ပြီး နေရပါတယ်။ ကျန်တဲ့ အမွေဆိုင် သမီးတွေအနေနဲ့ ဒီအိမ်နဲ့ပတ်သက်ပြီး သက်ဆိုင်ခွင့် မရှိတော့ဘူးလား ဆိုတာ သိပါရစေ။ 
ဖြေ - အပိုင်ပေးတာဟာ ဥပဒေနဲ့အညီလား ပထမ စဉ်းစားရတာပေါ့။
 စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ ၁၆(ခ) အရ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို တန်ဖိုးလည်း တစ်သိန်းအထက် ဖြစ်မယ်၊ အဲဒါကို လွှဲပြောင်းရောင်းချမယ် ဆိုရင် မလွဲမသွေ မှတ်ပုံတင်စာချုပ်ချုပ်မှ တရားဝင်မယ်လို့ ပြောထားပါတယ်။ 
အဲဒီဥပဒေနဲ့အညီ မှတ်ပုံတင် စာချုပ်ပြီးတော့ ပေးလိုက်တဲ့အတွက် ပေးကမ်းခြင်း စာချုပ်ဟာ တည်မြဲခိုင်မာတယ်လို့ ပြောလို့ရပါတယ်။ 
 ဒါပေမဲ့ မြန့်မာဓလေ့ထုံးတမ်းဥပဒေမှာ မိဘများ ကွယ်လွန်ဆုံးပါးသွားတဲ့အခါမှာ အမွေပစ္စည်းဟာ တဦးတည်းကပဲ အပြည့်ရပြီး ကျန်ပုဂ္ဂိုလ်တွေက တစိုးတစေ့မျှ မရဘူးဆိုရင် ဒီပေးကမ်းခြင်း ပျက်တယ်လို့ ဆိုထားပါတယ်။ 
ဒီတော့ ပထမ ပေးကမ်းခြင်းမှာ မိဘရှိနေတော့ ဒီပြဿနာက မပေါ်ဘူး။ 
ဒါပေမဲ့ မိဘ ဆုံးသွားတဲ့အခါမှာ ဒုတိယပြဿနာက ဝင်လာတယ်။ 
ကျန်တဲ့သားသမီးက ဘာရသလဲ။ 
(ဘာမှ မရဘူး ဆိုရင်တော့ စောစောကပြောသလို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပေးကမ်းခြင်းစာချုပ်နဲ့ ပေးထားတာသည် အလိုလို ပျက်သွားပါတယ်။) 
ဖျက်သိမ်းစရာ မလိုဘူး။ ဒါကြောင့် ကျန်တဲ့ နှစ်ယောက်အနေနဲ့က အကျိုးခံစားခွင့် ရနိုင်တယ်။ ဒီမြေကြီးတစ်ခုလုံးဟာ အမွေဆိုင်ပစ္စည်းအဖြစ် မှတ်ယူရမယ်လို့ ဖြေကြားပေးချင်ပါတယ်။ 
ဖြေဆိုသူ ဆရာဦးကျော်ဇေယျ

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

မောင်နှမ(၃)ယောက်ကဘယ်လိုပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစားရမလဲ

ကျနော်တို့မောင်နှမတွေအနေနဲ့မိဘဖြစ်သူရဲ့အမွေကိုလုံးဝမရခဲ့ပါဘူး။ ကိုယ့်မိဘကိုယ်တိုင်က သူစိမ်းတစ်ယောက်ကိုအမွေပစ္စည်းအားလုံးပေးကမ်းလိုက်လို့ပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး အခုတော့မိဘတွေလည်း မရှိကြတော့တဲ့အချိန်မှာ အဲ့ဒီအမွေကို ကျနော်တို့ မောင်နှမ(၃)ယောက်ကဘယ်လ...

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့  သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ကျွန်တော့မှာ သားသမီး ၆ ယောက်ရှိပါတယ် ။ သမီးလေးက တစ်ယောက်ထဲပဲ ပါလို့ ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် ။ သမီးကအိမ်ထောင်ကျပြီး မြေးတစ်ယောက်ကျန်ခဲ့ပါတယ် ။ ကံအား လျှော်စွာ သမီးလေးဆုံးပါးသွားခဲ့ရပါတယ် ။ အခုတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်...

အမွေအကြောင်း

မြန်မာဓလေ့ထုံးထမ်းဥပဒေအရ  သေဆုံးသူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ်နှင့် ညီအစ်ကို မောင်နှစ်မ စသည့် အမွေဆိုင်များ မကျန်ရစ်လျှင် သေသူ၏ အမွေကို၎င်း၏ မိဘများကဆက်ခံခွင့်ရှိပါသည်။သေဆုံးသူတွင် ခင်ပွန်း၊ ဇနီး ကျန်ရစ်သော်လည်း  သားသမီးထွန်းကားခြင်းမ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate