အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြ

အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြ
အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရပါတယ်။ 
ရောင်းအားကောင်းတဲ့အကြောင်းရင်းကတော့ ပါမစ်မြေအရောင်းအဝယ်လုပ်တဲ့အခါ စရိတ် ကုန်ကျမှုနည်းခြင်းက အဓိကအချက်ဖြစ်တယ်။ 
အရောင်းအဝယ် စာချုပ်ကို  အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်တယ်။ အရောင်းအဝယ် အဆက်အစပ်ကွင်း ဆက်မပြတ်အရောင်းအဝယ် ကတိစာချုပ်တွေရှိဖို့သာလိုပါတယ်။ 
 မြေချပါမစ်စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့်ရှိသလို မိမိအမည်ပေါက် နှစ် ၆၀ ဂရန်လည်း လျှောက်ထားနိုင်တယ်။ 
(တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်ပါ တယ်။)
တခြားသူအမည်ပေါက် ဂရန်မြေကို ဝယ်ယူအမည်ပြောင်း ပါက မြေရဲ့ရောင်းရငွေကာလ တန်ဖိုးပေါ်မူတည်ပြီး 
အခွန်ဆောင်ရတာတွေ၊
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရတာတွေ ကုန်ကျစရိတ်အရမ်းပဲ မြင့်သွားမှာဖြစ် တယ်။ 
ဒါကြောင့် ပါမစ်မြေကွက်ကို
ဝယ်ယူဆောင်းထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပါမစ်မြေကွက်ကို ဝယ်ယူဖို့ စရန်ပေးလိုက်တာနဲ့ရောင်းသူရဲ့ လက်ဝယ်ရှိမြေချပါမစ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာကို 
သက်ဆိုင်ရာမြို့နယ် မြေနဲ့အခွန် မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ရုံးရှိ လက်ခံစာအုပ်နဲ့ တိုက်ဆိုင် စစ်ဆေး
ဆောင်ရွက်ပေးပါတာကြောင့် မြေဝယ်လိုသူတွေအနေနဲ့ ပါမစ်မြေကွက် ပိုနှစ်သက်ပြီး  ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။
အခုဆိုရင်  အချို့မြို့နယ်တွေမှာ မြေယာရုံးခွဲတွေ မထားတော့တာကြောင့် မြေချပါမစ်အတု၊ အစစ်ခွဲခြားစိစစ်မှုကို ဘယ်မြို့နယ် မြေယာရုံးခွဲကမှ စစ်ဆေးပေးခြင်း မရှိတော့တာကြောင့် မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးဖို့ ခက်ခဲသွားလို့ အရောင်းအဝယ် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့
ပါမစ်မြေနဲ့ ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပေးတဲ့မြေချပါမစ်တွေ အမှန်အကန်ဟုတ်မဟုတ် စစ် ဆေးဖို့ ခက်ခဲနေတဲ့အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ ပြစီမံကိန်းနှင့်မြေ ယာစီမံခန့်ခွဲရေးဌာနမှာ ဂရန်အမည်ပေါက်အဖြစ် ပြောင်းလဲချပေးထားတာတွေ ရှိလာသလို  
အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကိုလည်း တရားဝင်လျှောက်ထားကြည့်ရှု နိုင်တာကြောင့် စည်ပင်အမည်ပေါက် ပါမစ်မြေတွေကို ယခုအခါ ပိုပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
မိသားစုပုံပါတဲ့ ပါမစ်မူရင်း
Facebook team က မတင်ဖို့သတိပေးတာကြောင့် ဓာတ်ပုံကိုကျော်ပြီး အောက်ကစာမျက်နှာကိုပဲဖော်ပြပေးလိုက်ပါတယ်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate