အများပြောတဲ့ မြေစာရင်းပုံစံ (၁၀၅) ဆိုတာ နားလည်လွယ်အောင် ပြောရရင် လူတစ်ယောက်မှာရှိတဲ့ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်) လိုပါပဲ။

အများပြောတဲ့ မြေစာရင်းပုံစံ (၁၀၅) ဆိုတာ နားလည်လွယ်အောင် ပြောရရင် လူတစ်ယောက်မှာရှိတဲ့ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်) လိုပါပဲ။
(၁၀၅) (၁၀၅)နဲ့ ပြောလဲပြောရတဲ့ (၁၀၅)
မြေပိုင်ဆိုင်မှု အထောက်အထား မဟုတ်ပါဘူးဆိုလဲ 
(၁၀၅) ရှိတယ်၊ 
(၁၀၅) ရှိရင် မြေပိုင်တယ် ထင်နေကြတုံး ပါပဲ။ 
အများပြောတဲ့ မြေစာရင်းပုံစံ (၁၀၅) ဆိုတာ နားလည်လွယ်အောင် ပြောရရင် 
ဒီလိုပါ 
လူတစ်ယောက်မှာရှိတဲ့ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်) လိုပါပဲ။ 
ကျွန်တော်တို့ ကိုင်တဲ့ မှတ်ပုံတင်မှာ ဓာတ်ပုံ၊ နံပတ်၊ အမည်၊ အမှတ်အသား၊ လိပ်စာ၊ ဌာနလက်မှတ် အဲဒါတွေပါပါတယ်။ 
ဆိုလိုတာက မှတ်ပုံတင်ကြည့်တာနဲ့ 
လူကိုမကြည့်ပဲ ဘယ်သူ ဘယ်ဝါ ဘယ်က ဘာလုပ် သိနိုင်သလိုပါပဲ၊
 မြေစာရင်းပုံစံ (၁၀၅) မှာလည်း ဘယ်ရပ် ဘယ်ရွာ ဘယ်ဒေသက မြေကွက်၊ အကျယ်၊ ဘာမြေ၊ မြေကွက်ပုံစံက ဘယ်လိုလေး စသည်ဖြင့် မြေပြင် ဆင်းကြည့်စရာ မလိုပဲ သိနိုင်တဲ့ စာရွက်မှတ်တမ်း တစ်ခုပါပဲ။ 
အခုလည်း (၁၀၅) ကိုသေချာ သဘောမပေါက်တဲ့ ပြည်သူ တစ်ယောက်က မေးတယ် 
ဥပဒေ ပညာရှင်တို့ရယ်၊ ဖြေကြားပေးပါ လားရှင်၊ 
လွန်ခဲ့တဲ့ (၁၅) နှစ်က မြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီး အရောင်းအဝယ် လုပ်နေကြတယ်၊ 
မြေစာရင်းရုံးကို တိုင်ကြားတော့ 
ပြင်ဆင်ခွင့်ရှိတယ် စာဖတ်ပါလားတဲ့၊
ဥပဒေက အဲလိုခွင့်ပြုလား သိချင်လို့ပါရှင်" တဲ့။ 
သူတင်ပြ ထားတာက ပူးတွဲပါတဲ့ ပုံစံ (၁၀၅) နှစ်ရွက်ပါ။ 
သူမေးတာကို ဆရာဦးဇော်မင်း(နတ်မောက်)က ဖြေတယ်။
 အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဂရန်မှတ်တမ်းတွင် စာရင်း မဝင်သကဲ့သို့ မြေစာရင်းဌာန၏ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)တွင်လည်း မှတ်တမ်းမ၀င်နိုင်ပါ။ 
ရွာမြေများကို ယခုမှ တစ်မြို့နယ် တစ်ရွာနှုန်း မြေတိုင်းတာ ဂရန်ပေးနေသည့် စီမံချက်ဖြင့် လုပ်ပေးနေပါသေးသည်။
 ကျေးရွာတိုင်း မြေဂရန်ရဖို့ မလွယ် သေးပါ၊ 
အသေးစိတ် မြေတိုင်းတာခြင်း လုပ်ငန်းတွေ အချိန်ယူ လုပ်ဆောင်ရ ပါတယ်။ 
ရွာများမှာ အိမ်တစ်ကွက်ချင်း မည်သူပိုင်သည်ဟုတိုင်းတာပုံထုတ် မှတ်တမ်းတင်သောစနစ် မရှိသေးပါ။
 ကာယကံရှင်က မိမိအကွက်ကို တိုင်းတာပုံထုတ် သို့မဟုတ် ကျေးရွာတွင် အုပ်ချုပ်ရေးမှူး မြေတိုင်းစာရေးနှင့်ပေါင်း ပုံထုတ်၍ ပုံစံ (၁၀၅) ယူထားသော သဘောသာ ဖြစ်ပါတယ်။ 
မြေပိုင်ဆိုင်မှုအတွက် ယင်း (၁၀၅) သည် အထောက်အကူ မပြုပါ။ 
မြေစာရင်းမှလည်း မြေတိုင်းတာပုံထုတ်ပြီးသော အကွက်အတွက် ပုံစံ (၁၀၅) ထုတ်ပေးသည့်အခါ ယင်းအကွက်တိုင်းစဉ်က အနားလေးရပ်ကိုအသိပေး ကန့်ကွက်ခြင်း ရှိ၊မရှိ မဆောင်ရွက်ခဲ့ပါက၊ ရေးကူးသည့်အကြောင်းအရာကို မဖေါ်ပြပါက၊ လုပ်ထုံးကို ဖေါက်ဖျက် ကျော်လွန်၍လုပ်ခြင်း အဂတိလိုက်မှု ဖြစ်ပေမည်။
 ရှင်းအောင်ပြောပါမည်။ 
ပုံစံ (၁၀၅) သည် ရေးကူးလိုသော အကြောင်းတစ်ရပ်အတွက် ရေးကူးပေးသော မြေပုံဖြစ်သည်။ 
မြေကို အသုံးပြုထားသော ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန် (Lease) သို့မဟုတ် လိုင်စင် (License) မဟုတ်ပါ။
 မြေစာရင်းဌာနသည် ဂရန်ထုတ်ပေးခွင့်နှင့် မြေကိုနေထိုင်လုပ်ကိုင်စားသောက် အသုံးချရန် ခွင့်ပြုနိုင်သောဌာန မဟုတ်ပါ။ 
လယ်ယာမြေ ဖြစ်လျှင် လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကို ရပ်ကျေးမှ မြို့နယ်၊ မြို့နယ်မှ ခရိုင် အဆင့်ဆင့် လယ်စီအဖွဲ့ သဘောထား အတည်ပြုချက်ဖြင့် ခရိုင်လယ်စီ အတည်ပြုပြီး အဖွဲ့၀င် (၇) ဦးပါသော မြို့နယ်လယ်စီအဖွဲ့က ခွင့်ပြု ပါသည်။ မြို့မြေဂရန်ကို ကော်လိပ်တော် (ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်)မှ ခွင့်ပြုပါသည်။ 
မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကို ဧက ၃၀၀/၅၀ အောက်ဆိုလျှင် ပြည်နယ်တိုင်း ဝန်ကြီးချုပ် ဦးဆောင်သော မြေလွတ်မြေရိုင်းအဖွဲ့က ခွင့်ပြုပြီး ထိုထက်ပိုလျှင် ဒုသမ္မတ ဦးဆောင်သော ဗဟို မြေလွတ်မြေရိုင်း အဖွဲ့က ခွင့်ပြုပေးပါတယ်။
 လယ်ယာမြေအခြားနည်းသုံးကို လယ်မြေအတွက် ဗဟိုလယ်စီအဖွဲ့နှင့် ဥယျဉ်မြေအတွက် ပြည်နယ်၊ တိုင်း အစိုးရ ပြည်နယ် တိုင်းလယ်စီအဖွဲ့မှ ခွင့်ပြုပါသည်။ မြေအသုံးပြုမှုများအတွက် မြေစာရင်း ဌာနမှ ခွင့်ပြုပေးနိုင်သော ဥပဒေအာဏာ အပ်နှင်း ထားမှု မရှိပါ။ 
မြေ အမျိုးအစားအလိုက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့များမှသာ လုပ်ပိုင်ခွင့် ပြုခြင်းဖြစ်ပါတယ်" တဲ့။ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ (၁၀၅) ဆိုတာက မြေပုံ၊ ပုံစံ (၁၀၆) က မြေရာဇ၀င်ပါ။ 
မြေစာရင်း ဌာနက ထုတ်ပေးတဲ့ မြေစာရင်း ပုံစံ (၁၀၅) ကို "လက်ရှိမြေပုံမှာ ယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ" လို့ခေါ်ပါတယ်။ စာတိုခေါ်ရရင် "မြေပုံ"ပေါ့။ နောက် မြို့ကြီးတွေမှာ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့ "S-22" လို့ခေါ်ပါတယ်။ 
နောက်တစ်ခုက ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။ ဒီတော့ မြေပုံကလေးပါတဲ့ စာရွက်ကို မြေပုံလို့ မှတ်လိုက်မယ်ဆိုရင် အဲဒီသုံးမျိုးလုံး အကျုံး၀င်ပါတယ်။ 
စာရှည်သွားပါပြီ ဆက်လက်ဖော်ပြပါမယ်။ 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate