Advertise here!

ရောင်းတဲ့ဂရန်က မူရင်းဆိုတဲ့တံဆိပ်တုံးလေးမပါကြောင်း ဝယ်သူဖက်ကမေး

ရောင်းတဲ့ဂရန်က မူရင်းဆိုတဲ့တံဆိပ်တုံးလေးမပါကြောင်း ဝယ်သူဖက်ကမေး
တနေ့က အိမ်ခြံမြေ အကျိုးဆောင်
မိတ်ဆွေက ဖုန်းဆက်လာပြီး 
ရောင်းတဲ့ဂရန်က မူရင်းဆိုတဲ့တံဆိပ်တုံးလေးမပါကြောင်း ဝယ်သူဖက်ကမေးလို့ပြီးပြောလာတယ်။ 
ဒါနဲ့ ဓာတ်ပုံပို့ခိုင်းပြီး ကြည့်လိုက်တော့ 
မူရင်းဆိုတဲ့ တံဆိပ်တုံးလေးမပါပဲ၊
မြို့ပြမြေရာမှတ်တမ်းထိမ်းသိမ်းရေး
ဌာနဆိုပြီး တံဆိပ်ရိုက်ထားတာတွေ့တယ်။ 
ဌာနမှာသိမ်းရမယ့်စာအုပ်နဲ့ 
အမည်ပေါက်ကိုပေးရမယ့်စာအုပ်လွဲတာလားမသိ၊
ဒါနဲ့ရောင်းသူကိုသေချာမေးကြည့်တော့၊ ရောင်းသူအဘ ကလည်း သူမသိကြောင်း စရတည်းက ဒီစာအုပ်ဖြစ်ကြောင်းပြောပါတယ်။ 
ဒါနဲ့ညနေကျတော့ ဌာနကညီတော်ကို ဖုန်းဆက်ပြီးမေးကြည့်တော့ 
(ဟုတ်တယ်အကို ၉၃တုန်းက သာကေတမှာ အဲ့လိုပုံစံမျိုးတွေပဲပေးတာဆိုပြီး
တခြားဂရန်စာအုပ်ပုံစံတွေပို့ပေးပြီး
ရုံးဖွင့်လို့ ရာဇဝင်စစ်ရင်တော့ အတိကျသိရမယ်လို့ အကြောင်းပြန်ပါတယ်)
အဲ့တော့မှ အဖြေသေချာသိရပြီး 
မိတ်ဆွေများဗဟုသုတ ရစေဖို့ 
ရေးဦးမှပဲလို့ တွေးပြီး ရေးသားလိုက်ပါတယ်။   
ဂရန်မြေကို ၀ယ်ယူမည်ဆိုလျှင် 
ဂရန်မြေနှင့်ပတ်သက်၍ စစ်ဆေးရမည့် စာရွက်စာတမ်းက နည်းပါးပါသည်။
 ဂရန်အမည်
ပေါက်မှန်ဖို့သာ အရေးကြီးပါသည်။
(သို့သော်သတိထားရမည်မှာ ပုံစံ၊အမျိုးအစားမတူကြခြင်းပါ)
ဂရန် အမည်ပေါက် မှန်၊ မမှန်၊ စစ်၊ မစစ်ကို သက်ဆိုင်ရာရုံးများ ရန်ကုန်၊ မန္တလေးမှာ မြို့တော်စည်ပင်၊ နယ်မြို့များမှာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန၊ ယခင်မြို့နယ်မြေစာရင်းရုံးများ) 
သို့  ရှေးဦးစွာ သွားရောက်စစ်ဆေးရမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပေးပါမယ်

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate