ရွာမြေကိုဝယ်ထားတာ ခိုင်မာမှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာမှု ရှိ၊ မရှိ ဆိုတာကို သိပါရစေ။

ရွာမြေကိုဝယ်ထားတာ ခိုင်မာမှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာမှု ရှိ၊ မရှိ ဆိုတာကို သိပါရစေ။
ကျွန်တော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့ ရွာမြေကွက်တစ်ကွက်ကို ၀ယ်ထားသူ တစ်ဦးပါ။ လောလောဆယ်မှာ
သွားမနေနိုင်သေးပါဘူး။ ဒါပေမယ့် ရွာမြေကိုဝယ်ထားတာ ခိုင်မာမှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာမှု ရှိ၊ မရှိ ဆိုတာကို သိပါရစေ။
ဘယ်လို အခြေအနေမျိုးမှာ ခိုင်မာမှုရှိတယ်၊ ဘယ်လိုအနေအထားမျိုးမှာ ခိုင်မာမှုမရှိဘူး ဆိုတာလေးကိုပါ ရှင်းပြစေချင်ပါတယ်။ ရွာမြေလို့
ဆိုပေမယ့် ဘယ်လိုရွာမြေလဲ စိစစ်ရပါမယ်။ (၁) အဲ့ဒီရွာမြေသည် မြေပုံပေါ်မှာ စကားဝါရောင်ဆေးနဲ့ အနားသတ်ထားတဲ့ မူလကပင် တည်ရှိ
နေသည့် ရွာမြေလား၊ (၂) မူလက လယ်ယာမြေဖြစ်ပြီး လန၃၉ သို့မဟုတ် လယ ၃၀ ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေလား၊ (၃) တစ်မြို့မှာ တစ်
ရွာကို ကျေးရွာဂရန် ပေးရမည်ဆိုသော စီမံချက်နဲ့ဂရန်ချထားသည့် ရွာမြေလား၊ (၄) မူလက လယ်ယာ မြေဖြစ်ပြီး ရပ်ရွာတိုးချဲ့အသုံးပြုမှု
ကြောင့် ခုမှ အကွက်ရိုက်ထားသည့်ရွာမြေလား စိစစ်ကြည့်ရပါ့မယ်။ ရွာမြေအမျိုးအစားကွဲတာနဲ့အမျှ တရားဝင်မှု၊ မဝင်မှု သုံးသပ် ကြည့်နိုင်
ပါတယ်။ မူလစာရင်းမြေပုံအရ တည်ရှိသည့် ရွာအတွင်းက မြေကွက် သို့မဟုတ် လန ၃၉ (လယ ၃၀) ကျပြီး ရွာမြေထဲမှ အကွက်ဖြစ်ရင်တော့
ပြဿနာမရှိပါဘူး။ အဲ့ဒီမြေတွေက လယ်ယာမြေဆိုတဲ့ စကားရပ်မှာ မပါတော့သည့်အတွက် ဂရန်လျှောက်ခွင့် ရှိသလို တရားဝင် စာချုပ်ချုပ်
ဆို မှတ်ပုံတင်ပြီး ရောင်းဝယ် လွှဲပြောင်းခွင့်လည်း ရှိပါတယ်။ ခိုင်မာမှုရှိနိုင်တယ်လို့ ပြောရမှာပါ။ကျေးရွာတွေဂရန်ပေးရေး စိမံချက်မှာပါတဲ့ မြေ
ကွက်ဆိုလျှင် ဂရန်ပါရပြီးဖြစ်လို့ အကောင်းဆုံးပါဘဲ။ သို့သော် လန ၃၉ လည်း မရသေး၊ လယ ၃၀ လည်း ခွင့်ပြုချက်မရှိသည့် လယ်ယာမြေ
ကို အကွက်ရိုက် ရောင်းတာဆို ပြဿနာနည်းနည်းရှိပါ့မယ်။
အဲ့ဒီမြေတွေက လယ်ယာမြေဆိုတဲ့ အမျိုး အစားမှာ ပါဖို့များပါတယ်။ 
လယ်ယာမြေကိုခွင့်ပြုချက်မရဘဲ အခြားနည်းသုံးခွင့် မရှိပါဘူး။ 
ပုံစံ (၇)
သမားက ရောင်းသွားတယ်ဆိုလည်း ပုဒ်မ ၁၂ (ဆ) အရ အရေးယူ အပြစ်ပေးလို့ ရနေပါတယ်။ ပုံစံ (၇) မရ သေးရင် ပုဒ်မ ၁၂ နှင့် မငြိနိုင်ဘူး
ဆိုသော်လည်းအခု နိုင်ငံတော်ပိုင်းက လယ်ယာမြေပေါ် အခြားနည်းသုံးများကို အရေးယူ ဆောင်ရွက်ဖို့ တွန်းအားပေးနေတဲ့အချိန် ဖြစ်တာ
ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက အပြစ်ပေးဖို့ အားသန်နေကြပါတယ်။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မ ၁၉ အရ
အရေးယူသည့်ကိစ္စတွေမှာ ဥပဒေအားနည်းချက် စကားရပ်အထားအသို မှားမှုကြောင့် လက်ရှိစီရင်ထုံးတွေအရ ပြည်ထောင်စု တရားလွှတ်
တော်ချုပ်အဆင့်မှာ လွတ်ကောင်းလွတ်နိုင်ပေမယ့် ပြည်နယ်/တိုင်းဒေသကြီး တရားလွှတ်တော် အထိတော့ အတွယ်ခံရဖို့များမယ်လို့
ကျွန်တော်ထင်ပါတယ်။ အဲ့ဒီမြေကွက်တွေဆို  ပြဿနာ ရှိနိုင်ပြီး ခိုင်မာမှုမရှိနိုင်ပါဘူး။
(အောက်တွင်ဖော်ပြထားတာကတော့
လ/ယ ၃၉ ကျပြီးသားမြေကွက်တွေလို့သိရပါတယ်)

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate