အမွေ

မေးခွန်း(၁)- သာကြီးသြရသသည် မိဘတို့ထက်ဦးစွာ ဆုံးပါးသွားလျှင် ၊ ၎င်း၏သားသမီးများသည် အဖိုးအဖွားတို့ထံမှ အမွေဆက်ခံခွင့် မည်မျှရနိုင်ပါသလဲခင်ဗျာ၊ (  အမွေမမီဖြစ်၍ အဖေသြရသ သားကြီးခွဲတမ်းမှ ၄ပုံ၊ ၁ပုံသာရမည် ဆိုသည်မှာ ဟုတ်ပါသလားခင်ဗျာ) 
မေးခွန်း (၂) သာကြီးသြရသသညမိဘတို့ထက်စောစွာဆုံးပါးသွားပြီး ၎င်းတွင်သားသမီးနှစ်ဦး ကျန်ခဲ့ပါလျှင် ဦးလေး အဒေါ်တို့နှင့် ကျန်ရစ်သူ သားသမီးနှစ်ဦးတန်းတူခံစားခွင့်ရှိမရှိသိလိုပါတယ်။
အဖြေ - မေးခွန်းနှစ်ခုစလုံးတွင် ၎င်းတို့သိလိုသည်မှာ အဖိုးအဖွား၏ အမွေကို မြေးအနေဖြင့် ဆက်ခံခွင့်အကြောင်းပင်ဖြစ်ပါသည်။ 
မြေးဟုဆိုရာတွင် မြေး (၂)မျိုးရှိနိုင်ပါသည်။ ၎င်းတို့မှာ - 
( ၁) အမွေမီမြေး 
(၂) အမွေမမီမြေး တို့ဖြစ်ပါတယ်။ 
အမွေမီမြေး 
 ၎င်းတို့၏ မိဘသည် အမွေရှင်ဖြစ်သူ အဖိုးအဖွားများသေဆုံးပြီးနောက်တွင်မှ သေဆုံးကြ လျှင် ၎င်းတို့သည် အမွေမီမြေးများဖြစ်ကြသည်။ အမွေမီမြေး၏ ဝေစုသည် ၎င်းတို့ဖခင်သက်ရှိထင် ရှားရှိလျှင်ရမည့် အမွေဝေစုအတိုင်း အပြည့်အဝရရှိပါသည်။ 
အမွေမမီမြေး 
 အမွေမမီမြေးဆိုသည်မှာ ဘိုးဘွားတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ မကွယ် လွန်မီ ကွယ်လွန်သွားသော သားသမီးများမှမွေးဖွားသည့် ထိုဘိုးဘွား၏ မြေများကို ဆိုလိုသည်ဟု ၁၉၈၈  ဦးမြင့်သော်ပါ ၇ နှင့် မောင်ဇင်လင်းပါ ၃ (၂၂၇) အမှုတွင်ဆုံးဖြတ် ထားပါသည်။ 
  အမွေမမီမြေးများရရှိနိုင်သည့် အမွေဝေစုမှာ မိမိတို့၏မိဘ သက်ရှိထင်ရှားရှိလျှင် ရရှိမည့် အမွေဝေစု၏ (၄)ပုံ (၁)ပုံကိုသာရရှိပါမည်။ 
ချွင်းချက် - 
 မိမိသည် အထက်ပါဖော်ပြချက်အရ အမွေမမီမြေးဖြစ်သော်လည်း မိမိတို့၏ မိဘသည် သြရသသားသမီး (သို့မဟုတ်) အကြီးဆုံး သားသမီးဖြစ်ခဲ့လျှင် အမွေမမီမြေးဖြစ်သော်လည်း မိမိတို့၏မိဘ သက်ရှိထင်ရှားရှိလျှင် ရရှိမည့် အမွေဝေစုအပြည့်အဝရရှိပြီး ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး ဒေါ်လေးတို့နှင့် တန်တူညီမျှအမွေဆက်ခံခွင့်ရရှိပါသည်။ ( တစ်နည်းအားဖြင့် အမွေမီမြေးအဖြစ် ပြောင်းလဲသွားပါသည်။ )
မေးခွန်း - သြရသနှင့် အကြီးဆုံးသားသမီးများမှ မွေးဖွားသည့်အမွမမီမြေးများသည် အဖိုးအဖွား တို့၏ အမွေတွင် ဝေစုမည်မျှရနိုင်သနည်း။
အဖြေ - ဘိုဘွားတို့၏ အမွေကို သြရသနှင့် အကြီးဆုံးသားသမီးများမှ မွေးဖွားသည့် အမွေမမီမြေး နှင့် ၎င်းတို့၏ ဦးကြီး၊ ဦးလေး ၊ ဒေါ်ကြီး ဒေါ်လေးတို့သည် အညီအမျှ ရရှိကြမည်။ အခြားသားသမီး များမှ မွေးဖွားသည့် အမွေမမီမြေးများသည် မိမိတို့၏ မိဘများ၊ ဘိုးဘွားများကွယ်လွန်စဉ် အသက် ထင်ရှားရှိခဲ့လျှင် ရချေမည်ဖြစ်သော ဝေစု၏ (၄)ပုံ(၁)ပုံကို ရရှိကြမည်ဖြစ်သည်။  
“ ဦးထွန်းတင် နှင့် ဦးလာဘ ပါ (၂) ၁၉၉၁ မတစ ၈၁ ကိုကြည့်ရန်။” 
ဥပဒေအကျိုးဆောင် LL.B Group Myanmar Law Firm ) ကူးယူဖော်ပြပါသည်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

မောင်နှမ(၃)ယောက်ကဘယ်လိုပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစားရမလဲ

ကျနော်တို့မောင်နှမတွေအနေနဲ့မိဘဖြစ်သူရဲ့အမွေကိုလုံးဝမရခဲ့ပါဘူး။ ကိုယ့်မိဘကိုယ်တိုင်က သူစိမ်းတစ်ယောက်ကိုအမွေပစ္စည်းအားလုံးပေးကမ်းလိုက်လို့ပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး အခုတော့မိဘတွေလည်း မရှိကြတော့တဲ့အချိန်မှာ အဲ့ဒီအမွေကို ကျနော်တို့ မောင်နှမ(၃)ယောက်ကဘယ်လ...

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့  သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ကျွန်တော့မှာ သားသမီး ၆ ယောက်ရှိပါတယ် ။ သမီးလေးက တစ်ယောက်ထဲပဲ ပါလို့ ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် ။ သမီးကအိမ်ထောင်ကျပြီး မြေးတစ်ယောက်ကျန်ခဲ့ပါတယ် ။ ကံအား လျှော်စွာ သမီးလေးဆုံးပါးသွားခဲ့ရပါတယ် ။ အခုတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်...

အမွေအကြောင်း

မြန်မာဓလေ့ထုံးထမ်းဥပဒေအရ  သေဆုံးသူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ်နှင့် ညီအစ်ကို မောင်နှစ်မ စသည့် အမွေဆိုင်များ မကျန်ရစ်လျှင် သေသူ၏ အမွေကို၎င်း၏ မိဘများကဆက်ခံခွင့်ရှိပါသည်။သေဆုံးသူတွင် ခင်ပွန်း၊ ဇနီး ကျန်ရစ်သော်လည်း  သားသမီးထွန်းကားခြင်းမ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate