ပါမစ် မြေကွက်ကို ဂရမ်လျှောက်ထား ဝယ်ယူနည်း
ပါမစ်မြေကွက် ကို ဂရမ်လျှောက်ထား ဝယ်ယူနည်း
ပါမစ်မြေ ဆိုသည်မှာ အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့်
ချပေးထားသည့် မြေအမျိုးအစားပဲ ဖြစ်ပါတယ်။
မိသားစုဓာတ်ပုံ နှင့် တစ်ကွ ထုတ်ပေးထားသော
ပါမစ်စာရွက် ဖြစ်တယ်။
အဲဒီ ပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့
ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိကြပါတယ်။
နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်
စာရွက်စာတမ်း မူရင်း အပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော
အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး
သက်ဆိုင်ရာ မြို့ပြ စီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှု ဌာနမှာ
ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း အတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး
ကော်မတီ မြို့ပြ စီမံကိန်း နှင့် မြေ စီမံခန့်ခွဲမှုဌာန သို့ လျှောက်ထားရမှာပဲ ဖြစ်ပါတယ်။
စာရွက်စာတန်း စစ် အမည်ပေါက် မှန်မမှန် အရှုပ်အရှင်း ရှိ မရှိ စစ်ဆေးလို့
ရောင်းသူ ဝယ်သူ နှစ်ဘက်စလုံး အဆင်ပြေရင်
စရန်ငွေ ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ အရောင်းအဝယ် စာချုပ်ကြီး ချုပ်ဖို့ ရက်ချိန်းကြရတယ်။
ဝယ်သူက လည်း ရှေ့နေငှါးပြီး ကန့်ကွက်ရန်ရှိ ၊ မရှိ သတင်းစာမှာ ကြော်ငြာကြရတယ် ။
ကန့်ကွက်ချက်ကင်းမှ နောက်ကျန်တဲ့ငွေကို ပေးချေရတာလေ ။
ပါမစ် မြေကွက်ရဲ့ သဘောက ပါမစ်မူရင်းနဲ့ အရောင်းအဝယ် စာချုပ် အဆက်အစပ်
မူရင်းတွေနဲ့ တင်ပြည့်စုံပါတယ် ၊ ဂရန်လျှောက် လို့ရပါတယ်။
#Crd to owner
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...