Advertise here!

စလစ်မြေအကြောင်း

စလစ်မြေအကြောင်း
စလစ်မြေဆိုတာအိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါ. 
 ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ်တောင်၊လှိုင်သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''
မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်။ 
စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''
 အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါမယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''
''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''
''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင်အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ်တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ စျေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate