ကျွန်တော့မှာ သားသမီး ၆ ယောက်ရှိပါတယ် ။ သမီးလေးက တစ်ယောက်ထဲပဲ ပါလို့ ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် ။ သမီးကအိမ်ထောင်ကျပြီး မြေးတစ်ယောက်ကျန်ခဲ့ပါတယ် ။ ကံအား လျှော်စွာ သမီးလေးဆုံးပါးသွားခဲ့ရပါတယ် ။ အခုတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက် မှု တွေရှိလာပါတယ် ။ ကျန်တဲ့သားသမီးတွေအတွက်လည်း အမွေဆက်ခံပိုင်ခွင့်ကို စီစဉ်ပေးချင်ပါတယ်။ ဒါ ကြောင့် ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ် ။
=======================
အဓိကတော့ အငယ်ဆုံးသမီးလေးကို ချစ်မြတ်နိုးပြီးတော့ သူ့နာမည်နဲ့ပစ္စည်းတွေထားခဲ့တယ်။ သမီးကလည်း ဆုံး သွားတဲ့အချိန်။ ဒီနေရာမှာ ဥပဒေအရကြည့်မယ်ဆိုရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ရှိပါတယ်။ တခြားနိုင်ငံ တကာဥပဒေမှာလည်းရှိပါတယ်။ ဒါက ပစ္စည်းပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်က ၊ ပစ္စည်းပိုင်ရှင်အစစ်အမှန်က တခြားတစ် ယောက်ကိုပေါ့ နာမည်ခံပြီးတော့ အမည်ခံသက်သက်နဲ့ဆောင်ရွက်ထားခဲ့တဲ့ကိစ္စ ဘီနာမီ လို့လဲခေါ်ပါတယ်။ အမည်ခံခိုင်းထားတာ တကယ့်ပိုင်ရှင်ကတော့ မူလပိုင်ရှင်ရဲ့အစစ်အမှန်။
ဒီကိစ္စကို ကြည့်မယ်ဆိုရင်တော့ ဖခင်ဖြစ်တဲ့သူက ကိုယ်တိုင်ရှိနေသေးတဲ့အခါကျတော့ သမီးဟာ ဘီနာမီ အမည်ခံသက်သက်ပဲထားခဲ့တာ။ ဒီပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေပဲဖြစ်တယ်ဆိုတာ ပြောလို့ရပါတယ်။ တကယ် ဆိုလို့ရှိရင်တော့ သမီးသေသွားပြီးလို့ဆိုရင် သမီးက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သွေးနဲ့သွားတာ။ သွေးနဲ့ သွားတာလို့ဖြစ်တဲ့အတွက်တော့ သမီးသေသွားတဲ့ အခါ သမီးရဲ့ပစ္စည်းဆိုရင်တော့ လင်သေမယားပေါ့၊ မယား သေလင်ရတယ်။အခုပစ္စည်းက သမီးရဲ့ပစ္စည်း မဟုတ်တဲ့အခါကျတော့ ဒီပစ္စည်းက အမွေအရ ဖခင်အရင် သမီး ကသေသွားတော့ အမွေက သူ့အနေနဲ့ အမွေကန်းသွားတာပေါ့။ အမွေကန်းသွားတယ်ဆိုပေးမဲ့ သွေးက ဘယ် မှာ သွားရှိလဲဆိုတော့ မြေးမှာ သွားရှိတယ်။ မြေးမှာ သွားရှိတော့ ခုနက ခင်ပွန်းမှာ မရှိဘူး။ ဘီနာမီနဲ့လုပ်ထား တဲ့ ပစ္စည်းက ခင်ပွန်းမှာမရှိဘူး။မြေးကတော့ ဦးလေးတွေနဲ့ပြိုင်ပြီးတော့ ခွဲရမှာပေါ့။ အမွေမမှီမြေးပေါ့ ။ အမွေ မမှီမြေးဆိုရင်တော့ သူ့က မိမိရဲ့ မိခင်ရဲ့ဝေစုရဲ့ ၄ပုံ၁ပုံ ရနိုင်တာပေါ့။
ဒီကိစ္စကိုကြည့်လိုက်မယ်ဆိုရင်တော့ ပစ္စည်းပိုင်ရှင်ကိုယ်တိုင်ရှိနေသေးတဲ့အတွက်တော့ အမွေပုံပစ္စည်းလို့ တော့ပြောလို့မရသေးဘူး။ သို့သော် တကယ်လို့ အမှုရင်ဆိုင်မယ် ဆိုခဲ့လို့ဆိုရင်တော့ ဘီနာမီ အမည်ခံဖြစ် ကြောင်း မွက်ဟကြေငြာပေးစေလိုမှု ဆိုတာလေးတစ်ခု လုပ်လို့ရပါတယ်။ မိသားစု စီမံခန့်ခွဲမှု စာချုပ် သဘော တူညီချက်အရပေါ့နော်။ မင်းက ဘာယူ။ မင်းကဘာယူ ဆိုတာမျိုးပေါ့ ။ အမွေဆိုင်ထဲမှာ မပါတဲ့ သမီးရဲ့ ခင်ပွန်းကိုလဲ မိသားစုသဘောအရ ကျန်တဲ့မိသားစုတွေ သဘောတူတယ်ဆိုရင်တော့ သူ့ကိုလဲ ပေးလို့ရပါ တယ်။ မြန်မြန်လေး စောစောစီးစီး ပေါ့နော်။ နောက်ဆိုရင်တော့ ကာယကံရှင်ကိုယ်တိုင် မရှိတဲ့အခါကျရင် ပိုပြီးတော့ ရှုပ်ထွေး သွားမှာ ဖြစ်တဲ့အတွက်တော့ ပထမဆုံး မိသားစုစီမံခန့်ခွဲမှုနဲ့ ကြိုးစားစေချင်ပါတယ်။ အဲဒါမှ မရဘူးဆိုရင်တော့ ဘီနာမီဖြစ်ကြောင်း မွက်ဟကြေညာပေးစေလိုမှုနဲ့ သွားသင့်ပါတယ်။
#DVBlawlab #DVBtvnews #အမွေဆက်ခံရေး #ဘီနာမီ #မိသားစုစီမံမှု

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ