မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်မူရင်းကြည့်ဖို့လည်း မမေ့သင့်

မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်မူရင်းကြည့်ဖို့လည်း မမေ့သင့်
မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်မူရင်းကြည့်ဖို့လည်း မမေ့သင့်
ခုတစ်လော အိမ်ခြံမြေကွက် ဝယ်သူတွေကိုကြည့်ရတာ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ Online မှာ တွေ့ဆုံပြီး စရံငွေပေး စာချုပ်ချုပ်လိုက်ကြတယ်။ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူ ဈေးညှိနှိုင်းပြီး ဝယ်လိုက်ကြတယ်။ ပွဲစားမပါဘူးဆိုတော့လည်း ရောင်းသူက ရောင်းဈေးပြောတယ်။ ဝယ်သူကလည်း ပေးနိုင်တဲ့ ဈေးပေးပြီး စရံငွေ ပေးလိုက်ကြတာဘဲ။
ရောင်းသူကတော့ အရိုးခံပဲ၊ မိမိလက်ဝယ်မှာရှိပြီး အိမ်ခြံမြေနဲ့ပက်သက်တဲ့ စာချုပ်စာတမ်းတွေ ထုတ်လိုက်တာဘဲ။ ဝယ်သူကလည်း မိမိနားလည်သလောက် သေသေချာချာ လေ့လာပြီး စရံငွေ ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲ့ဒီ အိမ်ခြံမြေကွက်က ဂရန်မိတ္တူ ဖြစ်နေမယ်။ မြေချပါမစ် မိတ္တူဖြစ်နေရင်ဝယ်ယူရမယ့်
ဝယ်နည်းကိုပြောပြပါမယ်။ 
မြေချပါမစ် တစ်ဝက်ခွဲဝယ်တဲ့ ပုံစံမျိုးပါ။စာချုပ်အဆက်အစပ်တွေကလည်း မှန်တယ်၊ အမည်ပေါက်ကလည်း မှန်တယ်၊ အရှုပ်အရှင်းလည်း ကင်းတယ် သိရတာနဲ့ ကျန်ငွေပေးချေဖို့ ရောင်းသူကို အကြောင်းကြားလိုက်ပါ။  စာချုပ်မူရင်းတွေ ကြည့်ပါ။  
(ပိုစိတ်ချချင်ရင်တော့သတင်းစာကြေငြာသင့်ပါတယ်။)
 မြေချပါမစ်မိတ္တူ
 ပါမစ်တစ်ခုရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မိသားစုဓာတ်ပုံရယ်၊ မြေကွက်ရထားသူရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း၊ မှီခိုနေထိုင်သူစာရင်း၊ အိမ်ရာဆောက်လုပ်ခွင့်ပြုချက်အစုံ တွေ့ရပါတယ်။ ဓာတ်ပုံနောက်ကျောမှာပါတဲ့ မူလနေထိုင်ခဲ့တဲ့ ရဝတ ဥက္ကဌ ရဲ့ လက်မှတ်စည်းတံဆိပ်၊ အိုးအိမ်ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးရဲ့ စည်းတံဆိပ်လက်မှတ်တွေ အပြည့်အစုံပါလို့ အမှန်အကန် ပါမစ်မိတ္တူတစ်ခုလို့ ဆိုနိုင်ပါတယ်။
ပါမစ်မိတ္တူဝယ်ရင် မူရင်းပါမစ်ကိုလည်း ကြည့်ဖို့လိုပါတယ်။ 
အကယ်၍ ပါမစ်မြေကနေ နှစ်(၆၀)ဂရန်သစ်လျှောက်ရင်တော့ (၂)ယောက်မည်နဲ့ ရလာတဲ့ နှစ်(၆၀)ဂရန်ကို (ပေ ၂၀X ပေ ၆၀)စီတစ်ဝက် ဂရန်ခွဲလျှောက်ယူရမှာ ဖြစ်ပါတယ်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate