အိမ်ခြံမြေအရောင်းအ၀ယ်ကိစ္စတွေနဲ့ပတ်သက်ပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ (၇) ရက်အတွင်း (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း၊ မကန့်ကွက်နိုင်ကြောင်း

အိမ်ခြံမြေအရောင်းအ၀ယ်ကိစ္စတွေနဲ့ပတ်သက်ပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ (၇) ရက်အတွင်း (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း၊ မကန့်ကွက်နိုင်ကြောင်း
မေး။  အိမ်ခြံမြေအရောင်းအ၀ယ်ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းစာတွေမှာ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ (၇) ရက်အတွင်း (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း၊ မကန့်ကွက်ရင် ဥပဒေနဲ့အညီ အရောင်းအ၀ယ်ကိုဆက် လုပ်သွားမှာဖြစ်ကြောင်း ကြေညာချက်တွေကိုမကြာခဏဖတ်ရပါတယ်။
တကယ်လို့များ ဥပဒေအရပိုင်ဆိုင် ခွင့်ရှိသူတစ်ယောက်ယောက်က ဒီကြော်ငြာကို မဖတ်ဖြစ်လို့ ဒါမှမဟုတ် တစ်နယ်တစ်ကျေးရောက်နေလို့ အရောင်းအ၀ယ်ဖြစ်ပြီးမှ ကန့်ကွက်မယ်ဆိုရင် တရားမ၀င်တော့ဘူးလား။၀ယ်ထားပြီးသူကို တရားစွဲရမှာလား ။ ရောင်းလိုက်တဲ့ အမွေဆိုင်ရာတရားစွဲရမှာလား ဆိုတာ သိလိုပါတယ်?
ဖြေ။ ဒါမျိုးက ပြဿနာဖြစ်တတ်ပါတယ်။
ဆိုကြပါစို့၊ မိဘက ဆုံးသွားတဲ့ အခါမှာ သားသမီးနှစ်ယောက် ကျန်ခဲ့တယ်။ နှစ်ယောက်ရှိတာမှာ ဒီအမွေကို သူတစ်ဦးတည်း ပိုင်ပါတယ်လို့ ကျမ်းကျိန်လွာ ဖန်တီးပြီး အခြားတစ် ယောက်ကို ရောင်းမယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာက မြေပိုင်မြေယာဆိုရင် ကူးတဲ့အခါမှာ ကန့်ကွက် ရန်ရှိ၊မရှိဆိုတာ သတင်းစာမှာ ကြေညာလေ့ရှိပါတယ်။
ဒီတော့ ကျန်တဲ့ တစ်ယောက်က သူလည်းပိုင်ဆိုင်တဲ့ အမွေ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လေ့လာရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိစ္စဆိုတော့ သတိထားရတာပေါ့။ ကန့်ကွက်ရန်ရှိ၊မရှိလို့ ကြေညာတဲ့အချိန်မှာ သူက မကန့်ကွက်ဘူးဆိုရင် အရောင်းအဝယ် ဆက်ဖြစ်နေပါမယ်။ 
ဒီလိုဆိုရင် နောက်ကျမှ ဒီကိစ္စကိုသိတော့မှာပေါ့၊
နောက်မှသိတော့လည်းရပါတယ်။
ဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ဖျက်သိမ်းပေးဖို့ ဆိုပြီး တရားစွဲရပါတယ်။
စွဲပြီဆိုရင် ကာလစည်းကမ်းသတ်က ပါလာပါပြီ။ ကန့်ကွက် ကြောင်းသတင်းစာမှာပါတဲ့ အချိန်ကစပြီး ၃ နှစ်အတွင်းမှာ ဒီစာချုပ်ဖျက်သိမ်း ပေးစေလိုမှုနဲ့ တရားစွဲချင်ရင် အချိန်မှီပါတယ်။
ကာလစည်းကမ်းသတ်ကျော်မှ တရားစွဲမယ်ဆိုရင်တော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားပါပြီ။
ဒါကြောင့် ကိုယ့်မှာ ပစ္စည်းရှိတယ်ဆိုရင်တော့ အမြဲလေ့လာ  ဖတ်ရှုနေရပါမယ်။
မသိလိုက်ရင်လည်း ကာလ စည်းကမ်းသတ်နဲ့ သတ်မှတ်ထားတဲ့ ကာလမှာ စွဲလို့ ရပါတယ်လို့ ဖြေကြားပေးချင်ပါတယ်။
(ဖြေ - ဦးကျော်ဇေယျ-ဥပဒေပညာရှင်)

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate