မိဘနှစ်ပါး ကွယ်လွန်ချိန်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုခြင်း

မိဘနှစ်ပါး ကွယ်လွန်ချိန်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုခြင်း

မိဘနှစ်ပါး ကွယ်လွန်ချိန်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုခြင်း

 မိဘနှစ်ပါး ကွယ်လွန်လျှင် ၎င်းတို့ပိုင်ဆိုင်သော မရွှေ့မပြောင်း နိုင်သည့်ပစ္စည်းကို အမွေဆက်ခံပိုင်ခွင့်ရှိ သူများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုပြီး အမွေဆက်ခံပိုင်ဆိုင်ရမှာဖြစ်ပါသည်။

 မိဘနှစ်ပါး ကွယ်လွန်က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (အိမ်ခြံမြေ) ကျန်ရစ်ပါက ကျန်ရစ်သူသားသမီး နှင့် ကိတ္တိမမွေးစားသားသမီးများမှ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါသည်။ 

အမွေဆက်ခံရာတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ 

လိုအပ်သည့် စာရွက်စာတမ်းများမှာ-

- မိခင်၊ ဖခင်တို့၏ သေစာရင်းမူရင်း။ (သေစာရင်းမရှိလျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသည့် သေဆုံးကြောင်း ထောက်ခံချက်။)

- မိဘနှစ်ပါး (သို့မ ဂရန် (သို့မဟုတ်) မြေပိုင်မြေဖြစ်က ပိုင်ဆိုင်စာချုပ် မူရင်း။

- သက်ဆိုင်ရာစည်ပင်မှ ထုတ်ပေးသည့် တစ်နှစ်သက်တမ်းရှိ ပိုင်ဆိုင်စာချုပ်ချုပ်ရန် မြေပုံရာဇဝင် မူရင်း။

- ပိုင်ဆိုင်ချုပ်ဆိုသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း။

- ပိုင်ဆိုင်ချုပ်ဆိုသူ၏ သန်းခေါင်စာရင်းမူရင်း။

- အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မူရင်း စသည့်စာရွက်စာတမ်းများ လိုအပ်မည် ဖြစ်ပါသည်။

အထက်ပါ စာရွက်စာတမ်းမူရင်းများဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုရမှာဖြစ်ပါသည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက ပိုင်ဆိုင်ချုပ်ဆိုသူအမည်သို့ ဂရန်အမည်ပြောင်းလျှောက်ထားခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။

 

Related Posts

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate