မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး သြရသ ၊ ကနိဋ္ဌ ၊ ကတ္တိမ၊ အပတိဋ္ဌ ၊ ကိဠိတ ၊ သွာနုတ္တ စသည့်သားသမီးများအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး သြရသ ၊ ကနိဋ္ဌ ၊ ကတ္တိမ၊ အပတိဋ္ဌ ၊ ကိဠိတ ၊ သွာနုတ္တ စသည့်သားသမီးများအကြောင်း
သွရသသားသမီး
သြရသသားသမီးဆိုတာ သားကြီးသမီးကြီးရတဲ့ အခွင့်အရေးပါ။ 
အကြီးဆုံးသားသမီးတိုင်းက ဒီအခွင့်အရေး ရလားဆိုတော့ မရပါဘူး။ 
အဖေဆုံးတဲ့အချိန်က သား ၁၈ နှစ်ဖြစ်မယ်၊ မိသားစုရဲ့လုပ်ငန်းတွေမှာလည်း လုပ်နိုင်တဲ့ အနေအထားရှိရင် သြရသအခွင့်အရေး ရပါတယ်။ ဒီလိုပဲ အမေဆုံးတဲ့အချိန်မှာ သမီးက ၁၈ နှစ်ဖြစ်မယ်၊ အိမ်ထောင်ထိန်းသိမ်းမှုမှာ လုပ်နိုင်ကိုင်နိုင်ဆို သြရသအခွင့်အရေးရပါတယ်။ သြရသဖြစ်ပြီးဆိုရင် အမေဆုံးလျှင် သမီးကြီးက အဖေဆီမှာ အမွေပစ္စည်း ၄ ပုံ ၁ ပုံတောင်းခွင့်ရှိပါတယ်။ သားလည်းဒီလိုပဲ အဖေဆုံးလျှင် အမေဆီ မှာ ၄ ပုံ ၁ ပုံတောင်းပိုင်ခွင့်ရှိပါတယ်။ ဒါ သြရသရဲ့ သဘောသဘာဝနှင့် အခွင့်အရေးဖြစ်ပါသည်။
ကနိဋ္ဌသားသမီး
ကနိဋ္ဌသားသမီး သူကတော့ ထူးထူးခြားခြား အခွင့်အရေးတော့မရှိပါဘူး။ မိဘနှစ်ပါးအနက် တစ်ပါးဆုံးသွားပြီး ကျန်ရစ်သူမိဘက နောက်အိမ်ထောင်ပြုတော့မယ်ဆိုလျှင် အမွေတောင်းလို့ရပါတယ်။ သားသမီးအကုန်လုံးမှ အမွေဝေစု၏ တစ်ဝက် တောင်းပြီးအချိုးကျခွဲဝေယူရပါသည်။
ကိတ်တိမသားသမီး
ကိတ္တိမသားသမီး ဆိုတာကတော့ သားရင်းသမီးရင်းလို မွေးစားထားတာကိုး။ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ပြီး တရားဝင်မွေးစားခြင်းဖြစ်ပါတယ်။ ၁၉၄၁ခုနှစ် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမွေးစား ခြင်းများသည်မှတ်ပုံတင်ရမယ်။ သားရင်းသမီးရင်းခံစားရသကဲ့သို့ အမွေရပါသည်။
အပတိဋ္ဌသားသမီး
အပတိဋ္ဌသားသမီး ဆိုတာကတော့ ကောက်ယူမွေးစားတာပေါ့။ အမွေပေးရန်လည်း မရည်ရွယ်ပါဘူး။ ထို့ကြောင့် သားရင်းသမီးရင်းကဲ့သို့ အခွင့်အရေးလည်းမရပါဘူး။ အမွေရပိုင်ခွင့်မရှိပါဘူး။ ဘယ်အချိန်မှာ အမွေရပိုင်ခွင့်ရှိလဲဆိုတော့ မိဘနှစ်ပါးဆုံးတယ်၊ သူတို့မှာ သားရင်းသမီးရင်းကလည်း မရှိဘဲ ဆက်ခံမည့် မြေး လည်းမရှိဘူးဆိုလျှင် ထိုအခါ အမွေစုအား ဆွေမျိုးတွေက တစ်ဝက် အပတိဋ္ဌသားသမီးက တစ်ဝက် ရရှိမှာဖြစ်ပါသည်။
ကိဠိတသားသမီး
ကိဠိတသားသမီး ကတော့ ပျော်ပါးမြူးတူးရာက ရတဲ့သားသမီးလို့ခေါ်တယ်။ အမွေဆက်ခံခွင့်မရှိပါဘူး။ တစ်ခုထူးခြားတာက အမျိုးသားက အမျိုးသမီးကို လက်ထပ်ပါမယ်ဆိုပြီး ကာမရယူတယ်။ ထို့နောက် လက်ထပ် မယူတဲ့အတွက် မိန်းကလေးက ကာမလိမ်လည်မှုဖြင့် တရားစွဲတယ် ထို့ကြောင့် အမျိုးသားက ထောင်ကျတယ်  မိန်းကလေးတွင် ကိုယ်ဝန်ကျန်ခဲ့တယ်။ ကိုယ်ဝန်သည် အမျိုးသားနှင့်ရရှိကြောင်း အခိုင်အမာသက်သေပြနိုင် လျှင် အမျိုးသားထောင်က ထွက်လာသည့်အခါ ထိုအမျိုးသားထံမှ ကလေးစရိတ်တောင်းလို့ရပါတယ်။ အမွေတော့ မရပါဘူး။ သူရဲ့ထူးခြားမှုဖြစ်ပါသည်။
သွာနုတ္တသားသမီး
သွာနုတ္တသားသမီး ခွေးနဲ့တူတဲ့သားသမီးပေါ့။ မိဘကို စော်ကားတယ်၊ ရန်ပြုတယ်၊ မိဘစကားနား မထောင်ဘူး။ မိဘစကားနားမထောင်ရုံနဲ့တော့ သွာနုတ္တမဖြစ်သေးပါဘူး။ မိဘပေးစားတဲ့သူနဲ့ မယူလို့ မိဘ စကားနားမထောင်ဘူး အမွေပြတ်တယ်ဆိုပြီး သတင်းစာတွေထဲထည့်တယ်။ ဒါပေမဲ့ အမွေမပြတ်ပါဘူး။ အမွေ ရဦးမှာပါပဲ။ သွာနုတ္တဆိုတာ မိဘကို ရန်သူသဖွယ်ပြုမူတယ်၊ မိဘကို နှိပ်စက်တယ်ဆိုရင် မိဘက အဲဒီ သားသမီးကို သွာနုတ္တသားသမီးအဖြစ် ကြေညာဖို့အတွက် တရားစွဲရသေးတယ်။ တရားရုံးက သွာနုတ္တသားသမီး အဖြစ် ကြေညာပြီဆိုမှ အဲဒီသားသမီးက ဘာအခွင့်အရေးမှ မရတော့ပါဘူး။ အမွေလည်း မရနိုင်တော့ပါဘူး။ 
ကိုကား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ

Related Posts

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate