ငွေချေးလိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ်ချုပ်သင့်ပါသလဲ။

ငွေချေးလိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ်ချုပ်သင့်ပါသလဲ။
 ငွေချေးလိုခြင်းသည် အကြောင်းအရာ (၃)ရပ်အပေါ် အခြေခံမှုတည်ပါသည်။
 ၎င်းအကြောင်းအရာများမှာ 
(၁) အတိုးလိုချင်၍ ချေးခြင်း 
(၂) အလွန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေးအခက်အခဲဖြစ်နေသဖြင့် ကူညီပေးခြင်း (၃) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း တို့ဖြစ်ပါသည်။
 (၁)ငွေတိုးရလို၍ချေးခြင်းသည် မိမိအနေဖြင့် ငွေတိုးချေးစားခွင့်လိုင်စဉ်မရှိဘဲ ချေးငှားနိုင်သူမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိဖို့လိုပါသည်။ 
ထိုသို့လိုင်စဉ်မရှိဘဲ ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့်လုပ်ကိုင်လျှင် မိမိအနေဖြင့် တရားစွဲ၍ ငွေရလိုမှု စွဲဆိုနိုင်မည်မဟုတ်ပါ။ 
အပေါင်ပစ္စည်းတစ်ခုခုကို လက်ခံ၍ ချေးငှားခြင်းဖြစ်ပါကလဲ အပေါင်ခံခွင့် မရှိသဖြင့် အပေါင်အဖြစ်လက်ခံထားသော ပစ္စည်းရှိစေကာမူ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါသည်။ 
ငွေချေးခြင်း အပေါင်ခံခြင်းများကို ဘဏ်များကသာ တရားဝင်လုပ်ခွင့်ရှိပါသည်။ 
မိမိတွင် လုပ်ခွင့်မရှိသော ကိစ္စကိုဆောင်ရွက်ခြင်းသည် ကံစမ်းခြင်းမျိုးဖြစ်၍ အဆင်ပြေလျှင် အတိုးအရင်း မျိုးမျိုးမြတ်မြတ်ရနိုင်သော်လည်း ၊ အဆင်မပြေလျှင် အတိုးရော အရင်းပါ ဆုံးရှုံးနိုင်ပါသည်။ 
စာချုပ်စာတမ်းမျိုးစုံဖြင့်ပြုလုပ်ကြသော်လည်း ဟန်ဆောင်စာချုပ်များသည် တရားမဝင်သဖြင့် အကျိုးမများနိုင်ပါ။ 
ငွေတိုး ချေးစားခြင်းကို တရားဝင်လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ငှာနများတွင် လိုင်စဉ်လျှောက်ထားခွင့် ရှိပါသည် ။ 
ထိုသို့မဟုတ်ဘဲ ဥပဒေအား လက်တစ်လုံးခြား ပြုလုပ်လိုလျှင် ထိုကိစ္စမျိုးအတွက် ခိုင်မာသော စာချုပ်ဆိုသည်မှာ မရှိနိုင်ပါ။ 
(၂) အလွန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေးအခက်အခဲဖြစ်နေသဖြင့် ကူညီပေးခြင်း အတိုးမယူဘဲချေးပေးခြင်းဖြစ်ပါက ငွေယုံကြည်အပ်နှံခြင်းစာချုပ်ဖြစ်စေ၊ ခေတ္တခဏငွေချေးငှား ခြင်းစာချုပ်ဖြစ်စေပြုလုပ်၍ ချေးငှားနိုင်ပါသည်။ 
သို့သော် မိမိ၏မိတ်ဆွေတွင် အိမ်ထောင်ရှိလျှင် လင်နှင့်မယားနှစ်ဦးစလုံးကို လက်မှတ်ရေးထိုးခိုင်းသင့်ပါသည်။
 နူတ်ဖြင့်ချေးပေးခြင်း ၊ လွယ်လွယ်ချေးပေးခြင်းမျိုး မပြုလုပ်သင့်ပါ 
။ ထိုသို့အထောက်အထားမဲ့ချေးပေးခြင်းသည် မိတ်ဆွေဖြစ်သူက မိမိအပေါ် စိတ်ပြောင်းအောင်၊ ကတိမတည်အောင် မိမိက တွန်းပို့ပေးနေခြင်း သာဖြစ်ကြောင်း သတိချပ်စေလိုပါသည်။ 
လူအတော်များများသည် မူလက လိမ်လည်ရန်၊ ချေးငွေအား ပြန်မဆပ်ရန် ရည်ရွယ်ချက်မရှိသော်လည်းနောက်ပိုင်းတွင် စာချုပ်စာတမ်းမရှိခြင်း ၊ အလွယ်ပြုလုပ်ထားခြင်း၊ ခိုင်မာသော ကတိကဝတ်မရှိခြင်းတို့ကြောင့် ငွေကြေးမပြေလည် သည့်အခါ စိတ်ပြောင်းသွားလေ့ရှိပါသည်။ 
ခိုင်မာသော စာချုပ်စာတမ်းများပြုလုပ်ထားခြင်းသည် မိမိ၏မိတ်ဆွေဖြစ်သူက ကတိမတည်သူ၊ လိမ်လည်သူ မဖြစ်စေရန် ကူညီပေးရာရောက်ပါလိမ့်မည်။
(၃) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း - 
ငွေတိုးချေးစားခွင့် လိုင်စဉ်သည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်မှသာ လိုအပ်ပါသည်။  
မိမိသည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ မိတ်ဆွေဖြစ်သူ ကိုလည်းကူညီရင်း အတိုးလဲရလို၍ တစ်ခါတစ်ရံ ငွေချေးငှားခြင်းသည် ပြုလုပ်ပိုင်ခွင့်ရှိသော ကိစ္စရပ်ဖြစ်ပါသည်။ 
ထိုသို့ပြုလုပ်ခွင့်ရှိကြောင်း စီရင်ထုံးများလဲဖော်ပြဖူးပါသည်။ 
ခေတ္တခဏငွေချေးငှား ခြင်းစာချုပ်ဖြစ်စေပြုလုပ်၍ ချေးငှားနိုင်ပါသည်။
သင့်တော်သော အတိုးကို ထည့်သွင်း ချုပ်ဆို၍ ရပါသည်။ 
အဓိကကျသည်မှာ ငွေတိုးချေးစားခြင်းကို လုပ်ကိုင်သည့် သဘော မသက်ရောက်စေရန် လိုအပ်ပါသည်။ 
ကျန်သည့်ကိစ္စရပ်များမှာ အထက်အပိုဒ် (၂)ပါအတိုင်း ပင်ဖြစ်ပါသည်။ 
 သူတစ်ပါးအား ငွေချေးငှားခြင်းသည် ဆုံးရှုံးနိုင်ခြေများသည့် ကိစ္စတစ်ရပ်ဖြင့်၍ လုပ်သင့် မလုပ် သင့်ကို သေချာစွာစဉ်းစားသင့်ပါသည်။ 
ထိုသို့စဉ်းစားပြီးနောက် ပြုလုပ် မည်ဆိုပါကလည်း စာချုပ်ချုပ်တမ်းခိုင်ခိုင်မာမာဖြင့်ပြုလုပ်သင့်ကြောင်းအကြံပြုမျှဝေအပ်ပါသည်။
Credit
ဆက်လက်ဖော်ပြပါမည်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate