Advertise here!

ခရစ်ယာန်ဘာသာ၀င်များသားသမီးအုပ်ထိန်းရေး အ​ကြောင်း...

16-Aug-21 အခြား
ခရစ်ယာန်ဘာသာ၀င်များသားသမီးအုပ်ထိန်းရေး အ​ကြောင်း...

ခင်ပွန်းနှင့်ခွဲနေထိုင်ရန် လျှောက်ထားသည့်အမှုတွင် တရားရုံးသည် ဒီကရီမချမှတ်မီ၊ ယင်း အိမ်ထောင်မှ အရွယ်မရောက်သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်စပ်လျဉ်း၍ သင့်လျော်သလို ကြားဖြတ်အမိန့်များ ချမှတ်နိုင်သည်။ 

 သင့်လျော်သည်ထင်မြင်လျှင် ယင်းကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက် တွင် ထားရှိနိုင်ရန် အရေးယူဆောင်ရွက်နိုင်သည်။ 

 ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီချမှတ်ပေးပြီးနောက်တွင် ယင်းအိမ်ထောင်မှ အရွယ် မရောက် သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်ပတ်သက်၍ လျှောက်ထားသည့်အခါအားလျော်စွာ အမိန့်ချမှတ်နိုင်သည်။ သို့မဟုတ် ကလေးများကို တရားရုံး ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်။

 တရားလွှတ်တော်တွင် စွဲဆိုသည့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် အမှုတွင် (သို့) ထိမ်းမြားမှု ပျက်ပြယ်ကြောင်း စွဲဆိုသည့်အမှုတွင်၊ (သို့) တရားလွှတ်တော်သို့ စစ်ဆေးရန် ပြောင်းရွှေ့ပေး သည့်အမှုတွင် တရားလွှတ်တော်သည် အပြီးသတ်ဒီကရီမချမှတ်မီ (သို့) ၄င်းဒီကရီမချမှတ်မီ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ ခရိုင်တရားမရုံးတွင် စွဲဆိုသောအမှုတွင် အပြီးအပြတ် ဒီကရီ မချမှတ်မီ အခါအားလျော်စွာ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ တရားလွှတ် တော်(သို့) ခရိုင်တရားမရုံးသည်လည်းကောင်း၊ အိမ်ထောင်မှအရွယ်မရောက်သေးသည့်ကလေး များ အုပ်ထိန်းမှု၊ စားစရိတ်၊ပညာသင်ကြားရေးတို့နှင့် ပတ်သက်၍ ကြားဖြတ်အမိန့်များ ချမှတ် နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့် ချမှတ်နိုင်သည်။

 တရားလွှတ်တော်သည် ထိမ်းမြားမှု ပယ်ဖျက်ကြောင်း စွဲဆိုသည့်အမှုတွင် အပြီးအပြတ် ဒီကရီချမှတ်သည့်အခါ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီချမှတ်သည့်အခါ တရားမတရား ရုံးသည် မိမ၏ထိမ်းမြားမှု ပယ်ဖျက်ကြောင်း ဒီကရီ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီကို အတည်ပြုလိုက်သည့်အခါ အရွယ်မရောက်သေးသည့်ကလေးများအတွက် လျှောက်လွှာနှင့် လျှောက်ထားလာလျှင် အခါအားလျော်စွာ ကလေးများအုပ်ထိန်းမှု၊ စားစရိတ်၊ ပညာသင်ကြားရေး တို့နှင့် ပတ်သက်၍ အမိန့်များချမှတ်နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက် မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်

Credit-OriginalUploder

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate