မိဘများကွယ်လွန်ရာတွင်သားသမီးများအမွေနှင့်ပတ်သတ်ပြီးစကားအခြေတင်ဖြစ်မှုများ

13-Aug-21
မိဘများကွယ်လွန်ရာတွင်သားသမီးများအမွေနှင့်ပတ်သတ်ပြီးစကားအခြေတင်ဖြစ်မှုများ
အမွေရှင်မိဘများကွယ်လွန်သွားချိန်တွင် သားသမီးတို့သည် အမွေဆိုင်ပစ္စည်းများနှင့်
ပတ်သက်ပြီး အခြေအတင်ဖြစ်မှုများ ကြုံတွေ့ရတတ်ပါတယ်။ 
ထိုကိစ္စများထဲမှ တစ်ခုဖြစ်သည့် အမွေဆိုင်တစ်ဦးသည် အမွေခွဲဝေခြင်းမပြုရသေးဘဲ အိမ်ခြံမြေကို အမည်ပြောင်းထားခြင်းသည်လည်း အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါသည်။
အမွေရှင်များ ကျန်ရစ်သည့် အမွေဆိုင်ပစ္စည်းကို အမွေခွဲရမည့် အချိန်ကာလ သတ်မှတ်ချက်သည် သာမာန်အားဖြင့် အမွေမခွဲရသေးသမျှ ကာလပတ်လုံး မည်သည့်အချိန်မဆို ခွဲနိုင်ပါတယ်။
အမွေဆိုင်များအနက် အမွေဆိုင်တစ်ဦးဦးက အမွေဆိုင်ပစ္စည်းကို ကျန်အမွဆိုင်များမသိရှိအောင် ၎င်းအမည်နဲ့ မှတ်ပုံတင်စာချုပ်ချုပ်ပြီးပြောင်းထားသည်ဆိုလျှင် စတင်သိရှိသည့်အချိန်မှ (၁၂)နှစ်အတွင်း ကျန်အမွေဆိုင်များမှ တရားစွဲရမည်။
(၁၂)နှစ်ထက်ကျော်လွန်သွားလျှင်တော့ ဆန့်ကျင်ပိုင်ဆိုင်တယ်ဆိုပြီး အမည်ပြောင်းထားသူ အမွေဆိုင်မှ ရရှိသွားမှာဖြစ်ပါသည်။
အကယ်၍ မြေကွက်ဝယ်ယူရာတွင်လည်း အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ဖြင့် ပိုင်ဆိုင်ထားသည့် မြေကွက်များဖြစ်လျှင် အထက်ပါအတိုင်း အခြားအမွေဆိုင်များရှိနေခြင်း ရှိ/မရှိ စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါသည်။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate