~~တရားမမှု ဆိုရာတွင်~~

12-Aug-21
~~တရားမမှု ဆိုရာတွင်~~

ကျွန်တော့်ဆီမှာ လာမေးတိုင်း ပြစ်မှုနဲ့ တရားမမှု မကွဲတာတွေ ခနခနမြင်တွေ့ရပါတယ်။ ထို့ကြောင့် ဗဟုသုတရစေရန် ပြစ်မှုနဲ့ တရားမမှု တို့အကြောင်းအရာ(၂)ခုမှ တရားမမှု၏ သဘောသဘာဝကို ရေးသားတင်ဆက်ပေးလိုက်ပါသည်။ 

တရားမမှု......

တရားမမှုဆိုသည်မှာ ငွေမှု(သို့မဟုတ်) ပုဂ္ဂလိကနစ်နာမှုကို ဆိုလိုပါသည်။ တရားမသဘောသက်ဝင်သော ကတိပျက်ကွက်မှု၊ ကြွေးမြီမှု၊ ပစ္စည်းရလိုမှု၊ လျော်ကြေးရလိုမှု၊ ကတိအတိုင်း ဆောင်ရွက်စေမည့် အမိန့်ရလိုမှု စသည်တို့ဖြစ်ပါသည်။ ပစ္စည်းပြန်ရလိုမှုတွင် ပေးစရာပစ္စည်းမရှိပါက ငွေဖြင့်လျော်စေပါသည်။

တရားမှုသည် ပြည်သူအချင်းချင်းနှင့်သာ သက်ဆိုင်သည်။ နစ်နာသူ တရားလိုက ရုံးခွန်ပေးဆောင်၍ တရားရုံးသို့ မိမိ၏သက်သာခွင့်တို့ကို တရားစွဲ၍ တောင်းခံနိုင်သည်။ မစွဲလိုကလည်း ရသည်။ အကယ်၍ တရားလိုသည် ဆင်းရဲနွမ်းပါးပါက လူမွဲအဖြစ် စရိတ်မဲ့ တရားစွဲနိုင်သည်။

အစိုးရအနေဖြင့် အစိုးရကိုထခိုက်သော တရားမမှုမှတပါး တခြားသူတဦးတယောက်၏ တရားမမှုခင်းများတွင် ပါဝင်စွက်ဖက်ခြင်းမရှိပါ။

တရားမကြောင်းအရ တရားစွဲဆိုနိုင်သည့် အမှုများ

Yuzanar Land Myanmar Property Website မှ တင်ဆက် ဖော်ပြပါသည်။

(၁) ကတိပျက်ကွက်မှု

(၂) ကြွေးမြီရလိုမှု

(၃)လျော်ကြေးရလိုမှု

(၄) ပစ္စည်းရလိုမှု

(၅)ကတိအတိုင်ူ ဆောင်ရွက်ပေးစေလိုမှု

(၆)အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု

(၇)သားသမီးအုပ်ထိန်းခွင့်ရလိုမှု

(၈)အမွေထိန်းစာရလိုမှု

(၉)သီးခြားဆောင်ရွက်ပေးရန် စွဲဆိုမှု

(၁၀)တားမြစ်ပေးရန်တောင်းဆိုမှု

(၁၁)အိမ်ငှါးဖယ်ရှားစေလိုမှု

(၁၂)လျော်ကြေးတောင်းဆိုသည့်အမှုများ

(၁၃)လင်မယားကွာရှင်းသည့်အမှုများ အစသဖြင့်...

များစွာရှိပါသည်။ အခုကျွန်တော်ရေးထားသည့် အချက်များမှာ ယေဘုယျ ခန့်သာဖြစ်ပါသည်။ တရားမမှုသည် ပြစ်မှု နှင့်မတူပါ အင်မတန် သိမ့်မွေ့နက်နဲပြီး ကိုင်တွယ်ရခက်ခဲပါသည်။

ထို့ကြောင့်တရားမမှု နှင့်ရင်ဆိုင်ရသည့်အခါတွင် ပညာရှင်အဆင့်ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ကိုင်စေချင်ပါသည်။

ကိုးကား.. ဦးမြင့်လွင်

Civil Procedure Code (1980)

 

 

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate