ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူး
ရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်
စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိချက်တွေကို ဥပဒေအရာရှိ (Law Officer) က စစ်ဆေးပါတယ်
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ပြီး ဥပဒေအရာရှိက သက်ဆိုင်ရာ ပုဒ်မ နဲ့ တရားရုံးကို တရားစွဲတင်ပါတယ်
တရားရုံးရောက်တဲ့ အချိန်မှာ တရားလိုပြ သက်သေတွေကို စစ်ဆေးပြီး (သို့) စစ်ဆေးနေချိန်မှာ သက်သေစစ်ဆေးတွေ့ရှိချက် နှင့် သက်သေခံ ပစ္စည်း အပေါ်မူတည်ပြီး တရားသူကြီး က စွပ်စွဲခံရသူ(တရားခံ) အပေါ်မှာ သက်ဆိုင်ရာ ပုဒ်မ နဲ့ စွဲချက်တင်ပါတယ်
စွပ်စွဲခံရသူ (တရားခံ) ဟာ စွဲချက်အတင်ခံရအပြီးမှာ စွဲချက်တင် ခံရတဲ့ ပုဒ်မ အပေါ်မှာ စတင် ဖြေရှင်းရပါတယ်
စွပ်စွဲခံရသူ (တရားခံ)ဟာ သက်သေခံ အထောက်အထား အပြည့်စုံ နဲ့ ပြန်လည်မဖြေရှင်း မချေပနိုင်ရင် တရားသူကြီး စွဲချက်တင်တဲ့ ပုဒ်မ နဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်
ဒါကြောင့် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က ပြစ်ဒဏ်ချမှတ်ဖို့ အတွက် အတည် မဟုတ်ကြောင်းပါ
Maxymus
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး
ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...