အတိုး ၊ အရင်း မပေးနိုင် သေးလို့ ငွေရှင်က တရားစွဲမည် ဆိုလျှင် ဘယ်ပုဒ်မနှင့် စွဲနိုင်သလဲ /

15-Aug-21 အခြား
အတိုး ၊ အရင်း မပေးနိုင် သေးလို့ ငွေရှင်က တရားစွဲမည် ဆိုလျှင် ဘယ်ပုဒ်မနှင့် စွဲနိုင်သလဲ /

မေးခွန်း  - ကျွန်တော် ငွေချေး ထားတာ ရှိပါတယ် ။ 

အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ ရပါတယ် အခု

အတိုးရော အရင်းပါ မပေး နိုင်သေးပါ ငွေရှင်က 

တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။ 

စွဲရင် ဘယ်လို ဖြစ်နိုင် ပါသလဲ ။ ဘာတွေ ကြိုတင် 

ပြင်ဆင် ထားသင့် သလဲ ။

 

အဖြေ  - ကိုယ်က ငွေပေးရန် ရှိတဲ့သူဆိုရင် ငွေပေးဆပ် 

နိုင်အောင် ကြိုးစားဖို့က ပထမပါဘဲ ။ အတိုးကို မဆပ်

နိုင်လို့  အရင်းကို ဘယ်လို ဆပ်ပါရစေ ၊ ကိုယ်ဘယ်လို 

ပြန်ဆပ် နိုင်တယ် ဆိုတာကို ငွေရှင်အား ရှင်းပြ ပြောဆိုပါ။ 

ကိုယ်တတ် နိုင်တာကို ကိုယ်ပေးနိုင်တာကို ရိုးသား 

ပွင့်လင်းစွာ ညှိနှိုင်းပါ ။ ထိုသို့ ပြောဆို သည့်အခါ တစ်ဖက် 

ငွေရှင်ဖြစ်သူက လက်မခံ နိုင်ကြောင်း ပိုက်ဆံကို ချက်ခြင်း 

အကုန်ပြန်ရချင် ကြောင်းပြော ဆိုပြီး မိမိ၏ ညှိနှိုင်းချက်ကို 

လက်မခံလျှင် မိမိတတ် နိုင်သည့် ကိစ္စမရှိတော့ဟု ဆိုရမည် 

ဖြစ်ပါသည် ။ မိမိသည် သူတစ်ပါး၏ ငွေကို ရယူထားပြီး 

ဖြစ်၍ တတ်နိုင်သည် မတတ်နိုင်သည် ဆိုသည်မှာ အကြောင်း

ပြချက် တစ်ရပ်သာ  ဖြစ်နေမည်မှာ မငြင်းနိုင်သည့် ကိစ္စ 

တစ်ရပ် ဖြစ်ပါသည် ။ ထိုအခါ ငွေရှင်၏ အခန်းကဏ္ဍ 

ပေါ်ပေါက် လာပါသည် ။ ငွေရှင်က အဆိုပါ ပျက်ကွက်မှု 

အတွက် မည်သို့ ဆောင်ရွက်မည် ၊ မည်သည့် ပုဒ်မဖြင့် 

စွဲဆိုမည်မှာ ၎င်း၏ သဘောဆန္ဒ သာလျှင် ဖြစ်ပါသည် ။ 

 

၎င်း၏ စိတ်ဆန္ဒကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပါ ။

 နည်းလမ်း ( ၃ ) သွယ် ဖြစ်နိုင် ပါသည် ။ 

( ၁ ) ရာဇဝတ်မှုဖြင့် စွဲဆိုခြင်း

( ၂ ) တရားမမှုဖြင့် စွဲဆို၍ ငွေတောင်းခြင်း

( ၃ ) ရာဇဝတ်မှု ကြောင်း နှင့် တရားမကြောင်းအရ စွဲဆိုခြင်း 

တို့ဖြစ် ပါသည် ။ မည်သည့် နည်းလမ်းဖြင့် စွဲဆိုမည် ဆိုသည်

မှာ ငွေရှင်၏ ကိစ္စသာ ဖြစ်ပါသည် ၊ မိမိတတ် နိုင်သည့် ကိစ္စ

မဟုတ်ပါ ။ ဘာပြင်ဆင် ထားရမလဲဟု မေးသူများ ရှိပါသည် ။ 

ငွေသာ ကြိုပြင်ဆင် ထားပါ တတ်နိုင် သရွှေ့ ဆပ်နိုင်ဖို့ စုဆောင်း

ထားပါ ။ တစ်ဖက် လူက ငွေမရ၍ စွဲခြင်း ဖြစ်ပါသည် ။ အချို့ 

ငွေချေး ထားသူများ လွယ်လွယ်ပြော ကြပါသည် ။ မပြေလည် 

သေးသဖြင့် ပြေလည်လျှင် ပေးပါမည် ဟူ၍ ဖြစ်ပါသည် ။ 

ထိုစကားသည် လူတိုင်း အလွယ်တစ်ကူ ပြောတတ်သော စကား

မျိုးပင် ဖြစ်ပါသည် ။ အမှန်တစ်ကယ် ဖြစ်သင့်သည်မှာ အခု မိမိ 

တတ်နိုင်သမျှ ငွေပမာဏ တစ်ခုကို ပေးအပ်၍ ကျန်ငွေကို 

ဘယ်လို ဆပ်မည် ဖြစ်ကြောင်း လက်တွေ့ပြ၍ ယုံကြည်မှုရယူ 

သင့်ပါသည် ။ 

 

တောင်းပန် ညှိနှိုင်း မရသည့် အဆုံးတွင် ငွေရှင်က မည်သည့် 

နည်းလမ်းဖြင့် စွဲဆိုသည် ဖြစ်စေ ၊ မိမိက လိုက်၍ ဖြေရှင်း ရမည် 

ဖြစ်ပါသည် ။ ငွေရှင်က ရာဇဝတ် ကြောင်းဖြင့် စွဲသည် ဆိုစေကာမှု 

မိမိက သက်သေ အထောက်အထား အပြည့်အစုံဖြင့် ထုချေ 

ဖြေရှင်း နိုင်လျှင် ရာဇဝတ်မှုမှ လွတ် နိုင်ပါသည် ။ ထိုသို့ မဟုတ်ဘဲ 

လိမ်လည်သည့် သဘော ၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့် 

သဘော ပေါ်လွင်နေလျှင် ထိုက်သင့် သော ပြစ်ဒဏ် တစ်ခုခံ 

ရမည်ဖြစ်ပါသည် ။ တရားမကြောင်း အရစွဲခံရလျှင် နောက်ဆုံးတွင် 

မိမိရယူ ထားသည့် ငွေကို ပြန်ပေး ရမည်သာ ဖြစ်ပါသည် ။ 

သူတစ်ပါး၏ ငွေကို အလကား လိုချင်၍ ယူကောင်းလျှင် မကောင်းပါ 

နောင်သံသရာ တွင်ပင် ပေးဆပ်ရ တတ်ပါသည် ။ ရိုးသားစွာ 

ပြောဆိုပြီး ကြိုးစားကာ ပေးဆပ်လျှင် ငွေရှင်များ အနေဖြင့် လက်ခံ

ကြမည် သာဖြစ်၍ သူများ၏ ငွေကို ရယူထားလျှင် ရိုးသား ကြိုးစားစွာ 

ပြန်လည် ပေးဆပ်နိုင်ရန် ကြိုးစားပါ ။ ( မှတ်ချက် -မတရား အမြတ်

ကြီးစား တောင်းခံနေသည့် အတိုးငွေ များကိုတော့ ရဲဝင့်စွာငြင်း 

ပယ်လိုက်ပါ အရင်းငွေ ကိုတော့ ရိုးသားစွာ ပြန်ဆပ်ပါ ။)

 

ဥပဒေ အကျိုးဆောင် LL.B group မှကူးယူ ဖော်ပြပါသည် ။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate