၅၀၅(ခ)ဆိုတာ ဘာလဲ

(Statements conducing to public mischief) ကို ‘အများ ပြည်သူ၏ အကျိုးပျက်စီးစေသော ဖော်ပြချက်’ ဟူ၍ ရာဇသတ်ကြီး တွင် ပြန်ဆိုထားပါသည်။ ရာဇ သတ်ကြီး ပုဒ်မ၅၀၅(ခ)၏ပြဋ္ဌာန်း ချက်တွင် ဤသို့တွေ့ရပါသည်။
မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကိုဖြစ် စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင်
နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ် ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင်
ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည်။
(ကင်းလွတ်ချက်) တစ်ဦး တစ်ယောက်သောသူသည် ဖော် ပြချက်ကိုဖြစ်စေ၊ ကောလာဟလ ကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြု ရာတွင် သို့တည်းမဟုတ် ထုတ် ပြန်ကြေညာရာတွင်၊ သို့တည်း မဟုတ် ဖြန့်ချိရာတွင် ထိုဖော်ပြ ချက်သော်လည်းကောင်း၊ ထို ကောလာဟလသော်လည်း ကောင်း၊ ထိုသတင်းသော်လည်း ကောင်း မှန်ကန်သည်ဟုယုံကြည် ရန် အကြောင်းရှိသည့်အပြင် အထက်ကဆိုခဲ့သော အကြံမရှိ ဘဲ ပြုလျှင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင်၊ သို့တည်း မဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ဖြစ်မှုမမြောက်။
ဥပဒေစကားရပ်များ၏ အဓိပ္ပာယ်သက်ရောက်မှုကို တိ ကျစေရန်ရေးသားခြင်းဖြစ်သဖြင့် ‘ဖြစ်စေ၊သော်လည်းကောင်း၊ သို့ တည်းမဟုတ်’စသည်တို့ ပါရှိလေ ရာ တရားဥပဒေနယ်ပယ်နှင့်မနီး စပ်သူများအဖို့ရာ ယင်းအသုံးအ နှုန်းများသည် စိတ်ရှုပ်စရာရှိနိုင် ပါသည်။ ဆရာကြီးဦးသက်ဖေ (ဘီအေ၊ ဘီအယ်လ်)က ရာဇ သတ်ကြီးပုဒ်မ ၅၀၅(ခ)၏ ‘ပြစ် မှုအင်္ဂါရပ်’များကို ဤသို့အကျဉ်း ချုံး၍ ရှင်းလင်းဖော်ပြထားပါ သည်။
(၁) တရားခံသည် ဖော်ပြချက်၊ ကောလာဟလ၊ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ကြေ ညာခြင်း
(၂) အစိုးရကိုဖြစ်စေ၊ ငြိမ်ဝပ်ပိ ပြားမှုကိုဖြစ်စေ ထိခိုက်သည့်ပြစ် မှုကို ကျူးလွန်လာချင်အောင် ပြည်သူကိုသော်လည်းကောင်း၊ ပြည်သူ၏သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံနှင့်ပြုခြင်း
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ ပြစ်မှုကို တရားစွဲဆို ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆရာကြီးဦးသက်ဖေက ဤသို့ ဖော်ပြထားပါသေးသည်။
-ရဲအရေးမပိုင် (ရဲစခန်း၌ တိုင်ချက်လက်ခံရေးဖွင့်ခွင့်မရှိ၊ တရားရုုံးသို့သာ ဦးတိုက်လျှောက် ထားရမည်ဟုဆိုလိုသည်)
-ကနဦးကပင် ဝရမ်းထုတ် ပေးနိုင်သည် (ရာဇဝတ်ကျင့်ထုံး နောက်ဆက်တွဲဇယား-၂ ဖော် ပြချက်အရဖြစ်သည်။ တရားသူ ကြီးက ခံဝန်ဝရမ်းဖြင့်ဖြစ်စေ၊ ခံ ဝန်မဲ့ဝရမ်းဖြင့်ဖြစ်စေ၊ သမ္မန်စာ ထုတ်ဆင့်၍ဖြစ်စေ တရားခံကို ဆင့်ဆိုနိုင်သည်)။
-ကျေအေးခွင့်မရှိ (အမှုပြေ ငြိမ်းလိုပါက ရုပ်သိမ်းခြင်းပြုနိုင်ပါ သည်)
-မြို့နယ်တရားရုံးများစီရင် ပိုင်ခွင့်ရှိသည် (ဒါကတော့ ရှင်းပါ သည်)
-ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၆ အရ အစိုးရကသာ တရားစွဲဆိုရမည် (အစိုးရမဟုတ် သူတစ်ဦးတစ်ယောက်၏ စွဲဆို တိုင်တန်းမှုကို တရားရုံးကလက်ခံ ဆောင်ရွက်ခြင်းမပြုနိုင်ပါ။ ကျင့် ထုံးဆိုင်ရာဤပြဋ္ဌာန်းချက်မှာ အ ရေးကြီးသဖြင့် တရားရုံးများက မလွဲမသွေလိုက်နာရပါသည်)
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရစွဲဆိုမှုသည် အစိုးရက တရားလိုဖြစ်ပြီး ပြည်သူ၊ သို့မ ဟုတ် စာနယ်ဇင်းမီဒီယာများက စွပ်စွဲခံရသူဖြစ်လေ့ရှိပါသည်။
ဤအမှုမျိုးတွင် ‘အစိုးရ’က သာလျှင် တရားလိုပြုရမည်ဖြစ်သ ဖြင့် တရားရုံးသို့ဦးတိုက်လျှောက် ထားစွဲဆိုခြင်းမပြုမီသက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့် ဥပဒေအ ရာရှိ (ရှေ့နေချုပ်/ဥပဒေချုပ်)ထံ ဥပဒေအကြံဉာဏ်တောင်းခံလေ့ ရှိပါသည်။
ပြုလုပ်သူ (ကောလာဟလ၊ သတင်း၊ ကြေညာချက်ပြုသူ)၏ ဟောပြောချက်၊ သို့မဟုတ် ရေး သားဖော်ပြချက်သည် အစိုးရကို ဖြစ်စေ၊ ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကိုကျူးလွန် ချင်လာအောင် ပြည်သူကိုသော် လည်းကောင်း၊ ပြည်သူ၏သီးခြား လူစုကိုသော်လည်းကောင်း (ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံနှင့် ပြု ခြင်းဟုတ်၊ မဟုတ်) အစိုးရရှေ့ နေက အထောက်အထား၊ စာ မှတ်စာတမ်းများကို စိစစ်ပြီးမှ တရားစွဲဆိုရန်သင့်၊ မသင့် အကြံ ဉာဏ်ပေးရပါသည်။
ယင်းပုဒ်မ၏ ‘ကင်းလွတ် ချက်’သည် အတော်အရေးကြီးပါ သည်။
ပြုလုပ်သူ၏ ဖော်ပြချက် သည်အထက်ပါပြစ်မှုအင်္ဂါရပ် တွင်အကျုံးဝင်သည်ဟု ထင်မြင် ယူဆဖွယ်ရာရှိစေကာမူလည်း (သတင်း၊ ကောလာဟလ၊ သို့မ ဟုတ် ထုတ်ပြန်ကြေညာချက်) ကို ‘မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်း ရှိသည့်အပြင် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းဖြစ် စေရန် အကြံမရှိဘဲပြုလုပ် ကြောင်း ပေါ်လွင်ပါက ပြစ်မှုမ မြောက်’ ဟူသည့်အချက်ကို အဓိ ကအားဖြင့် အလေးထား၊ စဉ်းစား ရမည်ဖြစ်ပါသည်။
ဆရာကြီးဦးသက်ဖေက ‘ဤ ပုဒ်မ၏ ကင်းလွတ်ချက်မှာ လွတ် လပ်စွာဟောပြော(ရေးသား)ပိုင် ခွင့်ကို အာမခံချက်ပေးထားခြင်း ဖြစ်သည်’ ဟု မှတ်ချက်ပြုခဲ့ ကြောင်း တွေ့ရပါသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် လည်း ‘ပြည်သူတု့ိအကျိုးငှာ ပြဋ္ဌာန်းသည့်ဥပဒေများနှင့် မဆန့် ကျင်လျှင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်’ ကိုအာမခံချက်ပေးထားကြောင်း တွေ့မြင်နိုင်ပါသည်။
ဟောပြောချက် (သို့မဟုတ်) ရေးသားဖော်ပြချက်တစ်ခုခုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၏ ပြစ်မှုအင်္ဂါရပ်တွင် အကျုံးဝင်ခြင်း ရှိ၊ မရှိစိစစ်ရသည့်ကိစ္စမှာအလွန် အမင်းခဲယဉ်းလှသည်မဟုတ်ပါ။ အလွန်အမင်းရှုပ်ထွေးလှသည် မဟုတ်ပါ။
တရားရုံးက အမှုလက်ခံရေး ဖွင့်ခြင်း၊ အရေးယူဆောင်ရွက် ခြင်းကိစ္စကို ပြောပါမည်။
တရားရုံးသည် စာဖြင့်တိုင် တန်းချက်ကို ရရှိသည့်အခါတိုင် တန်းသူကို ကျမ်းသစ္စာဖြင့်ချက် ချင်းစစ်ဆေးရပါသည်။ ပြည်သူ့ ဝန်ထမ်း၏ တာဝန်အရတိုင်တန်း ချက်ကိုမူ စစ်ဆေးရန်မလိုပါ။ တိုင်တန်းချက်အရ၊ သို့မဟုတ် ထပ်မံစုံစမ်းစစ်ဆေးချက်(ရှိခဲ့ပါ က) ယင်းအချက်များအရ ‘အမှု ကိုဆက်လက်စစ်ဆေးရန်လုံ လောက်သည့် အခြေအမြစ်ရှိ၊ မရှိ’ စဉ်းစားဆင်ခြင်ရပါသည်။
လုံလောက်သည့်အခြေအ မြစ်မရှိဟုထင်မြင်လျှင် ထိုအဆင့် တွင်ပင် ကျင့်ထုံးပုဒ်မ ၂၀၃ အရ အမှုပလပ်နိုင်ပါသည်။ လုံ လောက်သည့် အခြေအမြစ်ရှိ သည်ဟု ထင်မြင်ပါက စွပ်စွဲခံရသူ ကို ဝရမ်းစာ(သို့မဟုတ်)သမ္မန် စာထုတ်ဆင့်ခေါ်နိုင်ပါသည်။
ဤအမှုမျိုးတွင် အစိုးရသည် တရားလိုဖြစ်သဖြင့် သာမန်ထက် ပို၍ အလေးဂရုပြုကြလိမ့်မည်မှာ ယုံမှားဖွယ်မရှိပါ။
အစိုးရသည် တရားလိုဖြစ် ပြီး ပြည်သူလူထု (သို့မဟုတ်) စာ နယ်ဇင်းမီဒီယာတစ်ခုခုသည် စွပ် စွဲခံရသူ(တရားခံ)ဖြစ်တတ်ရာ တရားရုံးသည် ‘ဥပဒေအရ တရား မျှတမှုရှိစေရန်’ အထူးအလေး ထား စိစစ်ရပါသည်။ အစိုးရများ က တရားရုံးများကိုဖွဲ့စည်းထားရ ခြင်းမှာ ၎င်းတို့သည် ဥပဒေနှင့် အညီ တရားမျှတစွာဆောင်ရွက် ကြောင်းကို ပြည်သူလူထုအား ပြသဖို့ဖြစ်ပါသည်။ ပြည်သူလူထု ၏ ယုံကြည်မှုရယူဖို့ဖြစ်ပါသည်။ ဥပဒေသဘောအရ ရာဇဝတ်မှု များ၏ တရားလိုမှာ အစိုးရပင်ဖြစ် ရာ အစိုးရက ‘တရားလို’ပြုလုပ် တိုင်းအစိုးရကို အနိုင်ပေးဖို့မဟုတ် ပါ။ ဥပဒေနဲ့အညီပဲဖြစ်ရပါမည်။ ဥပဒေနှင့်အညီပဲ ဖြစ်သင့်ပါ သည်။ ရာဇဝတ်မှုကြီးများတွင် တရားရှင်လွှတ်ခြင်း၊ တရားသေ လွှတ်ခြင်းတို့ရှိပါသည်။ ယင်းမှာ အစိုးရကိုအရှုံးပေးလိုက်သည့်အ မိန့်များဖြစ်ပါသည်။
အစိုးရရှေ့နေ၊ တရားသူ ကြီး စသူတို့မှာ ဥပဒေပညာရှင် များဖြစ်ပါသည်။ အစိုးရများသည် ဥပဒေပညာတတ်ကျွမ်းသူများ ဖြစ်ကောင်းမှဖြစ်ပါမည်။ ပညာ ရှင်က ပညာရှင်၏ကျင့်ဝတ် သိက္ခာစောင့်ထိန်း၍ တွေ့ရှိချက် အမှန်ကို ရဲရဲဝံ့ဝံ့တင်ပြမှသာ အစိုးရများက မှန်ကန်သည့်ဆုံး ဖြတ်ချက်ကို ချမှတ်နိုင်ပါလိမ့် မည်။ အမှန်တင်ပြခြင်း၊ အကြံပြု ခြင်းသည် အစိုးရအပေါ်ပြည်သူ လူထု၏ယုံကြည်ကိုးစားမှုခိုင်မြဲ ဖို့ရာ အထောက်အပံ့ဖြစ်နိုင်ပါ သည်။ မှားမှားမှန်မှန်‘ဗောင်းတော် ညိတ်၊ စိတ်တော်သိ’ လုပ်မည်ဆို ပါက ကူညီရာမရောက်နိုင်ပါ။ တစ်ခါတစ်ရံချောက်တွန်းရာပင် ရောက်ကောင်းရောက်နိုင်ပါ သည်။
မနေ့တစ်နေ့က သမိုင်းမှာ သင်ခန်းစာယူဖို့ရာ ဖြစ်ပါသည်။
(ဆောင်းပါးရှင် ပြေလွင်မြင့်သည် တရားဥပဒေရေးရာဆောင်းပါးများရေးသားနေသူဖြစ်သည်)
Credit-OriginalUploder
Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...